ကွန်ပြူတာ ကို အားသွင်းနေစဉ် ဘက်ထရီ Level ကျ ဆင်းသွားခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: PC
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကွန်ပြူတာ ကို အားသွင်းနေစဉ် ဘက်ထရီ Level ကျ ဆင်းသွားခြင်း

ပြဿနာ:

ကွန်ပြူတာ၏ဘက်ထရီသည် power adapter ချိတ်ဆက်နေချိန်အထိ အားမဝင်ပဲ ဆက်လက်ကျဆင်းနေသည်။

အကြောင်းအရင်း:

Power adapter တစ်ခုကိုချိတ်ဆက်လိုက်သောအခါ ကွန်ပြူတာသည်အများဆုံးဘက်ထရီအားသွင်းနှုန်းဖြင့်အားသွင်းနိုင်ပြီး အားသွင်းရမည့်အချိန်အရေအတွက်၊အားသွင်းရန်အချိန်ကိုလျှော့ချနိုင်ပြီး ဘက်ထရီသက်တမ်းကိုကြာရှည်စေသည်။ PC Manager သည် Battery protection တွင် သင်ရွေးချယ်ထားသော setting များတွင်မူတည်၍ ဘက်ထရီသုံးစွဲမှုစနစ်များကိုလျှော့ချပေးလိမ့်မည်။

Family Mode: သင်၏လက်တောပ့်ကို power adapter နှင့်အဆက်မပြတ်ချိတ်ဆက်ထားချိန်တွင် သက်ဆိုင်သည်။ ဤလုပ်ဆောင်ချက်တွင် အားသွင်းခြင်းသည် ဘက်ထရီပမာဏ ၄၀ ရာခိုင်နှုန်းထိကျဆင်းသွားသည့်အခါတွင်စတင်ပြီး ၇၀ ရာခိုင်နှုန်းရရှိသည့်အခါတွင်ရပ်သွားသည်။ ဘက်ထရီပမာဏသည် ၄၀ ရာခိုင်နှုန်းအထက်ရောက်သွားသောအခါ ဘက်ထရီသည်ဆက်လက်ကျဆင်းနေနိုင်သည်။

Office Mode: Power adapter ကိုမည်သည့်အချိန်တွင်မဆိုဖြုတ်နိုင်သည့်အချိန်တွင်သက်ဆိုင်သည်။ ဤလုပ်ဆောင်ချက်တွင် အားသွင်းခြင်းသည် ဘက်ထရီပမာဏ ၇၀ ရာခိုင်နှုန်းထိကျဆင်းသွားသည့်အခါတွင်စတင်ပြီး ၉၀ ရာခိုင်နှုန်းရရှိသည့်အခါတွင်ရပ်သွားသည်။ ဘက်ထရီပမာဏသည် ၇၀ ရာခိုင်နှုန်းအထက်ရောက်သွားသောအခါ ဘက်ထရီသည်ဆက်လက်ကျဆင်းနေနိုင်သည်။

Travel Mode: Power adapter ကိုအချိန်ကာလတစ်ခုထိကြာမြင့်စွာမရရှိနိုင်သည့်အချိန်တွင်သက်ဆိုင်သည်။ ဤလုပ်ဆောင်ချက်တွင် အားသွင်းခြင်းသည် ဘက်ထရီပမာဏ ၉၅ ရာခိုင်နှုန်းထိကျဆင်းသွားသည့်အခါတွင်စတင်ပြီး ၁၀၀ ရာခိုင်နှုန်းရရှိသည့်အခါတွင်ရပ်သွားသည်။

ဖြေရှင်းချက်:

PC Manager ရှိ Battery protection လုပ်ဆောင်ချက်ကို ပိတ်ပါ (ညွှန်ကြားချက်များအတွက်၊ အောက်တွင်ဖော်ပြထားသည့် အဆင့် ၁နှင့်၂ ကို ကိုးကားပါ)၊ သို့မဟုတ် သင်အသုံးပြုသည့်အခြေအနေအပေါ်တွင်မူတည်ပြီးကွဲပြားသည့်အားသွင်းစနစ်ကိုသတ်မှတ်ပါ။

1. PC Manager ကိုဖွင့်ပါ၊ ညာဘက်အပေါ်ဒေါင့်ရှိ three-bar အိုင်ကွန်ကိုနှိပ်ပြီး Settings သို့သွားပါ။

2. Other ကိုနှိပ်ပါ (အချို့ PC Manager ဗားရှင်းများအတွက်၊ သင့်အနေဖြင့် Manage power ကိုနှိပ်ရန် လိုအပ်သည်)၊ Battery protection ကိုဖွင်ပါ သို့မဟုတ် ပိတ်ပါ။

3. Battery protection ကိုဖွင့်ရန်သင်ရွေးချယ်ပါက သင်၏လိုအပ်ချက်များနှင့်ကိုက်ညီသည့် လုပ်ဆောင်ချက်များကိုလည်းရွေးချယ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်