ကျွန်ုပ်၏ HUAWEI ID သို့ ဘယ်လိုနည်းလမ်းများဖြင့် လော့ဂ်အင်ဝင်ရောက်နိုင်ပါသလဲ။
အောက်ပါနည်းလမ်းများဖြင့် သင်၏ HUAWEI ID သို့ လော့ဂ်အင်ဝင်ရောက်နိုင်ပါသည်-
1. လော့ဂ်အင်ဝင်ရောက်ရန် သင်၏ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ (သို့) လော့ဂ်အင် ID နှင့် ၎င်းတို့၏ သက်ဆိုင်ရာစကားဝှက်ကို ရိုက်ထည့်ပါ။
မှတ်ချက်- လော့ဂ်အင် ID သည် HUAWEI ID စနစ်အတွင်း သင်၏ သူတစ်ပါးနှင့်မတူညီသော ID ဖြစ်ပြီး တစ်ခါသာလျှင် သတ်မှတ်နိုင်သည်။ လော့ဂ်အင် ID ကို သတ်မှတ်ရန် အကောင့်စင်တာ > ပရိုဖိုင်းပုံ > လော့ဂ်အင် ID သို့သွားပါ။
2. ပြင်ပအကောင့်တစ်ခု (Twitter သို့ Facebook)နှင့် လော့ဂ်အင်ဝင်ရောက်ပါ။
မှတ်ချက်- ပြင်ပအကောင့်နှင့် တည်ရှိပြီး HUAWEI ID တစ်ခု(သို့) HUAWEI ID အသစ်တစ်ခုကို ချိတ်ဆက်ရန်လိုသည်။
3. လော့ဂ်အင်ဝင်ရောက်ရန် SMS အတည်ပြုမှု ကုဒ်ကို အသုံးပြုပါ။
4. သင့်ဖုန်း၏ QR ကုဒ်ကို စကန်ဖတ်ရန် သင်၏ HUAWEI ID နှင့် လော့ဂ်အင်ဝင်ရောက်ထားသော စက်ကို အသုံးပြုပါ။
မှတ်ချက်- စက်နှစ်ခုလုံးတွင် HMS Core(Huawei Mobile Services) ဗားရှင်း 2.6.5.300 (သို့) နောက်ထွက်ဗားရှင်းကို လုပ်ဆောင်နေပါစေ။ သင့်ဖုန်းတွင် QR ကုဒ်ကို ပြသရန် HUAWEI ID လော့ဂ်အင်မျက်နှာပြင်၏ ညာဘက်အပေါ်ထောင့်ရှိ ကုဒ်အိုင်ကွန်ကို နှိပ်ပါ။ သင်၏ HUAWEI ID လော့ဂ်အင်ဝင်ရောက်ထားသော စက်တွင် အကောင့်စင်တာ မျက်နှာပြင်ကို ဝင်ရောက်ပြီး စတင်စကန်ဖတ်ရန် ညာဘက်အပေါ်ထောင့်ရှိ စကန်အိုင်ကွန်ကို နှိပ်ပါ။