စနစ်ကို အွန်လိုင်းတွင် အပ်ဒိတ်လုပ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P smart S,HUAWEI Y8p
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စနစ်ကို အွန်လိုင်းတွင် အပ်ဒိတ်လုပ်ခြင်း

အပ်ဒိတ်တစ်ခုရနိုင်သည့်အခါ သင့်စက်သည် အပ်ဒိတ်ပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရန် တောင်းဆိုသွားပါမည်။

 
  • အပ်ဒိတ်မလုပ်မီ သင့်စက်သည် တရားဝင် စနစ်ဗားရှင်းကို ထည့်သွင်းထားခြင်းရှိမရှိ သေချာစစ်ဆေးပါ။ သို့မဟုတ်ပါက အပ်ဒိတ်မအောင်မြင်ဘဲ အမည်မသိပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။

  • အပ်ဒိတ်မလုပ်မီ သင့်စက်ကို ဘက်ခ်အပ်လုပ်ထားပါ။

  • အပ်ဒိတ်လုပ်ပြီးနောက် စနစ်အသစ်နှင့် ကိုက်ညီမှုမရှိသော ပြင်ပအဖွဲ့အစည်း အက်ပ်များ ရနိုင်တော့မည် မဟုတ်ပါ။ အချို့ကိစ္စရပ်များတွင် ကိုက်ညီမှု ရှိသော အက်ပ်ဗားရှင်း ထုတ်ဝေနိုင်ရန် အချိန်အနည်းငယ်ကြာနိုင်သည်။

  • အပ်ဒိတ်လုပ်နေစဉ် သင့်စက်ကို ပါဝါပိတ်ခြင်း သို့မဟုတ် ပြန်လည်စတင်ခြင်း၊ မမ်မိုရီကတ်ကို ဖယ်ရှားခြင်း သို့မဟုတ် မမ်မိုရီကတ်ကို ထည့်သွင်းခြင်းတို့ မလုပ်ပါနှင့်။

  1. ဆက်တင် > စနစ်နှင့် အပ်ဒိတ်များ သို့ သွားပြီး ဆော့ဖ်ဝဲ အပ်ဒိတ် ကို နှိပ်ပါ။

  2. အပ်ဒိတ်တစ်ခု ရနိုင်သည့်အခါ အပ်ဒိတ်ပက်ကေ့ချ်ကို ကိုယ်တိုင်ကိုယ်ကျ ဒေါင်းလုဒ်လုပ်၍ ထည့်သွင်းနိုင်သလို သင့်စက်ကို ညအိပ်သည့်အခါ အလိုအလျောက် အပ်ဒိတ်လုပ်နိုင်ပါသည်။

    • အပ်ဒိတ်ပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းခြင်း- ဗားရှင်းအသစ် > ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းမည် သို့ သွားပါ။ ဒေတာအသုံးပြုခြင်းများ မရှိစေရန် အပ်ဒိတ်ပက်ကေ့ချ်ကို ဒေါင်းလုဒ်လုပ်သည့်အခါ သင့်စက်ကို Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ပါ။

      အပ်ဒိတ်လုပ်ပြီးသည်နှင့် သင့်စက်သည် အလိုအလျောက် ပြန်လည်စတင်ပါမည်။

    • ညအိပ်ချိန်တွင် အပ်ဒိတ်လုပ်ရန်- ကို နှိပ်ပြီး Wi-Fi မှတစ်ဆင့် အော်တို ဒေါင်းလုဒ်လုပ်ရန် နှင့် ညတွင်းချင်း အပ်ဒိတ်လုပ်ဆောင်မှု ကို ဖွင့်ပါ။

      သင့်စက်သည် 02:00 – 04:00 အတွင်းတွင် အလိုအလျောက်အပ်ဒိတ်လုပ်ပြီး ပြန်လည်စတင်ပါမည်။

      ညအိပ်ချိန်တွင် အောင်မြင်စွာ အပ်ဒိတ်လုပ်နိုင်ရန်အတွက် သင့်စက်ကို ပါဝါဖွင့်ထားပါ၊ မျက်နှာပြင်ကို လော့ခ်ချထားပြီး ဤအချိန်အပိုင်းအခြားအတွင်း နှိုးစက်သတ်မှတ်ထားခြင်းမရှိစေရဘဲ ဘက်ထရီပမာဏသည် 35% အထက်တွင် ရှိနေရပါမည်။ လိုအပ်လျှင် သင့်စက်ကို အားသွင်း ကိရိယာနှင့် ချိတ်ဆက်ပါ။

အလိုအလျောက် အပ်ဒိတ်လုပ်ခြင်းကို ပိတ်ရန် ကို ဆော့ဖ်ဝဲ အပ်ဒိတ် မျက်နှာပြင်ပေါ်တွင် နှိပ်ပြီး Wi-Fi မှတစ်ဆင့် အော်တို ဒေါင်းလုဒ်လုပ်ရန် ကို ပိတ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်