သုံးစွဲသူများကို စီစဉ်သတ်မှတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MediaPad M6(10.8 inches wifi-only 4gb+128 gb、10.8 inches lte 4gb+64gb、10.8 inches lte 4gb+128gb、10.8 inches wifi-only 4gb+64gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
သုံးစွဲသူများကို စီစဉ်သတ်မှတ်ခြင်း

သင့်စက်ကို သုံးစွဲရန်အတွက် အခြားသူတစ်ဦးအား သီးခြားအကောင့်တစ်ခု ဖန်တီးပေးနိုင်ပါသည်။ သင့် ကိုယ်ပိုင် အချက်အလက်နှင့် ဒေတာ လုံခြုံရေးကို ကာကွယ်ရန် အလို့ငှာ အခြားသုံးစွဲသူသည် သင့်စက်အတွင်းရှိ သတ်မှတ်ထားသော လုပ်ဆောင်ချက်များကိုသာ ဝင်ရောက် သုံးစွဲခွင့် ရရှိပါမည်။

သင်သည် Digital Balance ကို ဖွင့်ထားပြီး ကျွန်ုပ်၏ ကလေး ကို သုံးစွဲသူအဖြစ် သတ်မှတ်ထားပါက သုံးစွဲသူများစွာ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည် မဟုတ်ပါ။

အောက်ပါ သုံးစွဲသူ အကောင့် အမျိုးအစားများကို သင့်စက်တွင် ရရှိနိုင်ပါသည်-

  • ပိုင်ရှင်

    သင့်အကောင့်သည် ပုံသေအားဖြင့် ပိုင်ရှင်ဖြစ်သည်။

    ပိုင်ရှင်တစ်ဦးသည် စက်တွင် အခြားအကောင့်များကို ထည့်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းအပြင် ဖုန်းခေါ်ဆိုမှုနှင့် SMS လုပ်ဆောင်ချက်များကို အခြားအကောင့်များအား အသုံးပြုခွင့်ပေးခြင်း အပါအဝင် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်ခွင့်ရှိပါသည်။

  • သုံးစွဲသူ

    သင့်စက်ကို မကြာခဏ သုံးစွဲသူတစ်ဦးအတွက် သုံးစွဲသူ အကောင့်တစ်ခု ဖန်တီးပေးနိုင်ပါသည်။

    သုံးစွဲသူ အကောင့်တစ်ခုသည် သင့်စက်ပေါ်ရှိ လုပ်ဆောင်ချက်အများစုကိုသုံးစွဲနိုင်ပါသည်။ သို့သော် ၎င်းတို့သည် သင့်စက်ကို ၎င်း၏ စက်ရုံထုတ် ဆက်တင်များအတိုင်း ပြန်လည်သိုလှောင်ခြင်း၊ Phone Clone ကို အသုံးပြုခြင်း၊ သုံးစွဲသူ၏ အခွင့်အရေးများကို ပြောင်းခြင်း သို့မဟုတ် PrivateSpace ကို ဖန်တီးခြင်းကဲ့သို့ ပိုင်ရှင်ကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်ချက်များကို အသုံးပြု၍ မရပါ။

  • ဧည့်သည်

    သင့်စက်ကို ယာယီသုံးစွဲရန်သာ လိုအပ်သူတစ်ဦးအတွက် ဧည့်သည် အကောင့်တစ်ခု ဖန်တီးနိုင်ပါသည်။

    ဧည့်သည် အကောင့်တစ်ခုသည် သင့်စက်ပေါ်ရှိ ကန့်သတ်ထားသော အခြေခံ လုပ်ဆောင်ချက်များကိုသာ သုံးစွဲနိုင်ပါသည်။ ဥပမာ ဧည့်သည်တစ်ဦးသည် SMS မက်ဆေ့ချ်များ ပေးပို့ခြင်း၊ မသိသော အက်ပ်များကို ထည့်သွင်းခြင်း၊ မတူညီသော Wi-Fi ကွန်ရက်တစ်ခုသို့ ကူးပြောင်းခြင်း သို့မဟုတ် မိုဘိုင်းဒေတာ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခွင့် မရှိပါ။

သုံးစွဲသူ သို့မဟုတ် ဧည့်သည် အကောင့်တစ်ခု ထည့်သွင်းခြင်း

  1. ဆက်တင် > သုံးစွဲသူများ နှင့် အကောင့်များ > သုံးစွဲသူများ ကို သွားပါ၊ သုံးစွဲသူ ပေါင်းထည့်ရန် သို့မဟုတ် ဧည့်သုံးစွဲသူ ပေါင်းထည့်ရန် ကို နှိပ်ပါ၊ ထို့နောက် အကောင့်တစ်ခု ထည့်သွင်းရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။

  2. သုံးစွဲသူ သို့မဟုတ် ဧည့်သည်အကောင့်သို့ ကူးပြောင်းရန် ပြောင်းလဲခလုတ် ကို နှိပ်ပါ။ အချက်ပြသည့်အတိုင်း အကောင့်သစ်အတွက် ဆက်တင်ကို စီစဉ်သတ်မှတ်ပါ။

  3. အက်ပ်များကို လိုအပ်သလို ထည့်သွင်းပါ။ အကယ်၍ အက်ပ်တစ်ခု၏ ပိုသစ်သော ဗားရှင်းကို အခြားသုံးစွဲသူက ထည့်သွင်းထားပါက ထိုအက်ပ် ထည့်သွင်းမှု အောင်မြင်မည် မဟုတ်ပါ။

သုံးစွဲသူ သုံးဦးနှင့် ဧည့်သည်အကောင့်တစ်ခုကို အများဆုံး ထည့်သွင်းနိုင်ပါသည်။

ဖုန်းဆက်ရန်နှင့် မက်ဆေ့ချ်များပို့ရန်အတွက် သုံးစွဲသူ သို့မဟုတ် ဧည့်သည်အကောင့်တစ်ခုအား ခွင့်ပြုပေးခြင်း

သုံးစွဲသူ သို့မဟုတ် ဧည့်သည်အကောင့်တစ်ခုက ဖုန်းဆက်ခွင့်၊ SMS မက်ဆေ့ချ်များ ပို့ခွင့်နှင့် အခြားအရာများကို လုပ်ဆောင်ခွင့် ရှိမရှိအား သင် သတ်မှတ်နိုင်ပါသည်။

  • သင့်စက်ကို စီမံအုပ်ချုပ်သူအဖြစ် ဝင်ရောက် သုံးစွဲပြီးပါက ဆက်တင် > သုံးစွဲသူများ နှင့် အကောင့်များ > သုံးစွဲသူများ သို့ သွားပါ။

  • သက်ဆိုင်ရာ အကောင့်ကို နှိပ်ပြီး သင် ပေးအပ်လိုသော ခွင့်ပြုချက်များကို ရွေးချယ်ပါ။

စီမံအုပ်ချုပ်သူ၊ သုံးစွဲသူနှင့် ဧည့်သည်အကြား ကူးပြောင်းခြင်း

အောက်ပါ နည်းလမ်းတစ်ခုခုကို သုံးစွဲခြင်းဖြင့် မတူညီသော အကောင့်တစ်ခုသို့ ကူးပြောင်းနိုင်သည်-

  • အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲပါ၊ ကို နှိပ်ပါ၊ ထို့နောက် သင် ကူးပြောင်းလိုသော အကောင့်၏ ပရိုဖိုင်းပုံကို နှိပ်ပါ။

  • ဆက်တင် > သုံးစွဲသူများ နှင့် အကောင့်များ > သုံးစွဲသူများ သို့ သွားပါ၊ သင် ကူးပြောင်းလိုသော အကောင့်၏ အမည်ကို နှိပ်ပါ။

သုံးစွဲသူ သို့မဟုတ် ဧည့်သည် အကောင့်တစ်ခုကို ဖျက်ခြင်း

သုံးစွဲသူ သို့မဟုတ် ဧည့်သည် အကောင့်တစ်ခုကို ဖျက်ပါက ၎င်းနှင့် သက်ဆိုင်သော ဒေတာအားလုံး ပျက်သွားပါမည်။ သတိထားပြီး လုပ်ဆောင်ပါ။

သင့်စက်ကို စီမံအုပ်ချုပ်သူအဖြစ် ဝင်ရောက်သုံးစွဲပြီးပါက သုံးစွဲသူ သို့မဟုတ် ဧည့်သည် အကောင့်တစ်ခုကို ဖျက်ရန် အောက်ပါ နည်းလမ်းများအနက်မှ တစ်ခုကို သုံးပါ-

  • ဆက်တင် > သုံးစွဲသူများ နှင့် အကောင့်များ > သုံးစွဲသူများ သို့ သွားပါ၊ သင် ဖျက်လိုသော အကောင့်၏ အမည်ကို နှိပ်ပါ၊ ထို့နောက် ၎င်းကို ဖျက်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။

  • အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲပါ၊ > နောက်ထပ် ဆက်တင်များ ကို နှိပ်ပါ၊ သင် ဖျက်လိုသော အကောင့်၏ အမည်ကို နှိပ်ပါ၊ ထို့နောက် ၎င်းကို ဖျက်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်