အလှပုံ၊ ညရိုက်ကူးမှုနှင့် အလင်းဝင်ပေါက်ကျယ် စနစ်များဖြင့် ရိုက်ကူးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P40 lite 5G(huawei nova 7 se dual sim 8gb+128gb),HUAWEI nova 7 SE(dual sim 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အလှပုံ၊ ညရိုက်ကူးမှုနှင့် အလင်းဝင်ပေါက်ကျယ် စနစ်များဖြင့် ရိုက်ကူးခြင်း

အလှပုံများ ရိုက်ကူးရန် အလှပုံ စနစ်ကို အသုံးပြုခြင်း

ရင်သပ်ရှုမောဖွယ် အလှပုံများ ရိုက်ကူးနိုင်ရန်အတွက် အလှပုံစနစ်သည် သင့်ဓာတ်ပုံများတွင် အလှအပနှင့် အလင်းအထူးပြုလုပ်ချက်များကို ထည့်နိုင်စေသည်။

  1. ကင်မရာ ကို ဖွင့်ပြီး အလှပုံ စနစ်ကို ရွေးချယ်ပါ။

  2. သင်ရိုက်ကူးမည့်အရာကို viewfinder အတွင်း ဝင်အောင်ထည့်ပါ။

    ဆဲလ်ဖီ ရိုက်ကူးရန် ကို နှိပ်ပါ။

  3. ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
    • အလှအပ အထူးပြုလုပ်ချက်ကို ဖွင့်ရန်- အလှဆက်တင်ကို ချိန်ညှိရန် ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲပါ။ တန်ဖိုးပိုကြီးပါက ပိုမိုထင်ရှားသော အလှအပ အထူးပြုလုပ်ချက်ကို ရရှိစေပါမည်။

      အလှအပ အထူးပြုလုပ်ချက်ကို ပိတ်ရန် ဆက်တင်ကို အနည်းဆုံးတန်ဖိုးသို့ ဆွဲပါ သို့မဟုတ် ကို နှိပ်ပါ။

    • အလင်း အထူးပြုလုပ်ချက် သတ်မှတ်ရန်- ကို နှိပ်ပြီး သင်နှစ်သက်သည့် အထူးပြုလုပ်ချက်တစ်ခုကို ရွေးချယ်ပါ။

  4. ဓာတ်ပုံရိုက်ရန် ကို နှိပ်ပါ။

ညရိုက်ကူးမှုကို ရိုက်ခြင်း

ညသုံး စနစ်သည် အလင်းရောင် အားနည်းခြင်းနှင့် ညဘက်တွင် ဓာတ်ပုံရိုက်ခြင်းကြောင့် ဖြစ်ပွားသည့် ပြဿနာများကို ဖြေရှင်းပေးပြီး သင့်ဓာတ်ပုံများကို ပို၍ အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစေကာ အရောင်များ ပိုမိုတောက်ပစေပါသည်။

နောက်ခံတွင် အလင်းရောင်ရှိသော အရာဝတ္ထုများနှင့် ရေတံခွန်များကဲ့သို့ စီးဆင်းနေသည့် ရေပါဝင်သော ရှုခင်းများကိုရိုက်ကူးသည့်အခါတွင်လည်း အလင်းအမှောင် ပို၍ ပြတ်သားစေရန် သို့မဟုတ် ပို၍ ချောမွေ့ပြီး silky water ပြုလုပ်ချက်ကို ဖန်တီးရန် ညသုံး စနစ်ကို အသုံးပြုနိုင်ပါသည်။

  1. ကင်မရာ ကို ဖွင့်ပြီး စနစ်ကို ရွေးချယ်ပါ။

  2. သင်သည် အနောက်ကင်မရာကို အသုံးပြုနေပါက ISO တုံ့ပြန်နိုင်စွမ်းကို ချိန်ညှိရန် viewfinder ပေါ်ရှိ ကို နှိပ်ပါ သို့မဟုတ် ရှပ်တာမြန်နှုန်းကို ချိန်ညှိရန် ကို နှိပ်ပါ။

  3. သင့်စက်ကို ငြိမ်အောင်ထားပြီး ကို နှိပ်ပါ။

  4. သင့်စက်သည် ဝန်းကျင်အလင်းရောင် တောက်ပမှုအပေါ်အခြေခံ၍ အလင်းဝင်ပေါက်အချိန်ကို ချိန်ညှိပေးပါမည်။ သင့်စက်ကို ငြိမ်အောင် ထားပါ။

    ရေတွက်မှု မပြီးခင် ရိုက်ခြင်းကို မရပ်ပါနှင့် သို့မဟုတ်ပါက သင့်ဓာတ်ပုံများ မှုန်ဝါးပြီး ထွက်လာနိုင်ပါသည်။

ညဘက် အလှပုံများ ရိုက်ရန် ရှေ့ကင်မရာကို သုံးခြင်း

ညဘက် ဆဲလ်ဖီပုံ ရိုက်ကူးရန် သို့မဟုတ် အလင်းရောင် အလုံအလောက် မရှိသောအခါ ရှေ့ကင်မရာကို ညသုံး စနစ်ဖြင့် အသုံးပြုနိုင်ပါသည်။

အလင်းမှိန်သော ပတ်ဝန်းကျင်တွင် သင့်မျက်နှာကို မီးထိုးပေးထားသည့် ဓာတ်ပုံကို ရရှိရန် ဖလက်ရှ်မီး ဖွင့်နိုင်ပါသည်။

  1. ကင်မရာ ကို ဖွင့်ပြီး စနစ်ကို ရွေးချယ်ပါ။

  2. ရှေ့ကင်မရာသို့ ပြောင်းရန် ကို နှိပ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်သည်-

    • ထိပ်ဆုံးရှိ ဖလက်ရှ် အိုင်ကွန်ကို နှိပ်ပါ။

      ယင်းက (အော်တို)၊ (ပိတ်) သို့မဟုတ် (အမြဲတမ်းဖွင့်) ကို ရွေးချယ်နိုင်စေပါသည်။

    • ကို နှိပ်ပြီး အလှအပ အဆင့်ကို ချိန်ညှိပါ။

  3. သင့်စက်ကို ငြိမ်အောင်ထားပြီး ကို နှိပ်ပါ။

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးခြင်း

အလင်းဝင်ပေါက်ကျယ် စနစ်ကိုသုံး၍ သင်သည် ရိုက်မည့် အရာဝတ္ထုကို ထင်ရှားနေအောင် ဆုံချက်ချိန်ထားစဉ် နောက်ခံကို မှုန်ဝါး၍ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်ပါသည်။

  1. ကင်မရာ > နောက်ထပ် ကို ဖွင့်ပြီး အလင်းဝင်ပေါက် စနစ်ကို ရွေးချယ်ပါ။

  2. သင်ဆုံချက်ချိန်လိုသည့် နေရာကို နှိပ်ပါ။ အကောင်းဆုံး ရလဒ်များ ရရှိရန် သင့်စက်သည် အရာဝတ္ထုမှ 2 မီတာ (7 ပေခန့်) အတွင်း ရှိရန် လိုသည်။

  3. Viewfinder ထဲရှိ ကို နှိပ်ပြီး အလင်းဝင်ပေါက် ဆက်တင်များကို ချိန်ညှိရန် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။ အလင်းဝင်ပေါက် တန်ဖိုး နည်းလေ ပိုမိုမှုန်ဝါးသော နောက်ခံကို ရရှိလေ ဖြစ်ပါသည်။

  4. ဓာတ်ပုံ သို့မဟုတ် ဗီဒီယို ရိုက်ကူးရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။ ရိုက်ကူးနေစဉ် ဆုံချက်ချိန်ညှိရန် viewfinder ကို နှိပ်ပါ။

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံများတွင် နောက်ခံအဝါးကို တည်းဖြတ်ခြင်း

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံကို ရိုက်ယူပြီးနောက် ဆုံချက်နှင့် နောက်ခံ အဝါးကို ချိန်ညှိနိုင်သည်။

  1. ပုံပြခန်း > အယ်လ်ဘမ် > ကင်မရာ သို့သွားပါ။

  2. ဖြင့် တဂ်တွဲထားသော ဓာတ်ပုံကို နှိပ်ပြီးနောက် ဓာတ်ပုံ၏ အပေါ်ပိုင်းရှိ ကို နှိပ်ပါ။

  3. ဆုံချက်ကို ချိန်ညှိရန် ဓာတ်ပုံကို နှိပ်ပါ။ အလင်းဝင်ပေါက်ကို ချိန်ညှိရန် အောက်ခြေရှိ ဆလိုက်ဒါကို ဆွဲပါ။

  4. ဆက်တင်ကို သိမ်းဆည်းရန် ကို နှိပ်ပါ။

  5. တည်းဖြတ်ထားသော ဓာတ်ပုံကို ဓာတ်ပုံအသစ်အဖြစ် သိမ်းဆည်းရန် ကို နှိပ်ပါ။ ဓာတ်ပုံအသစ်သည် နောက်ခံ အဝါး တည်းဖြတ်ခြင်းကို ခွင့်မပြုပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်