ကွန်ပျူတာ နက်ဝေါ့ ချိပ်ဆက် မရနိုင်ပါက။
ကွန်ပျူတာ နက်ဝေါ့ ချိပ်ဆက် မရနိုင်ပါက။ |
ပြဿနာ
ကွန်ပြူတာကို ဝိုင်ဖိုင်ဟော့စပေါ့ဖြင့် ချိတ်၍မရခြင်း သို့မဟုတ် အင်တာနက်မရရှိခြင်း။
အကြောင်းအရင်း
၁။ Windows 10 စနစ်၏ ကျပန်းဟက်ဒ်ဝဲလ်လိပ်စာပြဿနာရှိနေခြင်း ဖြစ်ပါသည်။
၂။ ဝိုင်ဖိုင်ဟော့စပေါ့ ပြဿနာရှိနေခြင်းသည် အခြားစက်များသည်လည်း ဤဝိုင်ဖိုင်နက်ခ်ဝါ့ခ်ဖြင့် ကောင်းမွန်စွာ ချိတ်ဆက်၍မရခြင်း။
၃။ ဆော့ဖ်ဝဲလ်များ conflicts ဖြစ်ခြင်း သို့မဟုတ် ဗိုင်းရပ်ကိုက်ခြင်း ကြောင့် နက်ခ်ဝါ့ခ်စနစ်၏ အချို့သော parameters များကိုလည်း နှောင့်နှေးစေနိုင်ပါသည်။
၄။ ဤသို့ဖြစ်ပွားရခြင်းသည် Wireless နက်ခ်ဝါ့ခ် အဒက်ပ်တာဒရိုက်ဘာ ပျောက်ဆုံး၊ပျက်စီးသွားခြင်း သို့မဟုတ် တရားမဝင်သောဒရိုက်ဘာကို ထည့်သွင်းထားသောကြောင့်ဖြစ်ပါသည်။
ဖြေရှင်းချက်
ပြဿနာများကိုဖြေရှင်းရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
နည်းလမ်း ၁။ ။ ပြင်ပအက်ပ်စတိုးမှ မန်နေဂျာဆော့ဖ်ဝဲလ်ကို uninstall ပြုလုပ်ပါ ပြီးနောက် Wi-Fi random hardware address feature ကို Disable ပြုလုပ်ပါ။
၁။ Tencent Manager၊ 360 Manager နှင့် Kingsoft Antivirus ကဲ့သို့သော ပြင်ပအက်ပ်စတိုးမှ မန်နေဂျာဆော့ဖ်ဝဲလ်များကို Uninstall ပြုလုပ်ပါ။
၂။ Wi-Fi random hardware address feature ကို Disable ပြုလုပ်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
A။ ။ ရှာဖွေရေးဘားမှ “Wi-Fi” ဟုရိုက်ရှာပြီးဝင်ရောက်ပါ ပြီးနောက် Wi-Fi settings ကိုဖွင့်ပါ။
B။ ။ Random hardware address ကို Disable ပြုလုပ်ပါ။
၃။ ကွန်ပြူတာကို ပါဝါပေးထားသော အထောက်အပံ့ကို ဖြုတ်ပါ။ ပါဝါခလုတ်ကို 15 စက္ကန့်ကြာဖိပြီးနှိပ်ပါ ပြီးနောက် ကွန်ပြူတာကို ပါဝါပြန်ဖွင့်ပါ။
နည်းလမ်း ၂။ ။ ဝိုင်ဖိုင်ကောင်းမွန်စွာ အလုပ်လုပ်ခြင်းရှိမရှိကို စစ်ဆေးရန် သင့်ဖုန်း သို့မဟုတ် အခြားစက်ဖြင့် ဝိုင်ဖိုင်ကို ချိတ်ဆက်ကြည့်ပါ။
- အခြားစက်ဖြင့် ဝိုင်ဖိုင်ချိတ်ဆက်၍ ရပါက ၎င်းသည် နက်ခ်ဝါ့ခ်ပြဿနာမဟုတ်ကြောင်းကို ပြသနေပါသည်။ သင့်ကွန်ပြူတာကို restart ချပါ ပြီးနောက် ဝိုင်ဖိုင်ကို ပြန်လည်ချိတ်ဆက်ကြည့်ပြီး ဤပြဿနာကို ဖြေရှင်းနိုင်ခြင်း ရှိမရှိကို စစ်ဆေးပါ။
- အခြားစက်ဖြင့် ဝိုင်ဖိုင်ကို ချိတ်ဆက်၍ မရပါက ၎င်းသည် နက်ခ်ဝါ့ခ်ပြဿနာဖြစ်ကြောင်း ပြသနေပါသည်။ သင့် Router ကို restart ချပြီး ပြန်လည်ကြိုးစားကြည့်ပေးပါ။
နည်းလမ်း ၃။ ။ ဆော့ဖ်ဝဲလ်များ conflict ဖြစ်ခြင်း သို့မဟုတ် ကွန်ပြူတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်သည်ဆိုပါက သင့်ကွန်ပြူတာ configurations ကို reset ပြုလုပ်ပါ။ နက်ခ်ဝါ့ကို resetting မပြုလုပ်ခင် ကျေးဇူးပြု၍ နက်ခ်ဝါ့ပက်စ်ဝက်ကို သတိရအောင်ပြုလုပ်ပါ။
၁။ Taskbar ရှိ ရှာဖွေရေးဘောက်စ်တွင် cmd ဟုရိုက်၍ ဝင်ရောက်ပါ။
၂။ Command Prompt တွင် ညာဘက်ကလစ်ကိုနှိပ်ပါ ပြီးနောက် Run as administrator ကိုရွေးချယ်ပါ။
၃။ netsh winsock reset ဟုရိုက်ပြီး enter ကိုနှိပ်ပါ။
၄။ သင့်ကွန်ပြူတာကို restart ပြုလုပ်ပါ ပြီးနောက် Wi-Fi ကိုချိတ်ပါ။
နည်းလမ်း ၄။ ။ Wi-Fi ဒရိုက်ဘာသည် ကောင်းစွာအလုပ်လုပ်ခြင်း ရှိမရှိကို စစ်ဆေးပါ။
၁။ ဝင်းဒိုးအိုင်ကွန်ပေါ်တွင် ညာဘက်ကလစ်ကိုထောက်၍နှိပ်ပါ။
၂။ Device Manager ကိုနှိပ်ပါ။
၃။ Network adapters’ ကိုဖြန့်ထုတ်ပါ။
၄။ Intel® Wireless-AC XXXX ဟူ၍ ပါဝင်ခြင်း ရှိမရှိကို စစ်ဆေးပါ။
o မပါပါက သင့်ကွန်ပြူကို force shut down ပြုလုပ်ရန် ပါဝါခလုတ်ကို ၁၀ စက္ကန့်ကြာ ဖိပြီးနှိပ်ထားပါ ပြီးနောက် ၎င်းကို restart ပြုလုပ်ပါ။
o Intel® Wireless-AC XXXX မပြခင် အဝါရောင် အံ့ဩမှုသင်္ကေတလေးပြသနေပါက သင့် Wi-Fi ဒရိုက်ဘာကို အဆင့်မြှင့်တင်ပါ ပြီးနောက် သင့်ကွန်ပြူတာကို restart ချပါ။ နက်ခ်ဝါ့အဒက်ပ်တာကို အဆင့်မြှင့်တင်ရန် နည်းလမ်းနှစ်မျိုးရှိပါသည်၊ ၁. တရားဝင် ဝက်ဘ်ဆိုဒ်မှတဆင့် နက်ခ်ဝါ့အဒက်ပ်တာ၏နောက်ဆုံးဗားရှင်းကို install ပြုလုပ်ပါ။ ၂. PC Manager ကို အသုံးပြုပြီး နက်ခ်ဝါ့ခ်အဒက်ပ်တာ၏နောက်ဆုံးဗားရှင်းကို install ပြုလုပ်ပါ။
ဝိုင်ယာဖြင့်နက်ခ်ဝါ့ချိတ်ဆက်ခြင်း သို့မဟုတ် USB နက်ခ်ဝါ့ခ်မျှဝေခြင်းနည်းဖြင့် ကွန်ပြူတာကို အင်တာနက်ချိတ်ဆက်နိုင်ခြင်း ရှိမရှိကို စစ်ဆေးပါ။ ပြဿနာများကို ဖြေရှင်းရန် အောက်ပါနည်းအတိုင်း လုပ်ဆောင်ပါ။
သတိပြုရန်။ ။ AMD ပလက်ဖောင်းပေါ်တွင် run နေသော ကွန်ပြူတာများအတွက် နက်ခ်ဝါ့ခ်အဒက်ပ်တာကို "Realtek 8822CE Wireless LAN 802.11ac PCI-E NIC" ဟု ပြသနေပါလိမ့်မည်။ Huawei MateBook E 2019 အတွက် နက်ခ်ဝါ့ခ်အဒက်ပ်တာကို "Qualcomm (R)wi-fi B/G/N/AC(2X2)SVc" ဟုပြသနေပါလိမ့်မည်။
နည်းလမ်း ၅။ ။ အကယ်၍ ပြဿနာဆက်လက်ဖြစ်ပွားနေပါက သင့်ဒေတာများကို အရံသိမ်းဆည်းခြင်းပြုလုပ်ပါ၊ ကွန်ပြူတာကို ပါဝါပြန်ဖွင့်စဉ် စနစ်ကို reset ချရန် F10 ကီးကို ဆက်တိုက်နှိပ်ပါ သို့မဟုတ် F10 ကီးကို ဖိနှိပ်ထားပါ။ သို့မဟုတ် သင့်စက်နှင့် ဝယ်ယူထားသော သက်သေအထောက်အထားများကို ယူဆောင်၍ တရားဝင် Huawei သုံးစွဲသူဝန်ဆောင်မှုစင်တာသို့ အကူညီရယူရန် သွားရောက်ပါ။
Factory settings ထဲတွင် သင့်စနစ်ကို restoring ပြုလုပ်ခြင်းသည် C ဒရိုက်ထဲရှိ သင့်ဒေတာများအားလုံးကို ပျက်စီးစေနိုင်ပါသည်။ လုပ်ဆောင်ခြင်း မပြုလုပ်ခင် အရေးကြီးဒေတာများကို အရံသိမ်းဆည်းခြင်း ပြုလုပ်ပါ။