မမ်မိုရီကတ် ဒေတာကို လျှို့ဝှက်ကုဒ်ပြောင်းခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
မမ်မိုရီကတ် ဒေတာကို လျှို့ဝှက်ကုဒ်ပြောင်းခြင်း

မမ်မိုရီကတ်ထဲတွင် သိမ်းထားသော ဖိုင်များကို လျှို့ဝှက်ကုဒ်ပြောင်းနိုင်ပါသည်။ ကုဒ်ပြောင်းဝှက်ထားသော ဖိုင်များကို သင့်စက်တွင်သာ ကြည့်ရှု အသုံးပြုနိုင်မည် ဖြစ်ပါသည်။

  1. မမ်မိုရီကတ်ကို သင့်စက်ထဲ ထည့်ပြီး မမ်မိုရီကတ်တွင် သိုလှောင်မှု နေရာ လုံလောက်စွာ ရှိကြောင်း သေချာပါစေ။

  2. ဆက်တင် > လုံခြုံရေး > အခြား ဆက်တင်များ > ကုဒ်ပြောင်းဝှက်မှုနှင့် အထောက်အထားများ သို့ သွားပါ။

  3. မမ်မိုရီကတ်ကို လျှို့ဝှက်ကုဒ်ပြောင်းရန် မမ်မိုရီကတ်အား ကုဒ်ပြောင်းဝှက်မည် ကို နှိပ်ပြီး မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

    ကုဒ်ပြောင်းဝှက်စဉ် သင့်စက်ကို ပြန်လည် မစတင်ပါနှင့် သို့မဟုတ် မမ်မိုရီကတ်ကို အတင်း မဖယ်ရှားပါနှင့်။ သို့မဟုတ်ပါက ကုဒ်ပြောင်းဝှက်မှု မအောင်မြင်နိုင်ပါ သို့မဟုတ် ဒေတာ ဆုံးရှုံးသွားနိုင်သည်။

မမ်မိုရီကတ်ကို ကုဒ်ဖြေရန် မမ်မိုရီကတ် ကုဒ်ဖြေမည် ကို နှိပ်ပြီး မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ကာ မမ်မိုရီကတ်ထဲရှိ ဖိုင်များကို ကုဒ်ပြန်ဖြေပါ။ မမ်မိုရီကတ်ကို ဖော်မတ်ချခြင်းဖြင့်လည်း မမ်မိုရီကတ်ကို ကုဒ်ပြန်ဖြေနိုင်သည်၊ သို့သော် ယင်းက မမ်မိုရီကတ်ထဲရှိ ဒေတာအားလုံးကို ဖျက်ပစ်ပါမည်။

ပိုင်ရှင်အဖြစ် ဝင်ရောက်မထားလျှင် မမ်မိုရီကတ်ကို ကုဒ်ပြောင်းဝှက်ခြင်းနှင့် ကုဒ်ဖြေဆိုခြင်းကို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်