Microsoft Office အက်ပ်များ နှင့် ဖိုင်များ ဖွင့် မရပါက
Microsoft Office အက်ပ်များ နှင့် ဖိုင်များ ဖွင့် မရပါက |
ပြဿနာ:
1. အသုံးပြုသူသည် Microsoft Office app ကိုဖွင့်ရန် ကလစ်နှစ်ချက် သို့မဟုတ် ညာဘက်ကလစ်ဖြင့် နှိပ်လိုက်သောအခါ app သည် တုံ့ပြန်မှုမရှိပါ။
2. အသုံးပြုသူသည် Microsoft Office app ကိုဖွင့်ရန် ကလစ်နှစ်ချက် သို့မဟုတ် ညာဘက်ကလစ်ဖြင့် နှိပ်လိုက်သောအခါ ဤပရိုဂရမ်ကို မလုပ်ဆောင်နိုင်ပါဟူသော အကြောင်းကြားစာတိုပေါ်လာပါသည်။
အကြောင်းအရင်း:
ဤသို့ဖြစ်ပွားရခြင်းသည် Microsoft Office ဖိုင်၏ ယို့ယွင်းမှုကြောင့်သာဖြစ်ပါသည်။:
ဖြေရှင်းချက်:
အောက်ပါအတိုင်း Run ဘောက်စ်မှ အမိန့်မေး၍ Microsoft app ကိုဖွင့်ပြီး app တုံ့ပြန်မှုရှိ မရှိကို စစ်ဆေးပါ။
1- Run window ကိုပြသရန် Win ကီးနှင့် R ကီးကို တပြိုင်နက်ထဲ ဖိပြီးနှိပ်ပါ။ winword သို့မဟုတ် safe ကိုရိုက်ပြီး Enter ကိုနှိပ်ပါ။ စာရင်းအသစ်ကို တည်ထောင်ရန် Word ကိုသုံးပြီးအသစ်ဖွင့်ပါ သို့မဟုတ် ဖွင့်၍မရသော ဖိုင်ကို ဖွင့်ပြီး ထိုပြဿနာဆက်လက်ဖြစ်ပွာခြင်းရှိမရှိကို စစ်ဆေးပါ။
Word ကိုဖွင့်ရန် Run windows တွင် winWord /safe ဟုရိုက်ထည့်ပါ။ Excel ကိုဖွင့်ရန် excel /safe ဟုရိုက်ထည့်ပါ။ PowerPoint ကိုဖွင့်ရန် powerpnt /safe ဟုရိုက်ထည့်ပါ။ ကျေးဇူးပြု၍ “/” မရိုက်ခင် space ဘားခြားပေးရမည်ဖြစ်ကြောင်း သတိပြုပါ။
- If the issue is resolved, perform the following in Safe mode to cancel Add-ins.
- ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါက Add-ins ကို cancel လုပ်ရန် Safe mode တွင် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
a) File > Options > Add-ins ကိုနှိပ်ပါ။
b) Manage အောက်တွင် COM Add-ins ကိုရွေးချယ်ပြီး Go ကိုနှိပ်ပါ။
c) စာရင်းအားလုံးကို Uncheck လုပ်ပြီး OK ကိုနှိပ်ပါ။ Microsoft Office app ကို restart ချပြီး ဤပြဿနာကို ဖြေရှင်းနိုင်ခြင်းရှိမရှိကို စစ်ဆေးပါ။
- အကယ်၍ ဤပြဿနာဆက်လက်ဖြစ်ပွားနေပါက Microsoft Office app ကို uninstall ပြုလုပ်ပြီး re-install ပြန်လည်ပြုလုပ်ပါ။
- Microsoft Office app ကို ဒေါင်းလုပ်လုပ်ရန်နှင့် Install ပြုလုပ်ရန် ဤပေ့ချ်သို့ သွားရောက်ပါ။ https://stores.office.com/myaccount
- သင့် Microsoft အကောင့်ဖြင့် လော့ခ်အင်ဝင်ပါ။
- မျက်နှာပြင်၏ ညာဘက်ထောင့်ရှိ Install ကိုနှိပ်ပါ ပြီးနောက် app ကို install ပြုလုပ်ရန် မျက်နှာပြင်ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။
- Microsoft Office app ကို ဒေါင်းလုပ်လုပ်ရန်နှင့် Install ပြုလုပ်ရန် ဤပေ့ချ်သို့ သွားရောက်ပါ။ https://stores.office.com/myaccount
- အကယ်၍ ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဆက်လက်ဖြစ်ပွားနေပါက သင့်အရေးကြီးဒေတာများအားလုံးကို အရံသိမ်းဆည်းခြင်း ပြုလုပ်ပါ ပြီးနောက် ကွန်ပြူတာကို startup ပြုလုပ်စဉ် F10 ကီးကို ဖိပြီးနှိပ်၍ ၎င်း၏ factory settings ထဲတွင်ဝင်၍ restore ပြုလုပ်ပါ။ ဤလုပ်ဆောင်ချက်သည် ယူနိုက်တက်စတိတ်အတွက် ထုတ်ထားသော Huawei သို့မဟုတ် Honor ကွန်ပြူတာများတွင် မရနိုင်ပါ။
o သင့်ကွန်ပြူတာ၏ Factory settings ထဲတွင် သင့် system restore ပြုလုပ်ခြင်းသည် C ဒရိုက်ထဲရှိ သင့်ဒေတာများအားလုံးကို ပျက်စီးစေပါမည်။ သင်လုပ်ဆောင်ချက်မပြုမှီ သင့်အရေးကြီးဒေတာများကို အရံသိမ်းဆည်းခြင်းပြုလုပ်ပါ။
o ကွန်ပြူတာ၏ Factory settings ထဲတွင် restore ပြုလုပ်ပြီးနောက် သင့် Microsoft Office အကောင့်သည် အကျိုးသက်ရောက်မှု ရှိနေအူးမည် ဖြစ်ပါသည်။ Microsoft Office ကိုပထမဆုံးအကြိမ် activated ပြုလုပ်သောအခါ သင့် Microsoft အကောင့်နှင့် ပက်စ်ဝက်ကို အသုံးပြုပြီး activate ပြုလုပ်ပါ ပြီးနောက် Microsoft Office ကို activate ပြုလုပ်ရန် မျက်နှာပြင်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။