ကွန်ပျူတာ ၏ အကောင့် လျှိုဝှက် နံပါတ် နှင့် PIN နံပါတ် ကို Reset ပြုလုပ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: PC
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကွန်ပျူတာ ၏ အကောင့် လျှိုဝှက် နံပါတ် နှင့် PIN နံပါတ် ကို Reset ပြုလုပ်ခြင်း
  • သင့် PIN နံပါတ်ကို မေ့သွားသော်လည်း System အတွင်းသို့ အကောင့်ပက်စ်ဝက်ကို အသုံးပြု၍ ဝင်နေရသောအခါ အောက်ပါအတိုင်း PIN နံပါတ်ကို reset ချပါ။

    Windows Setting မျက်နှာပြင်သို့ ဝင်ရောက်ရန် Win ကီးနှင့် I ကီးကို တပြိုင်နက်ထဲနှိပ်ပါ။ Accounts > Sign-in options သို့သွားပါ၊ I forgot my PIN ကိုနှိပ်ပါ၊ ပြီးနောက် အကောင့်ပက်စ်ဝက်ဖြင့်ဝင်၍ PIN အသစ်ကိုသတ်မှတ်ပြီး လှုံ့ဆော်ပါ။

  • သင့်အကောင့်ပက်စ်ဝက်ကိုမေ့သွားသော်လည်း လက်ဗွေရာနှင့် PIN နံပါတ်ကို အသုံးပြုနိုင်ပါက အကောင့်ပက်စ်ဝက်ကို reset ချရန်အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။ ။ Desktop ပေါ်ရှိ Windows အိုင်ကွန်ပေါ်တွင် ညာဘက်ကလစ်ကိုနှိပ်ပါ ပြီးနောက် ပြသထားသော စာရင်းရှိ Windows PoweShell (Admin) ကိုနှိပ်ပါ။ net user ၊ အသုံးပြုသူနာမည် နှင့် ပက်စ်ဝက်အသစ်ကို Space ခြား၍ အသီးသီးရိုက်ထည့်ပါ။ ဥပမာအားဖြင့် အသုံးပြုသူနာမည်သည် Bob ပြီးနောက် အသစ်ပြုလုပ်လိုသော ပက်စ်ဝက်သည် 123 ဖြစ်ပါက net user Bob 123 ဟုရိုက်ထည့်ပါ။ ပြီးနောက် ပက်စ်ဝက်ကို reset ချရန် Enter ကိုနှိပ်ပါ။

  • သင့် PIN နံပါတ်နှင့် အကောင့်ပက်စ်ဝက်ကိုမေ့သွားပြီး System အတွင်းသို့ဝင်၍ မရပါက ဤပြဿနာများကို ဖြေရှင်းရန် အောက်ပါနည်းလမ်းများမှတစ်ခုကို ရွေးချယ်၍ ပြုလုပ်ပါ။

    ၁ သင့် PIN နံပါတ်နှင့် အကောင့်ပက်စ်ဝက်ကိုမေ့သွားပြီး System အတွင်းသို့ဝင်၍ မရပါက ဤပြဿနာများကို ဖြေရှင်းရန် အောက်ပါနည်းလမ်းများမှတစ်ခုကို ရွေးချယ်၍ ပြုလုပ်ပါ။ ၁။ ပက်စ်ဝက်အမှားဖြင့်ဝင်ရောက်၍ ပက်စ်ဝက်လုံခြုံရေးမေးခွန်းများကို ပြသရန် Reset password ကိုနှိပ်ပါ။ ပက်စ်ဝက်ကို reset ချရန် အဖြေမှန်များကိုရွေးချယ်၍ ဝင်ရောက်ပါ။ ၂။ ပက်စ်ဝက်လုံခြုံရေးမေးခွန်းအဖြေများကို မေ့သွားပါက သင့်ဒေတာများကို ဦးစွာ back up ပြုလုပ်ပါ၊ ထို့နောက် ကွန်ပြူတာကို ၎င်း၏ Factory Settings ထဲသို့ဝင်ရောက်ရန် ကွန်ပြူတာကို restart ချ၍ F10 ကီးကိုနှိပ်ပါ။ အကယ်၍ အရေးကြီးဒေတာများကို C ဒရိုက်ထဲတွင် သိုလှောင်ထားပြီး Factory reset ကိုလည်း မပြုလုပ်လိုပါက သင့်ကွန်ပြူတာနှင့် ဝယ်ယူထားသော အထောက်အထားသက်သေခံများကို ယူဆောင်၍ အကူညီရယူရန် Huawei တရားဝင်အသုံးပြုသူ ဝန်ဆောင်မှုစင်တာသို့ သွားပါ။ သင့်ဒေတာများအရံသိမ်းဆည်းခြင်းသည် Huawei တရားဝင်အသုံးပြုသူ ဝန်ဆောင်မှုစင်တာရှိ ဝန်ထမ်းများ၏ စစ်ဆေးခြင်းများအပေါ်မူတည်ပါသည်။

    ၂ လုံခြုံရေးမေးခွန်းများကို set up ပြုလုပ်ထားခြင်းမရှိပါက သင့်အကောင့်အဖြစ် Microsoft အကောင့်ကို အသုံးပြုနိုင်ပြီး အကောင့်ဖြင့်ချိန်ဆက်ထားသော ဖုန်း၊ အီးမေးလ်လိပ်စာကိုလည်း အသုံးပြုနိုင်ပါသည်။ www.office.com ကဲ့သို့သော Mictosoft website တွင် လော့ခ်အင်ဝင်ထားသောဖုန်းကဲ့သို့သော အခြားစက်ကိရိယာတစ်ခုကို အသုံးပြုပြီး ဖုန်းနံပါတ်သို့မဟုတ် အီးမေးလ်လိပ်စာဖြင့် သင့် Microsoft အကောင့်၏ ပက်စ်ဝက်ကို Modify ပြုလုပ်ပါ။

    သတိပြုချက်။ ။ MateBook စီးရီးကွန်ပြူတာများအတွက် Factory reset လုပ်ဆောင်ချက်ကို ပြုလုပ်ရန် F10 ကီးကိုအသုံးပြု၍မရပါ။ ဤအခြေအနေတွင် ပါဝါခလုတ်နှင့် အသံတိုးခလုတ်ကို ဖိနှိပ်ပြီး System settings မျက်နှာပြင်ကိုဝင်ရောက်နိုင်ပါသည်။ Troubleshoot > Reset this PC to restore the computer to its factory settings သို့သွားပါ။

    Desktop ပေါ်ရှိဖိုင်များနှင့် C ဒရိုက်ထဲရှိ အသုံးပြုသူဖိုင်တွဲတွင် အရံသိမ်းဆည်းထားသောဖိုင်များကို သိမ်းဆည်းရန် F10 ကီးကိုနှိပ်နိုင်ပါသည်။ ပုံသေအားဖြင့် D ဒရိုက်ထဲတွင် Huaweibackup ဖိုင်တွဲအမည်ဖြင့် ဖိုင်ဒေတာများကို သိမ်းဆည်းသွားမည်ဖြစ်သည်။ United States အတွက်အထူးပြုလုပ်ထားသောမော်ဒယ်လ်များအပေါ်တွင် ဤလုပ်ဆောင်ချက်ကို ပြုလုပ်၍ မရနိုင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်