(အကောင့်ပြောင်းလဲခွင့်တောင်းခံခြင်း) ကျွန်ုပ်၏ချိတ်ဆက်နေသော ဖုန်းနံပါတ် (သို့) အီးမေးလ်လိပ်စာတို့ကို ဆက်လက်အသုံးမပြုတော့ပါက အကောင့်များကို ပြောင်းရန် (သို့) ချိတ်ဆက်မှုဖြတ်ရန် ဘယ်လိုပြုလုပ်ရမလဲ။
ချိတ်ဆက်ထားသော ဖုန်းနံပါတ် (သို့) အီးမေးလ်လိပ်စာကို ဆက်လက်အသုံးမပြုတော့ပါက အကောင့်များကို ပြောင်းရန် (သို့) ချိတ်ဆက်မှု ဖြတ်ရန် အကောင့်ပြောင်းလဲခွင့်တောင်းခံခြင်းကို တင်သွင်းရမည်။
မှတ်ချက်- သင် မကြာခဏအသုံးပြုလေ့ရှိသော စက် (သို့) ဘရောက်ဇာမှ တောင်းခံလွှာကို တင်သွင်းလျှင် တောင်းခံမှုအောင်မြင်နိုင်ခြေ ပို၍ မြင့်သည်။
1. သင်၏ဖုန်းမှ တောင်းခံလွှာကို တင်သွင်းလျှင် အောက်ပါတို့ကို ဆောင်ရွက်ပါ-
လော့ဂ်အင်ဝင်ရောက်ထားပါက- သင်၏ တောင်းခံလွှာကို တင်သွင်းရန် ဆက်တင် > HUAWEI ID > အကောင့်စင်တာ > အကောင့်နှင့်လုံခြုံရေး > လုံခြုံရေးအီးမေးလ် > အကောင့်ပြောင်းရန် > စတင်မည် သို့ သွားပါ။
လော့ဂ်အင် ဝင်ရောက်မထားပါက- သင်၏ တောင်းခံလွှာကို တင်သွင်းရန် ဆက်တင် > HUAWEI ID > ပြဿနာကို အစီရင်ခံမည် > ဖုန်းနံပါတ်/အီးမေးလ်လိပ်စာပြောင်းရန် > စတင်မည် သို့ သွားပါ။
2. ဘရောက်ဇာကို အသုံးပြုပြီး တောင်းခံလွှာကို တင်သွင်းပါက https://forgot.cloud.huawei.com/s1ကို သွားပါ။
အကြံပြုချက်များ-
1. အကောင့်ပြောင်းလဲခွင့်တောင်းခံလွှာ၏ အမှတ်စဉ်နံပါတ်ကို စစ်ဆေးပါ။
အကောင့်ပြောင်းလဲခွင့်တောင်းခံလွှာကို တင်သွင်းပြီးပါက အမှတ်စဉ်နံပါတ်ကို အလိုလျောက်ထုတ်ပေးပြီး သင်၏ ဖုန်းနံပါတ်အသစ် (သို့) အီးမေးလ်လိပ်စာအသစ်သို့ ပေးပို့လိမ့်မည်။
2. အကောင့်ပြောင်းလဲခွင့်တောင်းခံခြင်း၏ တိုးတက်မှုကို စစ်ဆေးပါ။
လော့ဂ်အင်ဝင်ရောက်ထားပါက- အကောင့်ပြောင်းလဲခွင့်တောင်းခံခြင်း၏ တိုးတက်မှုကို စစ်ဆေးရန် ဆက်တင် > HUAWEI ID > အကောင့်စင်တာ > အကောင့်နှင့်လုံခြုံရေး > လုံခြုံရေးအီးမေးလ် > အကောင့်ပြောင်းလဲမည် > အခြေအနေပြကိုစစ်ဆေးမည် သို့သွားပါ။
လော့ဂ်အင် ဝင်ရောက်မထားပါက- အကောင့်ပြောင်းလဲခွင့်တောင်းခံခြင်း၏ တိုးတက်မှုကို စစ်ဆေးရန် ဆက်တင် > HUAWEI ID > ပြဿနာကို အစီရင်ခံမည် > ဖုန်းနံပါတ်/အီးမေးလ်လိပ်စာပြောင်းရန် > အခြေအနေပြကိုစစ်ဆေးမည် သို့သွားပါ။
3. တုံပြန်မှုတစ်ခုရရှိရန် အချိန်ဘယ်လောက်စောင့်ရသလဲ။
သင်၏ HUAWEI ID တွင် သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပါဝင်သည်။ သင့်အကောင့်လုံခြုံရေးကို ကာကွယ်ရန်အတွက် အကောင့်ပြောင်းလဲခွင့်တောင်းခံမှုတစ်ခုချင်းစီကို ၎င်းတို့မှန်ကန်ကြောင်း သေချာရန် အသေးစိတ် စစ်ဆေးသည်။ တောင်းခံမှုကို လက်ခံ၊မခံ ရလဒ်ကို သင်၏အီးမေးလ်လိပ်စာ (သို့) SMS ဖြင့် သင်၏ဖုန်းသို့ ရုံးဖွင့်ရက် (3) ရက်အတွင်း ပေးပို့လာမည်။