မိုက်ခရိုဆော့ စတိုး ခရက်စ် ဖြစ်ခြင်း၊ သုံးမရခြင်း သို့မဟုတ် အက်ပ် များ ဒေါင်းလုပ် ဆွဲရာတွင် နှေးနေခြင်း, မိုက်ခရိုဆော့ စတိုး မှ အက်ပ်များ ဒေါင်းလုပ် လုပ်ပြီးနောက် အသုံးပြုမရခြင်း နှင့် ထည့်သွင်း မရခြင်း။
သက်ဆိုင်သော ကုန်ပစ္စည်းများ:
PC
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
မိုက်ခရိုဆော့ စတိုး ခရက်စ် ဖြစ်ခြင်း၊ သုံးမရခြင်း သို့မဟုတ် အက်ပ် များ ဒေါင်းလုပ် ဆွဲရာတွင် နှေးနေခြင်း, မိုက်ခရိုဆော့ စတိုး မှ အက်ပ်များ ဒေါင်းလုပ် လုပ်ပြီးနောက် အသုံးပြုမရခြင်း နှင့် ထည့်သွင်း မရခြင်း။ |
ဖြေရှင်းချက်:
ထိုအရာကို ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
- သင့်ကွန်ပြူတာ၏ အင်တာနက်ချိတ်ဆက်ခြင်း တည်ငြိမ်မှုအခြေအနေကို စစ်ဆေးပါ။ Microsoft Store သည် China မဟုတ်သည့် server ဖြင့် နဂိုထည့်သွင်းသော အက်ပ်တစ်ခုဖြစ်သည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် တရုတ်အင်တာနက်ဖြင့် ချိတ်ဆက်ထားသောအခါ အချို့သော အက်ပ်များ ထည့်သွင်း၍မရခြင်း သို့မဟုတ် ထည့်သွင်းရာတွင် နှေးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
- သင့် Microsoft အကောင့်ဖြင့် ထပ်မံ Log in ဝင်ရောက်ပါ။ ထိုသို့ပြုလုပ်ရန် Microsoft Store ကို ဖွင့်ပါ၊ အပေါ်ညာဘက်ထောင့်ရှိ အကောင့်ပုံစံ အိုင်ကွန်ကိုနှိပ်ပါ ပြီးနောက် Sign out ကိုနှိပ်ပါ။ အိုင်ကွန်ကို ထပ်မံ၍နှိပ်ပါ ပြီးနောက် သင့်အကောင့်ဖြင့် ထပ်မံဝင်ရောက်ပါ။
- Microsoft Store တွင် cache ကိုပုံမှန် ရှင်းလင်းပါ။ ဤပြဿနာ ဖြစ်ပွားရခြင်းသည် Microsoft Store cache များ အများဆုံးသတ်မှတ်ထားသော ပမာဏကို ရောက်ရှိနေသောကြောင့်ဖြစ်သည်။ Cache များကို ရှင်းရန် Taskbar ပေါ်ရှိ ရှာဖွေရေးဘားတွင် wsreset ဟုရိုက်ပြီး Enter ကိုနှိပ်ပါ။ Cache များကို ရှင်းပြီးနောက် Microsoft Store အလိုအလျောက် ပွင့်သွားမည်ဖြစ်သည်။
- တရားဝင် Microsoft ဝက်ဘ်ဆိုဒ်မှ Microsoft Store နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ဆွဲပါ။ ထိုသို့ဖြစ်ပွားရခြင်းသည် သင်သည် မကြာမှီက ထုတ်ထားသော Microsoft Store ဗားရှင်းကို အသုံးမပြုထားသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်နေပါက တရားဝင် Microsoft ဝက်ဘ်ဆိုဒ်သို့ သွား၍ နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ဆွဲပါ။
- တရားဝင် Microsoft ဝက်ဘ်ဆိုဒ်မှလည်း ဖြေရှင်းချက်များကို ရှာဖွေနိုင်ပါသည်။ (https://answers.microsoft.com/en-us/) သို့မဟုတ် Microsoft သုံးစွဲသူ ဝန်ဆောင်မှုဟော့လိုင်း 400-820-3800 သို့ ခေါ်ဆို မေးမြန်းနိုင်ပါသည်။
- ပြဿနာဆက်လက်ဖြစ်ပွားနေပါက သင့်အရေးကြီးဒေတာများကို အရံသိမ်းဆည်းခြင်း ပြုလုပ်ပြီး ကွန်ပြူတာ၏ Factory settings ထဲတွင် restore ပြုလုပ်ရန် ကွန်ပြူတာကို startup ပြုလုပ်နေစဉ် F10 ကီးကို ဖိပြီးနှိပ်ထားပါ။ ထိုလုပ်ဆောင်ချက်ကို United States (US) အတွက် ထုတ်ထားသော Huawei သို့မဟုတ် Honor ကွန်ပြူတာများတွင် လုပ်ဆောင်၍ မရကြောင်းကို ကျေးဇူးပြု၍ သတိပြုပါ။
Factory settings ထဲတွင် သင့်စနစ်များ restore ပြုလုပ်ခြင်းသည် C ဒရိုက်ထဲရှိ သင့်ဒေတာများ အားလုံးကို ပျက်စီးစေနိုင်ပါသည်။ လုပ်ဆောင်ခြင်း မပြုလုပ်မှီ သင့်အရေးကြီးဒေတာများကို အရံသိမ်းဆည်းခြင်း ပြုလုပ်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်