VPN ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ခြင်း |
သင့် VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ VPN ဆာဗာအမည်နှင့် လိပ်စာကို ရယူပါ။
သို့ သွားပြီး VPN အမည်ကို ရိုက်ထည့်ကာ ဆာဗာ အမျိုးအစားကို PPTP သို့ သတ်မှတ်ပြီးနောက် ဆာဗာ လိပ်စာကို ရိုက်ထည့်ပါ။
VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့် ရွေးချယ်မှုများအား ပြသမှု ကို နှိပ်ပြီးနောက် DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။
သိမ်းမည် ကို နှိပ်ပါ။
ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက်သွယ်သည် ကို နှိပ်ပါ။
L2TP/IPSec PSK ဆာဗာနှင့် ချိတ်ဆက်ခြင်း
VPN ဆာဗာ အမည်၊ ဆာဗာ လိပ်စာ၊ L2TP ကီး (ဆန္ဒရှိလျှင်)၊ IPSec အမှတ်သင်္ကေတ (ဆန္ဒရှိလျှင်) နှင့် IPSec ကြိုတင်ဝေမျှထားသော ကီးကို သင်၏ VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ ရယူပါ။
သို့ သွား၍ VPN ဆာဗာ အမည်ကို ရိုက်ထည့်ပါ၊ ဆာဗာ အမျိုးအစားကို L2TP/IPSec PSK သို့ သတ်မှတ်ပြီးနောက် ဆာဗာ လိပ်စာ၊ L2TP ကီး၊ IPsec အမှတ်သင်္ကေတနှင့် IPsec ကြိုတင်ဝေမျှထားသောကီးကို ရိုက်ထည့်ပါ။
VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့် ရွေးချယ်မှုများအား ပြသမှု ကို နှိပ်ပြီး DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။
သိမ်းမည် ကို နှိပ်ပါ။
ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက်သွယ်သည် ကို နှိပ်ပါ။