မြင်ကွင်းကျယ် သို့မဟုတ် အဝေးသို့ ဆုံချက်ချိန်သည့် ဓာတ်ပုံများ ရိုက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 20 Pro(single sim card 6gb+128gb、dual sim card 6gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
မြင်ကွင်းကျယ် သို့မဟုတ် အဝေးသို့ ဆုံချက်ချိန်သည့် ဓာတ်ပုံများ ရိုက်ခြင်း

သင့်စက်ကင်မရာ၏ ဇူးမ်ချုံ့၊ ချဲ့နိုင်စွမ်းများကို သုံး၍ သင်သည် ပိုကျယ်သော မြင်ကွင်းကို ရိုက်ကူးနိုင်သည် သို့မဟုတ် ပိုမိုဝေးကွာသော ရှုခင်းများကို ရိုက်ကူးနိုင်သည်။

အဝေးမှနေ၍ ဓာတ်ပုံများရိုက်ကူးခြင်း

  1. ကင်မရာ ကို ဖွင့်ပြီး ဓာတ်ပုံ စနစ်ကို ရွေးချယ်ပါ။

  2. သင် ရိုက်ကူးလိုသည့် အဝေးမှ အရာဝတ္ထုကို ကင်မရာဖြင့် ချိန်ပါ။ ဇူးမ်ကို ချိန်ညှိရန် ဇူးမ်ဆလိုက်ဒါကို ဆွဲရွှေ့ပါ သို့မဟုတ် လက်နှစ်ချောင်းဖြင့် ချုံ့ သို့မဟုတ် ချဲ့ပါ။

    ပုံရိပ်ကြည်လင်ပြတ်သားမှုကို အမြင့်ဆုံးတန်ဖိုးတွင် သတ်မှတ်ထားသောအခါ ဇူးမ်ကို ချိန်ညှိ၍ ရနိုင်မည် မဟုတ်ပါ။

  3. Viewfinder ထဲတွင် သင် ဆုံချက်ချိန်လိုသည့်နေရာကို နှိပ်ပါ။ ကင်မရာဖြင့် ဆုံချက်ချိန်ထားစဉ် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်