Wi-Fi ဟော့စပေါ့ကို ဖွင့်ထားပြီးနောက် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က အလွန်အမင်း အပူတက်လာခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
Wi-Fi ဟော့စပေါ့ကို ဖွင့်ထားပြီးနောက် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က အလွန်အမင်း အပူတက်လာခြင်း |
ပြဿနာ-
Wi-Fi ဟော့စပေါ့ကို အချိန်အတိုင်းအတာတစ်ခုအထိ ဖွင့်ထားပြီးနောက် စက်က သိသိသာသာ အပူတက်လာသည်။
အကြောင်းရင်း-
- ဟော့စပေါ့ကို ဖွင့်လိုက်သည်နှင့် ဖုန်း/တက်ဘလက်သည် အခြားဖုန်းများ/တက်ဘလက်များ ၎င်းကို ရှာဖွေပြီး ချိတ်ဆက်နိုင်စေရန် အချက်ပြမှုတစ်ခုကို ထုတ်လွှင့်ပေးပါမည်။
- အခြားစက်များက သင့်ဖုန်း/တက်ဘလက်၏ ဟော့စပေါ့နှင့် ချိတ်ဆက်ပြီးနောက် သင့်ဖုန်း/တက်ဘလက်သည် ၎င်းတို့အတွက် ဒေတာကို လက်ခံပြီး တစ်ဆင့်ပေးပို့ရန် လိုအပ်သည်။
ထို့ကြောင့် ဟော့စပေါ့ကို ဖွင့်ခြင်းက ပါဝါ သုံးစွဲမှုကို တိုးလာစေပြီး ဖုန်း/တက်ဘလက်က အပူအနည်းငယ် ထုတ်ပါမည်။ စက်များစွာကို ဟော့စပေါ့နှင့် ချိတ်ဆက်ထားသည့်အခါ သို့မဟုတ် အပ်လုဒ်နှင့် ဒေါင်းလုဒ်လုပ်သည့်ပမာဏ များသည့်အခါ အပူပျောက်ကွယ်မှု ညံ့ဖျင်းသည့် ပတ်ဝန်းကျင်များတွင် ဤအပူထွက်ရှိခြင်းသည် ပို၍သိသာသည်။
ဖြေရှင်းချက်-
စက်ကို လေဝင်လေထွက်ကောင်းသော ပတ်ဝန်းကျင်တွင် အသုံးပြုပါ။ အသုံးပြုပြီးလျှင်ပြီးချင်း ဟော့စပေါ့ကိုပိတ်ရန် သတိရပါ။ ဟော့စပေါ့ကို ဖွင့်မြဲဖွင့်ထားပါက ဤလုပ်ဆောင်ချက်သည် ဆက်လက် ပါဝါသုံးစွဲမည်ဖြစ်ပြီး အခြားစက်များက ဖုန်း/တက်ဘလက်နှင့် ချိတ်ဆက်မထားသည့်တိုင် အပူထုတ်သည်။
နောက်ထပ် လေ့လာရန်-
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်