သင့်စက်ကို အားသွင်းခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
သင့်စက်ကို အားသွင်းခြင်း

အားကုန်တော့မည့်အခါ သင့်စက်က သင့်ကို သတိပေးပါမည်။ အားကုန်သွားသည့်အခါ အလိုအလျောက် ပိတ်ကျသွားခြင်း မဖြစ်စေရန် သင့်စက်ကို အချိန်မီ အားသွင်းကြောင်း သေချာပါစေ။

အားသွင်းရာတွင် ကြိုတင်ကာကွယ်ရမည့် အရာများ

  • သင့်စက်နှင့်အတူ ပါရှိသော စံနှုန်းမီ အဒက်တာနှင့် USB ကြိုးကို အသုံးပြုပြီး သင့်စက်ကို အားသွင်းပါ။ အခြားသော အားသွင်းကိရိယာများ သို့မဟုတ် USB ကြိုးများကို အသုံးပြုခြင်းဖြင့် ထပ်တလဲလဲ ပြန်လည်စတင်ခြင်း၊ အားသွင်းမှု နှေးကွေးခြင်း၊ အပူလွန်ကဲခြင်း သို့မဟုတ် အခြားသော မလိုလားအပ်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
  • အားသွင်း ကိရိယာ သို့မဟုတ် အခြား စက်ကို USB အပေါက်တွင် ချိတ်ဆက်လိုက်သည့်အခါ သင့်စက်က ဘေးကင်းရေး စစ်ဆေးမှုကို အလိုအလျောက် လုပ်ဆောင်ပါမည်။ USB အပေါက်ထဲတွင် ရေငွေ့ကို တွေ့ရှိလျှင် သင့်စက်သည် ဘေးကင်းရေး ဆောင်ရွက်ချက်များကို အလိုအလျောက် သက်ဝင်လုပ်ဆောင်စေပြီး အားသွင်းခြင်းကို ရပ်တန့်လိုက်ပါမည်။ သင့်စက်ကို USB အပေါက်မှ ချိတ်ဆက်မှု ဖြုတ်ပြီး USB အပေါက် ခြောက်သွေ့သည်အထိ စောင့်ပါ။
  • ဘက်ထရီ အားပြည့်ရန် လိုအပ်သောအချိန်သည် ဝန်းကျင်အပူချိန်နှင့် ဘက်ထရီ သက်တမ်းအပေါ် မူတည်ပါသည်။
  • ဘက်ထရီများတွင် အားသွင်းသည့် အကြိမ်ရေ ကန့်သတ်ချက်ရှိပါသည်။ ဘက်ထရီ သက်တမ်း သိသိသာသာ တိုတောင်းလာပါက ခွင့်ပြုချက်ရ Huawei ဖောက်သည် ဝန်ဆောင်မှု စင်တာသို့ သွားပြီး ဘက်ထရီ အသစ်လဲပါ။
  • အားသွင်းစဉ် သင့်စက် သို့မဟုတ် အားသွင်းကိရိယာများကို ဖုံးအုပ်မထားပါနှင့်။
  • အထူးသဖြင့် မြင့်မားသော အပူချိန်တွင် အချိန်အတော်ကြာ သင့်စက်ကို အသုံးပြုထားလျှင် ၎င်းက ပူလာနိုင်ပါသည်။ ဤအခြေအနေတွင် အားသွင်းခြင်းကို ရပ်ပြီး လုပ်ဆောင်ချက် အချို့ကို ပိတ်ကာ သင့်စက်ကို အေးသော နေရာတစ်နေရာသို့ ရွှေ့ပါ။
  • အားသွင်းနေစဉ် သင့်စက်ကို အသုံးမပြုပါနှင့်။
  • ပါဝါ ခလုတ်ကို ဖိ၍ နှိပ်ပြီးသည့်တိုင် သင့်စက်က မတုံ့ပြန်ပါက ဘက်ထရီ အားမရှိတော့ခြင်း ဖြစ်နိုင်သည်။ 10 မိနစ်ကြာ အားသွင်းပြီးနောက် ပါဝါ ဖွင့်ပါ။

သင့်စက်နှင့်အတူ ပါရှိသော အားသွင်းကိရိယာကို အသုံးပြုခြင်း

  1. သင့်စက်နှင့် အဒက်တာကို ချိတ်ဆက်ရန် သင့်စက်နှင့်အတူ ပါရှိသော USB ကြိုးကို အသုံးပြုပါ။

  2. အဒက်တာကို ပါဝါ ပလတ်ပေါက်ထဲ ထိုးပါ။

ကြိုးမဲ့ အားသွင်း ကိရိယာကို အသုံးပြုခြင်း

ကြိုးမဲ့ အားသွင်း ကိရိယာတွင် အဒက်(ပ်)တာ၊ ကြိုးနှင့် အားသွင်းအပြားတို့ ပါဝင်သည်။ ဘေးကင်းစွာ အားသွင်းနိုင်စေရန် တရားဝင် Huawei ဆိုင်မှ အားသွင်းအပြားကို ဝယ်ယူပြီး သင်၏ စက်နှင့်အတူ ပါရှိသော အဒက်(ပ်)တာနှင့် USB ကြိုးကို အသုံးပြုပါ။

သင်၏ စက်ကို ကြိုးမဲ့နည်းဖြင့် အမြန်အားသွင်းရန် အလွန်မြန်စွာ အားသွင်းပေးနိုင်သည့် အားသွင်းအပြားကို ဝယ်ယူပါ။

  1. USB ကြိုးကိုသုံးပြီး အဒက်(ပ်)တာနှင့် အားသွင်းအပြားကို ချိတ်ဆက်ပြီးနောက် အဒက်(ပ်)တာကို မီးပလတ်ပေါက်ထဲ ထိုးပါ။

  2. အားသွင်းအပြားကို စားပွဲပေါ်တွင် တင်ထားပြီးနောက် သင့်စက်မျက်နှာပြင်ကို အပေါ်ဘက်သို့ မျက်နှာမူလျက် စက်ကို အားသွင်းအပြား၏ အလယ်တွင် ထားပါ။

  3. တတီတီမြည်သံ ကြားသည့်အခါ သင့်စက်ကို စတင် အားသွင်းပါမည်။

    • သင်သည် ဗို့အားမြင့် အလွန်မြန်စွာ အားသွင်းပေးသော အဒက်(ပ်)တာကို အသုံးပြုသည့်အခါ အားသွင်းအပြားသည် အလွန်မြန်ဆန်လှသော နှုန်းဖြင့် စက်ကို အားသွင်းပေးပါမည်။ ကြိုးမဲ့ SuperCharge အိုင်ကွန် ကို လော့ခ်မျက်နှာပြင်ပေါ်တွင် ပြသပါမည်။

    • သင်သည် ဗို့အားမြင့် မြန်စွာ အားသွင်းပေးသော အဒက်(ပ်)တာကို အသုံးပြုသည့်အခါ အားသွင်းအပြားသည် မြန်ဆန်လှသော နှုန်းဖြင့် စက်ကို အားသွင်းပေးပါမည်။ ကြိုးမဲ့ QuickCharge အိုင်ကွန် ကို လော့ခ်မျက်နှာပြင်ပေါ်တွင် ပြသပါမည်။

    • သင့်အနေဖြင့် ပုံမှန် အဒက်(ပ်)တာကို အသုံးပြုပါက အားသွင်းအပြားသည် စက်ကို ပုံမှန် အားသွင်းသည့်နှုန်းဖြင့် အားသွင်းပါမည်။ ကြိုးမဲ့ ပုံမှန် အားသွင်းမှု အိုင်ကွန် ကို လော့ခ်မျက်နှာပြင်ပေါ်တွင် ပြသပါမည်။

အားသွင်းအပြား အချက်ပြမီး

အကြောင်းအရာ

တစ်ချက် မှိတ်တုတ်မှိတ်တုတ် လင်းသည်

အားသွင်း ကိရိယာကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးသည့် ကိရိယာနှင့် မှန်ကန်စွာ ချိတ်ဆက်ထားသည်။

တောက်လျှောက်လင်းနေသည်

အားသွင်းနေသည်။

မြန်စွာ မှိတ်တုတ်မှိတ်တုတ် လင်းသည်

အားသွင်းရာတွင် ချို့ယွင်းမှု ဖြစ်ပွားခဲ့သည်။

PC သုံးပြီး သင့်စက်ကို အားသွင်းခြင်း

  1. USB ကြိုးကို သုံးပြီး သင့်စက်ကို PC သို့မဟုတ် အခြား စက်နှင့် ချိတ်ဆက်ပါ။
  2. USB သုံးစွဲမှု အကြောင်းအရင်း ဒိုင်ယာလော့ဂ် ဘောက်စ်ကို သင့်စက်တွင် ပြသထားသည့်အခါ အားသွင်းရန်သာ ကို နှိပ်ပါ။

    ယခင်က အခြား ရွေးချယ်မှုကို သတ်မှတ်ထားလျှင် ဒိုင်ယာလော့ဂ် ဘောက်စ် ပေါ်လာမည် မဟုတ်ပါ။ အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲ၍ ဆက်တင် ကို နှိပ်ပြီးနောက် အားသွင်းရန် အတွက်သာ ကို ရွေးချယ်ပါ။

ဘက်ထရီ အိုင်ကွန်များအကြောင်း အကျဉ်းချုပ်

စက်မျက်နှာပြင်ပေါ်ရှိ ဘက်ထရီ အိုင်ကွန်ကို ကြည့်ပြီး ဘက်ထရီ ပမာဏကို စစ်ဆေးနိုင်ပါသည်။

ဘက်ထရီ အိုင်ကွန်

ဘက်ထရီ ပမာဏ

ဘက်ထရီ 4% အောက်သာ ကျန်သည်

အားသွင်းနေသည်၊ ဘက်ထရီ 10% အောက်သာ ကျန်သည်

အားသွင်းနေသည်၊ ဘက်ထရီ 10% မှ 90% အတွင်း ကျန်သည်

အားသွင်းနေသည်၊ ဘက်ထရီ အနည်းဆုံး 90% ကျန်သည်

ဘက်ထရီ အိုင်ကွန်ဘေးတွင် 100% ကို ပြသပါက သို့မဟုတ် လော့ခ်မျက်နှာပြင်ပေါ်တွင် အားသွင်းပြီးကြောင်း မက်ဆေ့ချ် ပေါ်လာပါက ဘက်ထရီ အားပြည့်သွားပါပြီ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်