အက်ပ်များ
အက်ပ်များ |
ထည့်သွင်းထားသည့် အက်ပ်ကို ရှာခြင်း
ရှာဖွေရေး ဘားကို ပြသရန် ပင်မ မျက်နှာပြင်၏ အလယ်မှ အောက်သို့ ပွတ်ဆွဲကာ အက်ပ် အမည်ကို ရိုက်ထည့်ပါ။ အက်ပ်ကို တွေ့သည့်အခါ ၎င်း၏ အမည်ဘေးရှိ ကို နှိပ်ပါ။
အက်ပ်တစ်ခုကို ဖျက်ခြင်း
အောက်ပါ နည်းလမ်းများအနက် တစ်ခုခုကို သုံးပြီး အက်ပ်တစ်ခုကို ဖျက်နိုင်သည်-
သင် ဖျက်လိုသော အက်ပ်အိုင်ကွန်တစ်ခုပေါ်တွင် ဖုန်းတုန်ခါလာသည်အထိ ဖိ၍ နှိပ်ထားပါ၊ ဖြုတ်ချမည် ကို နှိပ်ပါ၊ ထို့နောက် အက်ပ်ကို ဖျက်ရန်အတွက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။
ကို သွားပါ၊ သင် ဖျက်လိုသော အက်ပ်ကို နှိပ်ပါ၊ ထို့နောက် ဖြုတ်ချ ကို နှိပ်ပါ။
ကြိုတင်ထည့်သွင်းထားသော အက်ပ်အချို့ကို ဖျက်၍ မရပါ၊ ၎င်းတို့ကို ဖျက်ပါက စနစ်ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်ပါသည်။
နောက်ခံ အက်ပ်များကို စီမံခန့်ခွဲခြင်း
-
သင်သုံးစွဲသည့် နေရာညွှန်ခြင်း နည်းလမ်းပေါ်မူတည်၍ မကြာမီက အလုပ်များ မျက်နှာပြင်ကို အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဝင်ရောက် သုံးစွဲပါ-
လက်ဟန်မျာ- စက်မျက်နှာပြင်၏ အောက်ဘက်မှ အပေါ်ဘက်သို့ ပွတ်ဆွဲပြီး ဖိထားပါ။
ကီးသုံးခုဖြင့် လမ်းညွှန်မှု-
ကို နှိပ်ပါ။
-
မကြာမီက အလုပ်များ မျက်နှာပြင်တွင် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
အက်ပ် အစမ်းကြည့်မှုများကို ကြည့်ရန် ဘေးသို့ ပွတ်ဆွဲပါ။
အက်ပ်တစ်ခုကို ဝင်ရောက် သုံးစွဲရန် အက်ပ် အစမ်းကြည့်မှုကို နှိပ်ပါ။
အက်ပ်တစ်ခုကို ပိတ်ရန် အက်ပ် အစမ်းကြည့်မှုကို အပေါ်သို့ ပွတ်ဆွဲပါ။
အက်ပ်တစ်ခုကို လော့ခ်ချရန် အက်ပ် အစမ်းကြည့်မှုကို အောက်သို့ ပွတ်ဆွဲပါ။
သည် အက်ပ် အစမ်းကြည့်မှု၏ ထိပ်ဆုံးတွင် ပေါ်လာပါမည်။
ကို နှိပ်ခြင်းဖြင့် ဤအက်ပ် ပိတ်မသွားပါ။
၎င်းကို လော့ခ်ဖြေရန်အတွက် အောက်သို့ ထပ်မံပွတ်ဆွဲပါ။
သည် ပျောက်သွားပါမည်။
အက်ပ်အားလုံးကို ပိတ်ရန်
ကို နှိပ်ပါ (သင် လော့ခ်ချထားသော အက်ပ်များမှ လွဲ၍)။
အက်ပ်၏ ယာယီ သိမ်းထားသည့် ဒေတာကို ရှင်းခြင်း
သိုလှောင်မှုနေရာ ရရှိစေရန် အက်ပ်၏ ယာယီ သိမ်းထားသည့် ဒေတာ ဖိုင်များကို ဖျက်ပါ။
သို့ သွား၍ သင် ဖျက်ပစ်လိုသည့် ယာယီ သိမ်းထားသည့် ဒေတာများရှိသည့် အက်ပ်ကို ရွေးချယ်ပြီးနောက် သို့ သွားပါ။