မှန်

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
မှန်

သင်ဘယ်လိုပုံစံရှိနေသည်ကို သိလိုသော်လည်း သင့်တွင် ကြည့်မှန်စစ်စစ် မရှိသောအခါ သင်သည် သင့်စက်ကို ကြည့်မှန်အဖြစ် အစားထိုး အသုံးပြုနိုင်ပါသည်။

ကိရိယာများ > မှန် သို့ သွားပါ။ သင့်စက်ကို ကြည့်မှန်အဖြစ် အသုံးပြုနေစဉ် သင် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-

  • ဇူမ်းချဲ့ရန် သို့မဟုတ် ဇူမ်းချုံ့ရန်- အောက်ခြေရှိ ဇူးမ် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။ ဇူမ်းချဲ့ရန် မျက်နှာပြင်ကိုလည်း နှစ်ချက်နှိပ်နိုင်ပြီး မူလမြင်ကွင်းအတိုင်း ပြန်ထားရန် ၎င်းကို နှစ်ချက် ထပ်နှိပ်နိုင်ပါသည်။

  • ကြည့်မှန် တောက်ပမှုကို ချိန်ညှိရန်- မျက်နှာပြင်၏ ထိပ်ရှိ သို့မဟုတ် ကို နှိပ်ပါ။

  • ကြည့်မှန်ကို ပိုမိုတောက်ပအောင် ပြုလုပ်ရန်- ကို နှိပ်ပြီး လေဖြင့် မှုတ်ခြင်း ကို ဖွင့်ပါ။ ပြီးနောက် မျက်နှာပြင်ကို မှုန်ဝါးအောင်လုပ်ရန် မိုက်ခရိုဖုန်းထဲသို့ လေမှုတ်ထည့်ပါ။ အငွေ့ကို ရှင်းရန် မျက်နှာပြင်ကို သုတ်ပါ။

  • ကြည့်မှန် ဘောင်ကို ပြောင်းရန်- ကို နှိပ်ပြီး အခြားဘောင်တစ်ခု ရွေးချယ်ပါ။

  • ကွဲအက်နေသော ကြည့်မှန်ကဲ့သို့ အထူးပြုလုပ်ချက်တစ်ခု ဖန်တီးရန်- အသံအထူးပြုလုပ်ချက်နှင့်အတူ မှန်ကို "ခွဲ" ရန် မျက်နှာပြင်ကို ဖိ၍ နှိပ်ထားပါ။ ကြည့်မှန်ကို "ပြင်" ရန် မျက်နှာပြင်ကို ထပ်မံ နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်