HUAWEI ID ကို စာရင်းသွင်းပုံ။
ဆက်တင် > HUAWEI ID > စာရင်းသွင်းမည် သို့ သွားပြီး သင်၏ နိုင်ငံ/တိုင်းဒေသကြီး ကိုရွေးချယ်ပါ။ ထို့နောက် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
မှတ်ချက်-
1. သင်၏ HUAWEI ID ဖြင့် သင်၏ ဖုန်း(သို့) ဝက်ဆိုဒ်ပေါ်ရှိ Cloud၊ AppGallery၊ Wallet၊ HUAWEI Video၊ ဂီတ၊ Reader၊ HiCare၊ ပုံစံစသည်တို့ကို လော့ဂ်အင်ဝင်ရောက်နိုင်သည်။
2. HUAWEI ID ကို စာရင်းသွင်းရန် အီးမေးလ်လိပ်စာကို အသုံးပြုလျှင် သင်၏ အီးမေးလ်လိပ်စာသို့ အတည်ပြုအီးမေးလ်ပေးပို့လိမ့်မည်။ သင်၏အကောင့်စာရင်းသွင်းခြင်းကို အတည်ပြုရန် အတည်ပြုအီးမေးလ်ပါ လင့်ခ်အား (3)ရက်အတွင်း နှိပ်ရမည်။ အတည်ပြုအီးမေးလ်ပါ လင့်ခ်သည် (3)ရက်ထက်ကျော်လွန်သွားလျှင် သင်၏ HUAWEI ID ကို ထပ်မံစာရင်းသွင်းရမည်။
3. http://www.huawei.com တွင် စာရင်းသွင်းထားသော အကောင့်များသည် HUAWEI ID များနှင့် မတူပါ။