အားသွင်း ကိရိယာကို ဖြုတ်ပြီးနောက် အားသွင်းအိုင်ကွန် ပျောက်ကွယ်မသွားခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
အားသွင်း ကိရိယာကို ဖြုတ်ပြီးနောက် အားသွင်းအိုင်ကွန် ပျောက်ကွယ်မသွားခြင်း |
ပြဿနာ
သုံးစွဲသူက အားသွင်း ကိရိယာကို ဖြုတ်လိုက်ပြီးနောက် အားသွင်းအိုင်ကွန် ပျောက်ကွယ်မသွားပါ။
ဖြေရှင်းချက်-
- သင့်ဖုန်းကို ပြန်လည်စတင်ပါ သို့မဟုတ် အားသွင်းကြိုးကို တပ်ပြီး ပြန်ဖြုတ်ပါ။
- သင့်ဖုန်း၏ ကြိုတင်သတ်မှတ်ထားသော ပင်မ မျက်နှာပြင်နှင့် ပုံစံကို သုံးပါ။ အချို့ ပြင်ပ အဖွဲ့အစည်းပုံစံများကို မှန်ကန်စွာ ဒီဇိုင်းထုတ်မထားခြင်းဖြစ်နိုင်ပြီး ယင်းက အားသွင်းအိုင်ကွန် ပြသမှု မမှန်ကန်ခြင်းကို ဖြစ်စေသည်။
- စံနှုန်းမမီသော အားသွင်း ကိရိယာ သို့မဟုတ် ဒေတာကြိုးသည် အားသွင်းအိုင်ကွန်ကို ပုံမှန်အတိုင်း မပြသနိုင်စေသဖြင့် သင်က ၎င်းကို အသုံးပြုနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
- အားသွင်းပေါက် ညစ်ပတ်နေခြင်း သို့မဟုတ် ပိတ်ဆို့နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ ထိုသို့ဖြစ်နေပါက ခြောက်သွေ့နူးညံ့သော သွားပွတ်တံကိုသုံး၍ အားသွင်းပေါက်ကို သန့်ရှင်းပြီး ထပ်မံကြိုးစားပါ။
- ပြဿနာ ဆက်ရှိနေသေးပါက အကူအညီရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်ဖုန်းနှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်