အဝင်ခေါ်ဆိုမှုများကို စီမံခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Y7p,HUAWEI P40 lite E
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အဝင်ခေါ်ဆိုမှုများကို စီမံခြင်း

သင် ဖုန်းပြောနေသောကြောင့် လိုင်းမအားသည့်အခါ အဝင်ခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားရန် ခေါ်ဆိုမှု စောင့်ဆိုင်းခြင်း လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။ သင့်စက်က ချွတ်ယွင်းနေသောကြောင့် သို့မဟုတ် ကွန်ရက်လိုင်း မကောင်းသောကြောင့် ဖုန်းမဖြေနိုင်ပါက ဖုန်းခေါ်ဆိုမှုများကို အခြားနံပါတ် သို့မဟုတ် စက်သို့ လွှဲပြောင်းပေးရန် အဝင်ဖုန်း လွှဲပြောင်းမှုကိုလည်း သတ်မှတ်နိုင်ပါသည်။

အဝင်ခေါ်ဆိုမှုတစ်ခုအား ပြန်လည်ဖြေကြားခြင်း သို့မဟုတ် ငြင်းခြင်း

မျက်နှာပြင်ကို လော့ခ်ချထားချိန်တွင် ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာပါက-
  • ခေါ်ဆိုမှုကို ပြန်လည်ဖြေကြားရန် ညာဘက် သို့ ဆွဲပါ။

  • ခေါ်ဆိုမှုကို ငြင်းရန် ဘယ်ဘက် သို့ ဆွဲပါ။

  • ဖုန်းခေါ်ဆိုမှုကို ငြင်းပြီး SMS မက်ဆေ့ချ်တစ်စောင်ဖြင့် စာပြန်ရန်အတွက် ကို နှိပ်ပါ။

  • ပြန်ခေါ်ရန် သတိပေးမှုတစ်ခု သတ်မှတ်ရန်အတွက် ကို နှိပ်ပါ။

မျက်နှာပြင်ကို ဖွင့်ထားချိန်တွင် ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာပါက-
  • ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြန်လည်ဖြေကြားရန် ကို နှိပ်ပါ။

  • ဖုန်းခေါ်ဆိုမှုတစ်ခုကို ငြင်းရန် ကို နှိပ်ပါ။

  • ဖုန်းခေါ်ဆိုမှုကို ငြင်းပြီး SMS မက်ဆေ့ချ်တစ်စောင်ဖြင့် စာပြန်ရန်အတွက် ကို နှိပ်ပါ။

  • ပြန်ခေါ်ရန် သတိပေးမှုတစ်ခု သတ်မှတ်ရန်အတွက် ကို နှိပ်ပါ။

ခေါ်ဆိုမှု စောင့်ဆိုင်းခြင်းကို ဖွင့်ခြင်း

ခေါ်ဆိုမှု စောင့်ဆိုင်းခြင်း လုပ်ဆောင်ချက်သည် ဖုန်းပြောနေစဉ် ဖုန်းဝင်လာသည့်အခါ ပထမဖုန်းကို ခဏ ကိုင်ခိုင်းထားပြီး အဝင်ခေါ်ဆိုမှုများကို ဖြေဆိုနိုင်စေပါသည်။

ဤလုပ်ဆောင်ချက်ကို သင်၏ မိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာက ပံ့ပိုးပေးရန် လိုအပ်သည်။ အသေးစိတ်အတွက် သင့် ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။

ဖုန်း > > ဆက်တင်များ သို့ သွားပါ။ ခေါ်ဆိုမှု စောင့်ဆိုင်းခြင်းကို ဖွင့်ထားလိုသည့် SIM ကတ်အောက်တွင် နောက်ထပ် > ခေါ်ဆိုမှု စောင့်ဆိုင်းခြင်း သို့ သွားပါ။

ဤလုပ်ဆောင်ချက်မှာ သင့် ဆက်သွယ်ရေး ကယ်ရီယာအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ဖုန်းပြောနေစဉ် အဝင်ခေါ်ဆိုမှု အသစ်ကို ပြန်လည်ဖြေကြားခြင်း

  1. လောလောဆယ် သင် ဖုန်းပြောနေသဖြင့် လိုင်းမအားချိန်တွင် အဝင်ခေါ်ဆိုမှုကို လက်ခံရရှိသည့်အခါ ၎င်းကို ပြန်လည်ဖြေကြားရန် ကို နှိပ်ပါ။
  2. ဖုန်းခေါ်ဆိုမှု နှစ်ခုကြား ပြောင်းရန် ကို နှိပ်ပါ သို့မဟုတ် ဖုန်းခေါ်ဆိုမှု စာရင်းရှိ ဖုန်းကိုင်ထားရန်ကို နှိပ်ပါ။

အဝင်ဖုန်း လွှဲပြောင်းမှုကို ဖွင့်ခြင်း

အဝင်ဖုန်း လွှဲပြောင်းမှု လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီးနောက် သတ်မှတ် အခြေအနေများနှင့် ကိုက်ညီသည့် ဖုန်းခေါ်ဆိုမှုများကို သတ်မှတ် ဖုန်းနံပါတ်သို့ အလိုအလျောက် လွှဲပြောင်းပေးပါမည်။

ဤလုပ်ဆောင်ချက်ကို သင်၏ မိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာက ပံ့ပိုးပေးရန် လိုအပ်သည်။ အသေးစိတ်အတွက် သင့် ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။

  1. ဖုန်း မျက်နှာပြင်တွင် > ဆက်တင်များ သို့ သွားပြီး အဝင်ဖုန်း လွှဲပြောင်းမှုအတွက် သင် ပိတ်ထားလိုသည့် SIM ကတ်အောက်ရှိ အဝင်ဖုန်း လွှဲပြောင်းမှု ကို နှိပ်ပါ။

  2. လွှဲပြောင်းမည့် နည်းလမ်းကို ရွေးချယ်၍ ဖွင့်ပြီးနောက် သတ်မှတ် နံပါတ်ကို ရိုက်ထည့်ပြီး အတည်ပြုပါ။

ဤလုပ်ဆောင်ချက်မှာ သင့် ဆက်သွယ်ရေး ကယ်ရီယာအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

အဝင်ဖုန်း လွှဲပြောင်းမှုကို ပိတ်ခြင်း

  1. ဖုန်း မျက်နှာပြင်တွင် > ဆက်တင်များ သို့ သွားပြီး အဝင်ဖုန်း လွှဲပြောင်းမှုအတွက် သင် ဖွင့်ထားလိုသည့် SIM ကတ်အောက်ရှိ အဝင်ဖုန်း လွှဲပြောင်းမှု ကို နှိပ်ပါ။

  2. သင် ပိတ်ထားလိုသည့် လွှဲပြောင်းမှု စနစ်ကို ရွေးချယ်ပြီး ပိတ်ပါ။

ဤလုပ်ဆောင်ချက်မှာ သင့် ဆက်သွယ်ရေး ကယ်ရီယာအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်