HUAWEIAppGallery ရှိ အက်ပ်ကို ဒေါင်းလုဒ်မလုပ်နိုင်ပါက ကျွန်ုပ် ဘာလုပ်သင့်သလဲ။

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
HUAWEIAppGallery ရှိ အက်ပ်ကို ဒေါင်းလုဒ်မလုပ်နိုင်ပါက ကျွန်ုပ် ဘာလုပ်သင့်သလဲ။

အက်ပ်ကို မသွင်းနိုင်ပါက HUAWEIAppGallery တွင် အက်ပ်ကို သွင်း၍မရပါက ကျွန်ုပ်ဘာလုပ်သင့်သလဲ။ ကို ကိုးကားဖတ်ရှုပါ။

  1. သင့်ဖုန်းတွင် ပုံမှန် အင်တာနက် ချိတ်ဆက်မှု ရှိ၊ မရှိ စစ်ဆေးပါ။ အကောင်းဆုံး မြှင့်တင်ရေး > ဒေတာ သုံးစွဲမှု > ကွန်ရက် ဝင်ရောက် သုံးစွဲခွင့် သို့ သွား၍ HUAWEI AppGallery ၏ ဘေးရှိ မိုဘိုင်းဒေတာ ရွေးချယ်မှုကို ရွေးချယ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ (Wi-Fi ရွေးချယ်မှုကို ပုံသေ ရွေးချယ်ထားသည်)။ ကွန်ရက် ချိတ်ဆက်မှုသည် ပုံမှန်ဖြစ်သော်လည်း အက်ပ်ကို ဒေါင်းလုဒ်လုပ်၍ မရဆဲဖြစ်ပါက သင့်ဘရောက်ဇာကို ဖွင့်ပြီး Wi-Fi နှင့် မိုဘိုင်းဒေတာ ကွန်ရက်ကို သုံး၍ ဝက်ဘ်ဆိုက်များကို လေ့လာကြည့်ရှုနိုင်ခြင်း ရှိ၊ မရှိ ကြည့်ပါ။ မရှိပါက အခြားကွန်ရက်သို့ ပြောင်းပြီး ထပ်မံကြိုးစားပါ။
  2. ဆက်တင် > သိုလှောင်မှု > ရှင်းလင်းရေး ရှိ မမ်မိုရီ လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးပါ။ ယေဘုယျအားဖြင့် သင့်ဖုန်းသည် ပက်ကေ့ချ်ကို သွင်းနိုင်ရန် ထည့်သွင်းမှု ပက်ကေ့ခ်ျတစ်ခု၏ အရွယ်အစားထက် သုံးဆနှင့် အထက်ပိုများသော မမ်မိုရီ နေရာ ရှိရန်လိုသည်။
  3. သင့်ဖုန်းသည် HUAWEI AppGallery ၏ နောက်ဆုံးဗားရှင်းဖြင့် လုပ်ဆောင်နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ မရှိပါက ၎င်းကို အပ်ဒိတ်လုပ်ပြီး ထပ်မံကြိုးစားပါ။ အပ်ဒိတ်များ စစ်ဆေးရန် သို့မဟုတ် HUAWEI AppGallery ကို အပ်ဒိတ်လုပ်ရန် AppGallery > ကျွနု်ပ် > အပ်ဒိတ်များအတွက် စစ်ဆေးမှု သို့ သွားပါ။
  4. ယာယီ သိမ်းထားသည့် ဒေတာကို ရှင်းပစ်ပါ။ သင့်ဖုန်းတွင် သိုလှောင်မှု သို့ သွားပါ၊ HUAWEI AppGallery ၏ ယာယီ သိမ်းထားသည့် ဒေတာကိုရှင်းလင်း၍ ထပ်မံ ကြိုးစားပါ။ ထိုသို့လုပ်ဆောင်ရန် ဖော်ပြပါအတိုင်း သွားပါ-

    ဆက်တင် > အက်ပ်များ/အက်ပ်နှင့် အသိပေးချက်များ > အက်ပ်များ > AppGallery > သိုလှောင်မှု > သိမ်းထားသည်များကို ရှင်းပစ်မည်

  5. HUAWEI AppGallery အတွက် အပ်ဒိတ်များကို ဖျက်ပစ်ပါ။ အပ်ဒိတ်များကို ဖျက်ပစ်မည် ရွေးချယ်မှုကို ရှာပါ၊ HUAWEI AppGallery ကို ၎င်း၏ စက်ရုံထုတ် ဗားရှင်းအတိုင်း ပြန်လည်သိုလှောင်ရန် အပ်ဒိတ်များကို ဖျက်ပစ်ပြီးနောက် စက်ရုံထုတ် ဗားရှင်းတွင် အဆိုပါ အက်ပ်ကို ဒေါင်းလုဒ်လုပ်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ဒေါင်းလုဒ်လုပ်နိုင်ပါက AppGallery > ကျွနု်ပ် > အပ်ဒိတ်များအတွက် စစ်ဆေးမှု သို့ သွား၍ HUAWEI AppGallery ကို နောက်ဆုံးဗားရှင်းသို့ ထပ်မံ အပ်ဒိတ်လုပ်ပါ။ (HUAWEI AppGallery ကို စက်ရုံထုတ် ဗားရှင်းအတိုင်း ပြန်လည်သိုလှောင်ရန် အပ်ဒိတ်များကို ဖျက်ပစ်ရသည့် အကြောင်းရင်းမှာ နောက်ဆုံးထွက် ဗားရှင်း မူမမှန်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်။) အပ်ဒိတ်များကို ဖျက်ပစ်ရန် ဖော်ပြပါအတိုင်း သွားပါ-

    ဆက်တင် > အက်ပ်များ/အက်ပ်နှင့် အသိပေးချက်များ > အက်ပ်များ > AppGallery > အပ်ဒိတ်များကို ဖျက်ပစ်မည်

  6. နည်းလမ်း 1 မှ 5 အထိ အားလုံး မအောင်မြင်ပါက သင့်ဒေသအတွင်းရှိ Huawei သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပါ သို့မဟုတ် ကျွနု်ပ် > ပြဿနာများနှင့် အကြံပြုချက်များ သို့ သွား၍ အကူအညီရယူရန်အတွက် အောက်ပါ အချက်အလက်များကို ပံ့ပိုးပေးပါ-
    • HUAWEI ID
    • HUAWEI AppGallery ဗားရှင်း
    • ကွန်ရက် အခြေအနေ (မိုဘိုင်းဒေတာ သို့မဟုတ် Wi-Fi)
    • အမှတ်စဉ်နံပါတ်/SN (စစ်ဆေးရန် *#06# ကို ဖုန်းခေါ်ဆိုနိုင်သည်)
    • ပြဿနာ ဖြစ်ပွားချိန်
    • ပြဿနာ အကြောင်းအရာ
    • ဆက်သွယ်ရန် အချက်အလက်
    • HUAWEI AppGallery Client မှတ်တမ်း (သင်သည် ကျွနု်ပ် > ပြဿနာများနှင့် အကြံပြုချက်များ သို့ သွား၍ ချို့ယွင်းချက် ရှာဖွေနိုင်စေရန် စနစ်မှတ်တမ်းများကို မျှဝေပါဘေးရှိ အကွက်ကို အမှန်ခြစ်ပြီး သင့်အကြောင်းအရာကို ရိုက်ထည့်ကာ မှတ်တမ်းကို အပ်လုဒ်လုပ်ရန် ပေးပို့မည်ကို နှိပ်နိုင်သည်။)

    HUAWEI AppGallery ၏ မှတ်တမ်းများကို အပ်လုဒ်လုပ်နည်းအကြောင်း အသေးစိတ် သိရှိရန် HUAWEI AppGallery တွင် မှတ်တမ်းများကို ဘယ်လိုအပ်လုဒ်လုပ်မလဲ။ ကို ကိုးကားဖတ်ရှုပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်