HUAWEI ဖုန်းများတွင် SIM လော့ခ်နှင့်ဆိုင်သော မေးလေ့ရှိသည့် မေးခွန်းများ
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
HUAWEI ဖုန်းများတွင် SIM လော့ခ်နှင့်ဆိုင်သော မေးလေ့ရှိသည့် မေးခွန်းများ |
ပြဿနာ-
SIM လော့ခ်ဆိုတာ ဘာလဲ။ ကျွန်ုပ်၏ဖုန်းက SIM လော့ခ်မျက်နှာပြင်ကို ဘာကြောင့် ပြသပါသလဲ။
ဖြေရှင်းနည်း-
- မိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာများက ၎င်းတို့ စာချုပ်ချုပ်ထားသော သို့မဟုတ် စိတ်ကြိုက်သတ်မှတ်ထားသော ဖုန်းများတွင် အခြားမိုဘိုင်းဆက်သွယ်ရေး ကယ်ရီယာထံမှ SIM ကတ်ကို တွဲသုံးခြင်းမပြုအောင် ကာကွယ်ရန် SIM လော့ခ်ကို အသုံးပြုပါသည်။ သင်သည် စာချုပ်ချုပ်ထားသော သို့မဟုတ် စိတ်ကြိုက်သတ်မှတ်ထားသော ဖုန်းကို သုံးပြီး အခြားမိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာထံမှ SIM ကတ်ကို ထည့်ထားလျှင် SIM လော့ခ်မျက်နှာပြင်ကို ပြသပါမည်။ ဤပြဿနာကိုဖြေရှင်းရန် သင်၏ မိုဘိုင်းဆက်သွယ်ရေး ကယ်ရီယာက သတ်မှတ်ထားသော SIM ကတ်ကို ထည့်ပါ။
ဖုန်းသည် စာချုပ်ချုပ်ထားသည့် ဖုန်း/စိတ်ကြိုက်သတ်မှတ်ထားသည့် ဖုန်း ဟုတ်၊ မဟုတ် စစ်ဆေးနည်းအကြောင်း အချက်အလက်များကို သိရှိလိုပါက စက် အခွင့်အရေးများ လုပ်ဆောင်ပုံ လမ်းညွှန်ချက်ကို ကိုးကားပါ။
သက်ဆိုင်သည့် ပြဿနာများ-
- (IMEI ဖြင့် ခွဲခြားဖော်ထုတ်ထားသည့်) မတူညီသောဖုန်းများသည် လော့ခ်ဖြေကုဒ် တစ်ခုတည်းကို သုံးသည်မှာ ပုံမှန်ဖြစ်ပါသလား။ ၎င်းသည် ဆက်စပ်နေသော အယ်လ်ဂိုရီသမ်၏ ပုံမှန်ရလဒ်ဖြစ်ပါသလား။
ဟုတ်ပါသည်၊ ပုံမှန်ဖြစ်ပါသည်။
- လော့ခ်ဖြေကုဒ် ရိုက်ထည့်ရန် ကြိုးစားခွင့် အကြိမ်ရေ ကန့်သတ်ချက် ရှိပါသလား။
ယေဘုယျအားဖြင့် အများဆုံး 10 ကြိမ် ကြိုးစားခွင့်ပြုထားသော်လည်း ထိုအရေအတွက်သည် စိတ်ကြိုက်ဗားရှင်းပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
- လော့ခ်ဖြေကုဒ် ရိုက်ထည့်ရန်အတွက် လက်ကျန် ကြိုးစားခွင့်အကြိမ်ရေကို အကြောင်းကြားသည့် သတိပေးချက်များကို ကျွန်ုပ် လက်ခံရရှိမည်လား။
ရရှိပါမည်၊ လက်ကျန် ကြိုးစားခွင့်အကြိမ်ရေကို ညွှန်ပြသော အသိပေးချက်ကို သင် လက်ခံရရှိပါမည်။
- အများဆုံး ကြိုးစားခွင့်အကြိမ်ရေသို့ ရောက်သွားပါက ဘာဖြစ်မလဲ။ ဖုန်းကို လော့ခ်ဖွင့်ရန် လော့ခ်ဖြေကုဒ် ရှိပါသလား။
သင့်ဖုန်းကို လော့ခ်ချလိုက်မည်ဖြစ်ပြီး လော့ခ်ဖြေနိုင်တော့မည် မဟုတ်ပါ။
- R&D ဝန်ထမ်းများအနေဖြင့် လော့ခ်ဖြေကုဒ်ကို တိုက်ရိုက်ပေး၍ ရနိုင်ပါသလား။
လော့ခ်ဖြေကုဒ်သည် လျှို့ဝှက်ချက်ဖြစ်ပြီး R&D ဝန်ထမ်းများတွင် ထိုကဲ့သို့သော အချက်အလက်ကို ပေးနိုင်သည့် အနေအထားမရှိပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်