AI ကင်မရာ

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P40 lite 5G(huawei nova 7 se dual sim 8gb+128gb),HUAWEI nova 7 SE(dual sim 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
AI ကင်မရာ

AI ကင်မရာအရာဝတ္ထုများနှင့် မြင်ကွင်းများကို အသိဉာဏ်ရှိရှိ ခွဲခြားသတ်မှတ်ပြီး ကင်မရာ ဆက်တင်များကို အကောင်းဆုံး ကိုက်ညီအောင် ချိန်ညှိခြင်းဖြင့် ပိုမိုကောင်းမွန်သော ဓာတ်ပုံများကို ရိုက်ကူးနိုင်အောင် ကူညီပေးမည့် ကြိုတင်ထည့်သွင်းထားသော ကင်မရာ လုပ်ဆောင်ချက်ဖြစ်သည်။

AI ကင်မရာသည် စင်များ၊ ကမ်းခြေများ၊ အပြာရောင်ကောင်းကင်များ၊ သစ်ပင်၊ ပန်းပင်များနှင့် စာသားများကဲ့သို့သော မြင်ကွင်းမျိုးစုံကို ခွဲခြားသတ်မှတ်ပေးနိုင်သည်။

  1. ကင်မရာ ကို ဖွင့်၍ ဓာတ်ပုံ စနစ်ကို ရွေးချယ်ပါ။

  2. AI ကင်မရာကို ဖွင့်ထားကြောင်း သေချာစေရန် ကို နှိပ်ပါ။

  3. ရိုက်ကူးမည့်အရာကို viewfinder ထဲဝင်အောင် ချိန်ပါ။ AI ကင်မရာက သင်ရိုက်နေသည့်အရာကို ခွဲခြားသတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် (အလှပုံ၊ သစ်ပင်၊ ပန်းပင် သို့မဟုတ် စာသားကဲ့သို့) စနစ်တစ်ခုကို အလိုအလျောက် အကြံပြုပေးပါမည်။

  4. အကြံပြုပေးသည့် စနစ်ကို ပိတ်ရန် စနစ်စာသားဘေးရှိ ကို နှိပ်ပါ သို့မဟုတ် AI ကင်မရာကို ပိတ်ရန် ကို နှိပ်ပါ။

လ စနစ်ကို အသုံးပြုခြင်း

  1. ကင်မရာ ကို ဖွင့်ပြီး ဓာတ်ပုံ စနစ်ကို ရွေးချယ်ပါ။

  2. AI ကင်မရာကို ဖွင့်ရန် ကို ဖွင့်ပါ။

  3. လကို ကင်မရာဖြင့် ချိန်ထားပြီးနောက် ဇူးမ်ကို 10x နှင့်အထက် ချိန်ညှိရန် viewfinder ပေါ်တွင် သင့် လက်ချောင်းများကို ဆွဲဖြန့်လိုက်ပါ။ သင့်စက်က လကို ရှာဖွေ တွေ့ရှိသောအခါ စနစ်သို့ အလိုအလျောက် ဝင်ရောက်သွားပါမည်။

  4. ဓာတ်ပုံရိုက်ကူးရန် ကို နှိပ်ပါ။

စနစ်သည် အနည်းဆုံး တစ်ဝက်အထိ လပြည့်နေမှသာ လကို ခွဲခြားသိရှိနိုင်ပါသည်။ လကို တိမ်များ ဖုံးနေပါက စနစ်ကို စတင်နိုင်မည် မဟုတ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်