HUAWEIAppGallery ရှိ အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် လုပ်ဆောင်ချက်သည် မှန်ကန်စွာ အလုပ်မလုပ်ပါက ကျွန်ုပ်ဘာလုပ်သင့်လဲ။
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
| HUAWEIAppGallery ရှိ အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် လုပ်ဆောင်ချက်သည် မှန်ကန်စွာ အလုပ်မလုပ်ပါက ကျွန်ုပ်ဘာလုပ်သင့်လဲ။ |
သင့်ဖုန်းကို Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ထားချိန်၊ CPU အသုံးပြုမှုသည် 80% အောက် နည်းချိန်နှင့် ဘက်ထရီပမာဏ 30% ထက် များချိန်တွင်သာ အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် လုပ်ဆောင်ချက်ကို ဖွင့်ပါမည်။
ပြဿနာ ဖြေရှင်းရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ-
- သို့ သွားပြီးနောက် ပိတ် ကို ရွေးချယ်ထားခြင်း ရှိ၊ မရှိ ကြည့်ပါ။ ရွေးချယ်ထားပါက ၎င်းအစား ဖွင့် သို့မဟုတ် Wi-Fi သာ ကို ရွေးချယ်ပါ။

- သို့ သွား၍ အပ်ဒိတ်များ ပြုလုပ်နိုင်သော အက်ပ်များ (ကိုယ်တိုင်အပ်ဒိတ်လုပ်ရန် လိုအပ်သော အက်ပ်များမှလွဲ၍) ရှိ၊ မရှိ စစ်ဆေးပါ။ သင်သည် မည်သည့်အက်ပ်ကိုမျှ ရှာမတွေ့ပါက အက်ပ်အားလုံး အပ်ဒိတ်ဖြစ်နေသည်ဟု ဆိုလိုသည်။ ရှိ အက်ပ်အပ်ဒိတ်များကို အခါအားလျော်စွာ စစ်ဆေး၍ အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် လုပ်ဆောင်ချက် မှန်ကန်စွာ ထပ်မံ အလုပ်လုပ်နိုင်ခြင်း ရှိ၊ မရှိ သုံးကြည့်ပါ။
- နောက်ခံရှိ လုပ်ဆောင်နေဆဲ အက်ပ်များကို ပိတ်ပါ။ ထို့နောက် HUAWEIAppGallery ကို ဖွင့်ပါ၊ အားသွင်း ကိရိယာကို ပလတ်တပ်ပါ၊ Wi-Fi ကွန်ရက်နှင့် ပြန်လည်ချိတ်ဆက်၍ ထပ်မံ ကြိုးစားပါ။ ဤအချိန်အတွင်း အခြားအက်ပ်များကို ကိုယ်တိုင် ဒေါင်းလုဒ်မလုပ်ပါနှင့် သို့မဟုတ် မသွင်းပါနှင့်။
- 1 မိနစ် 2 မိနစ်ကြာ စောင့်ပါ။ ပြဿနာဆက်ရှိနေပါက HUAWEIAppGallery ၏ ဒေတာနှင့် ယာယီ သိမ်းထားသည့် ဒေတာကို ရှင်းလင်း၍ ပြဿနာပြေလည်သွားခြင်း ရှိ၊ မရှိ ကြည့်ပါ။ ယာယီ သိမ်းထားသည့် ဒေတာနှင့် ဒေတာကို ရှင်းပစ်ရန် ဖော်ပြပါအတိုင်း သွားပါ-
/အက်ပ်နှင့် အသိပေးချက်များ > /
- အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် လုပ်ဆောင်ချက်ကို အသုံးပြု၍မရဆဲဖြစ်ပါက သင့်ဒေသရှိ Huawei သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပါ သို့မဟုတ် သို့ သွား၍ အကူအညီရယူရန်အတွက် အောက်ပါ အချက်အလက်တို့ကို ပေးပါ-
- HUAWEI ID
- အမှတ်စဉ်နံပါတ်/SN (စစ်ဆေးရန် *#06# ကို ဖုန်းခေါ်ဆိုနိုင်သည်)
- ပြဿနာ ဖြစ်ပွားချိန်
- ပြဿနာ အကြောင်းအရာ
- ဆက်သွယ်ရန် အချက်အလက်
- HUAWEIAppGallery Client မှတ်တမ်း (သင်သည် သို့ သွား၍ ချို့ယွင်းချက် ရှာဖွေနိုင်စေရန် စနစ်မှတ်တမ်းများကို မျှဝေပါ ဘေးရှိ အကွက်ကို အမှန်ခြစ်ပြီး အချက်အလက်ကို ရိုက်ထည့်ကာ မှတ်တမ်းကို အပ်လုဒ်လုပ်ရန် ပေးပို့မည်ကို နှိပ်နိုင်သည်။)
HUAWEIAppGallery ကို သင့်ဖုန်းတွင် ကြိုတင်မသွင်းထားပါက သို့မဟုတ် သင့်ဖုန်းကို root ဖောက်ခြင်း (ခွင့်ပြုမထားသော ROM ပရိုဂရမ်ပြန်ရေးခြင်း) ပြုလုပ်ထားပါက HUAWEIAppGallery ရှိ အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် လုပ်ဆောင်ချက်ကို ရရှိနိုင်မည်မဟုတ်၍ ဆက်တင်ထဲတွင် အက်ပ်များ အော်တို အပ်ဒိတ်လုပ်ရန် ရွေးချယ်မှုကို ပြသထားမည်မဟုတ်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်