5G ဖွင့်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate Xs Dual SIM Card 8GB+512GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
5G ဖွင့်ခြင်း
 
  • 5G ကို နိုင်ငံအချို့နှင့် ဒေသအချို့တွင်သာ ရရှိနိုင်သည်။
  • စက်အားလုံးတွင် 5G ကို သုံး၍မရပါ။

5G ဆိုသည်မှာ မိုဘိုင်းဆက်သွယ်ရေးနည်းပညာ၏ ငါးဆက်မြောက် မျိုးဆက်ကို ရည်ညွှန်းပါသည်။ 4G ကွန်ရက်တစ်ခုနှင့် နှိုင်းယှဉ်ပါက 5G ကွန်ရက်သည် ဒေတာ ထုတ်လွှင့်နှုန်း ပိုမိုမြင့်မားပြီး နှောင့်နှေးမှု ပိုတိုတောင်းပါသည်။

SIM ကတ်နှစ်ခုကို ထည့်သွင်းထားပါက ပုံသေ မိုဘိုင်းဒေတာ SIM ကတ်သည် 5G ကို ပံ့ပိုးပြီး အခြားကတ်သည် 4G/3G/2G ကိုသာ ပံ့ပိုးပါမည်။

  1. 5G ဝန်ဆောင်မှုသည် သင့် ဆက်သွယ်ရေး ကယ်ရီယာ၏ ပံ့ပိုးမှုနှင့် ၎င်း၏ သက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်မှုပေါ် မူတည်ပါသည်။ 5G ဝန်ဆောင်မှုကို သက်ဝင်လုပ်ဆောင်ရန်အတွက် သင့် ဆက်သွယ်ရေး ကယ်ရီယာအား ဆက်သွယ်ပါ။

  2. သင့်စက်တွင် SIM ကတ် နှစ်ကတ်ထည့်ထားပါက ဆက်တင် > မိုဘိုင်းကွန်ရက် > SIM စီမံခန့်ခွဲမှု သို့ သွားပြီး SIM 1 သို့မဟုတ် SIM 2 ကို ပုံသေ မိုဘိုင်းဒေတာ SIM အဖြစ် သတ်မှတ်ပါ။

  3. ဆက်တင် > မိုဘိုင်းကွန်ရက် > မိုဘိုင်းဒေတာ သို့ သွားပြီး ပုံသေ မိုဘိုင်းဒေတာ SIM အတွက် 5G ကို ဖွင့်ပါ။

ဆက်သွယ်ရေး ကယ်ရီယာ ကွန်ရက်တွင် မကြာခဏ ပြတ်တောက်မှုများကြောင့် 5G ဝန်ဆောင်မှုကို အချို့သော ဒေသများတွင် မရနိုင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်