ဖုန်းခေါ်ရန် VoLTE ကို သုံးခြင်း
| ဖုန်းခေါ်ရန် VoLTE ကို သုံးခြင်း |
အသံဖြင့်ခေါ်ဆိုသော LTE (VoLTE) သည် IP-အခြေပြု ဒေတာ ထုတ်လွှင့်မှု နည်းပညာဖြစ်ပြီး 4G ကွန်ရက်တစ်ခုဖြင့် ဖုန်းခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်စေပါသည်။
VoLTE ကို ဖွင့်ပြီးပါက အင်တာနက်အား ဝင်ရောက်သုံးစွဲနေချိန်တွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ သင့်စက်သည် SIM နှစ်ကတ် VoLTE နှစ်ခုကို ပံ့ပိုးပါက အခြား SIM ကတ်တစ်ကတ်တွင် ဖုန်းပြောနေချိန်တွင်ပင် SIM ကတ် တစ်ခုပေါ်တွင် အဝင်ခေါ်ဆိုမှုအား လက်ခံနိုင်ပါသည်။
VoLTE သည် ပိုမိုမြန်ဆန်သော ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ချိန်နှင့် အရည်အသွေး ပိုမြင့်မားသော အသံနှင့် ဗီဒီယိုခေါ်ဆိုမှုများကိုလည်း ပေးအပ်ပါသည်။
VoLTE ကိုဖွင့်ရန်
သင့် SIM ကတ်အတွက် 4G နှင့် VoLTE လုပ်ဆောင်ချက်များ ရရှိနိုင်ရန် သင့်မိုဘိုင်းစက်နှင့် ချိတ်ဆက်ထားပါ။ SIM ကတ်နှစ်ကတ်သုံးဖုန်း၏ မူလနှင့် ဒုတိယ SIM ကတ်နှစ်ခုစလုံးသည် 4G နှင့် VoLTE တို့အား ပံ့ပိုးပေးပါက အဆိုပါ SIM ကတ်နှစ်ကတ်စလုံးအတွက် 4G နှင့် VoLTE လုပ်ဆောင်ချက်တို့ ရရှိမည်ဖြစ်သည်။
သို့သွားပါ။ SIM 1 သို့မဟုတ် SIM 2 ၏ ကွန်ယက်ဆက်တင်ဧရိယာအတွင်းတွင် VoLTE ခေါ်ဆိုမှုများ ခလုတ်ကိုဖွင့်ပါ။
လုပ်ဆောင်ချက်များသည် သင့်မိုဘိုင်း ကယ်ရီယာပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
ဗီဒီယိုခေါ်ဆိုခြင်း
ဖုန်း ကို ဖွင့်ပါ၊ မျက်နှာပြင်အောက်ခြေရှိ ဆက်သွယ်မှုများ တက်(ဘ်)ကို နှိပ်ပြီး ခေါ်ဆိုရန် အဆက်အသွယ်တစ်ခုရွေးပါ။ကို နှိပ်ပြီး ဗီဒီယိုခေါ်ဆိုပါ။
အသံခေါ်ဆိုစဉ်အတွင်း ကို နှိပ်၍လည်း ဗီဒီယိုခေါ်ဆိုမှုသို့ ပြောင်းနိုင်သည်။