ကွန်ပြူတာ ရပ်နေခြင်း သို့မဟုတ် စက်ပိတ်ရာတွင် အချိန်ကြာမြင့်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: PC,Desktop
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကွန်ပြူတာ ရပ်နေခြင်း သို့မဟုတ် စက်ပိတ်ရာတွင် အချိန်ကြာမြင့်ခြင်း

အကြောင်းအရင်း:

၁။ ဤပြဿနာသည်တစ်ကြိမ်သာဖြစ်ပေါ်ပါက- သင်သည် shutdown မပြုလုပ်ခင် drivers သို့မဟုတ် Windows များကို install လုပ်လိုက်သောအခါ သင်၏ကွန်ပြူတာသည် Windows ကိုပြုပြင်ခြင်းနှင့် ပြုပြင်မွန်းမံခြင်းအတွက် အချိန်အနည်းငယ်ကြာလိမ့်မည်။

၂။ ဤပြဿနာသည်အကြိမ်ကြိမ်ဖြစ်ပေါ်ပါက- နောက်ခံတွင်အလုပ်လုပ်နေသော ပရိုဂရမ်များ သို့မဟုတ် လုပ်ငန်းစဉ်များရှိနေနိုင်ပြီး သင်၏ကွန်ပြူတာသည် shutdown မပြုလုပ်မီ ဤလုပ်ငန်းစဉ်များကိုပိတ်ရန်လိုအပ်သည်။

ဖြေရှင်းချက်:

သင်သည် ဤပြဿနာကိုတစ်ကြိမ်သာကြုံခဲ့ရလျှင် ၄င်းသည်ပုံမှန်ဖြစ်ပြီး ကွန်ပြူတာနှင့်သက်ဆိုင်သည့်ပြဿနာမဟုတ်ပါ။ သို့သော် ဤပြဿနာသည်အကြိမ်ကြိမ်ဖြစ်ပေါ်နေသည်ကိုသင်သိရှိရပါက ပြဿနာကိုဖြေရှင်းရန် အောက်ပါတို့ကိုလုပ်ဆောင်ပါ။

၁။ ကွန်ပြူတာ shutdown ပြုလုပ်ရန်ကြာချိန်ကိုမှတ်ထားပြီး ယခင် shutdown ပြုလုပ်သည့်ကြာချိန်နှင့်နှိုင်းယှဉ်ပါ။

သင်၏ကွန်ပြူတာကို ပါဝါဖွင့်ပါ၊ ၂မိနစ်ခန့်လောက်ပြီး Alt နှင့် F4 ကီးများကိုတစ်ပြိုင်နက်နှိပ်ပါ။ drop-down list ရှိ Shut down ကိုရွေးပြီး OK ကိုနှိပ်ပါ။

ဝင်းဒိုး အိုင်ကွန် ကို ကလစ် နှိပ်ပါ ပြီးနောက် ပါဝါ အိုက်ကွန် ကို နှိပ်ပြီး Shut down ကို ရွေးပေးပါ။

ပြဿနာကိုဖြေရှင်းနိုင်ခြင်းရှိမရှိစစ်ဆေးပါ။

၂။ နောက်ခံတွင် End task များအလုပ်လုပ်နေခြင်း။

သင်၏ကွန်ပြူတာကို shutdown မပြုလုပ်ခင် အက်ပ်များနှင့် ပရိုဂရမ်များအားလုံးကိုပိတ်ပါ။ Ctrl, Alt နှင့် Del ကီးများကိုတစ်ပြိုင်ထဲနှိပ်ပြီး Task Manager ကိုဖွင့်ပါ။ View ကိုနှိပ်ပြီး Group by type ကိုနှိပ်ပါ၊ high CPU သို့မဟုတ် space consumption programများကိုနှိပ်ပါ။ End task ကိုနှိပ်ပါ။ သင်၏ကွန်ပြူတာကို shut down ပြုလုပ်ပြီး shutdown ပြုလုပ်ချိန်သည်နည်းလာခြင်းရှိမရှိစစ်ဆေးပါ။

၃။ Hibernation ကို ပိတ်ပါ။

၁။ Taskbar ပေါ်တွင် Control Panel ကိုရိုက်ထည့်ပြီး ၄င်းကိုဖွင့်ပါ။

၂။ View by ကိုနှိပ်ပြီး Large icons ကိုရွေးချယ်ပါ။

၃။ Power Options ကိုရွေးချယ်ပါ။

၄။ Choose what the power button does ကိုနှိပ်ပါ။

၅။ Change settings that are currently unavailable ကိုနှိပ်ပြီး Turn on fast startup (recommended), Sleep, Hibernate, နှင့် Lock တို့ကို uncheck ပြုလုပ်ပါ။

၄။ Diskများကိုရှင်းလင်းပါ။

၁။ This PC ကိုဖွင့်ပါ၊ Windows (C:) ကိုညာဘက်ကလစ်နှိပ်ပြီး Properties ကိုနှိပ်ပါ။

၂။ General tab အောက်ရှိ Disk Cleanup ကိုနှိပ်ပါ။ ကွန်ပြူတာပေါ်ရှိ အခြား drive များအတွက် တူညီသောလုပ်ဆောင်ချက်များကိုလုပ်ဆောင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်