ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်ခြင်း

ပုံပြခန်းတွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်သည့် လုပ်ဆောင်ချက်များစွာ ပါရှိပါသည်။

အခြေခံ တည်းဖြတ်ခြင်း

  1. ပုံပြခန်း ကို ဖွင့်ပါ၊ သင်ပြင်ဆင်လိုသော ဓာတ်ပုံ ပုံကြမ်းကို နှိပ်ပါ၊ ထို့နောက် ပြင်ဆင်သည့် လုပ်ဆောင်ချက်များကို ဝင်ရောက် သုံးစွဲရန် ကို နှိပ်ပါ။

    • ဖြတ်ခြင်းနှင့် လှည့်ခြင်း- ကို နှိပ်ပြီး ဖရိန်တစ်ခုကို ရွေးပါ၊ ပြီးနောက် သင် ဆက်ထားလိုသည့် အပိုင်းကို ရွေးရန် လေးထောင့်ကွက် သို့မဟုတ် ၎င်း၏ထောင့်များကို ဆွဲရွှေ့ပါ။

      ဓာတ်ပုံကို လှည့်ရန် ကို နှိပ်ပြီး ထောင့်ဘီးလုံးကို လိုချင်သော အနေအထားသို့ ဆွဲရွှေ့ပါ။

      ဓာတ်ပုံကို 90 ဒီဂရီ လှည့်ရန် ကို နှိပ်ပါ။ ဓာတ်ပုံကို မှန်ထဲကအတိုင်း ပေါ်စေရန် ကို နှိပ်ပါ။

    • စစ်ထုတ်မှု အထူးပြုလုပ်ချက်တစ်ခုကို ထည့်ခြင်း- စစ်ထုတ်မှုတစ်ခု ရွေးချယ်ရန် ကို နှိပ်ပါ။

    • ဓာတ်ပုံ အထူးပြုလုပ်ချက်များကို ချိန်ညှိခြင်း- တောက်ပမှု၊ အလင်းအမှောင်၊ အရောင်အသွေး စုံလင်မှုနှင့် ဓာတ်ပုံ၏အခြားအရည်အသွေးများကို ချိန်ညှိရန် ကို နှိပ်ပါ။

    • အခြား- အရောင် ဖြည့်စွက် ဖျန်းခြင်း၊ မှုန်ဝါးခြင်း၊ စာရေးထည့်ခြင်း သို့မဟုတ် စာသားအက္ခရာ ထည့်ခြင်းကဲ့သို့သော အခြားနည်းလမ်းများဖြင့် ဓာတ်ပုံကို ပြင်ဆင်ရန် ကို နှိပ်ပါ။

  2. သင် တည်းဖြတ်ထားသည်များကို သိမ်းဆည်းရန် ကို နှိပ်ပါ သို့မဟုတ် ဓာတ်ပုံကို သိမ်းဆည်းရန် ကို နှိပ်ပါ။

ဓာတ်ပုံများတွင် စတစ်ကာများ ထည့်ခြင်း

  1. ဓာတ်ပုံတစ်ပုံကို နှိပ်ပါ၊ ထို့နောက် > > စတစ်ကာ သို့ သွားပါ။

  2. အချိန်တည်နေရာမိုးလေဝသ သို့မဟုတ် ခံစားမှု ကဲ့သို့ သင် ပေါင်းထည့်လိုသော စတစ်ကာ အမျိုးအစားကို ရွေးချယ်ပါ။

  3. စတစ်ကာတစ်ခုကို ရွေးချယ်ပြီး ၎င်း၏ တည်နေရာကို ပြောင်းရန် ဆွဲရွှေ့ပါ။ စတစ်ကာ အမျိုးအစားအချို့၏ စာသားများကိုလည်း တည်းဖြတ်နိုင်ပါသည်။

  4. သင့်တည်းဖြတ်ချက်များကို သိမ်းဆည်းရန် ကို နှိပ်ပြီး ဓာတ်ပုံကို သိမ်းဆည်းရန် ကို နှိပ်ပါ။

ပစ်ဇယ်တစ်ခုချင်းစီကွဲ၍ မှုန်ဝါးနေသော ဓာတ်ပုံများ

  1. ဓာတ်ပုံကို နှိပ်ပါ၊ ထို့နောက် > > အဝါးကွက် သို့ သွားပါ။

  2. ဓာတ်ပုံ အစိတ်အပိုင်းများကို ဖုံးအုပ်ရန် အဝါးကွက် ပုံစံနှင့် အရွယ်အစားကို ရွေးချယ်ပါ။

  3. အဝါးကွက် ပုံကို ဖယ်ရှားရန် ခဲဖျက် ကို နှိပ်ပြီး ၎င်းကို ဓာတ်ပုံမှ ဖယ်ရှားပါ။

  4. သင့်တည်းဖြတ်မှုများကို သိမ်းဆည်းရန် ကို နှိပ်ပြီး ဓာတ်ပုံကို သိမ်းဆည်းရန် ကို နှိပ်ပါ။

ဓာတ်ပုံများကို အမည်ပြန်ပေးခြင်း

  1. ပုံပြခန်း တွင် သင် အမည်ပြန်ပေးလိုသည့် ဓာတ်ပုံ ပုံကြမ်းကို နှိပ်ပါ။

  2. > နာမည်ပြန်ပေးမည် သို့သွားပြီး အမည်သစ်တစ်ခု ရိုက်ထည့်ပါ။

  3. အိုကေ ကို နှိပ်ပါ။

ဗီဒီယိုများကို တည်းဖြတ်ခြင်း

  1. ပုံပြခန်း > အယ်လ်ဘမ် > ဗီဒီယို သို့ သွားပြီး သင် တည်းဖြတ်လိုသော ဗီဒီယိုကို နှိပ်ပါ။

  2. ကို နှိပ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်သည်-

    • ဗီဒီယို နမူနာပုံစံတစ်ခုကို ရွေးချယ်ခြင်း- ကို နှိပ်ပါ။

    • ဗီဒီယိုကို ဖြတ်ခြင်း- ကို နှိပ်ပါ၊ ထို့နောက် သင်သိမ်းဆည်းလိုသည့်အပိုင်းကို ရွေးချယ်ရန် ဗီဒီယို ကလစ်၏ အဆုံးနှစ်ခုရှိ ဆလိုက်ဒါကိုဆွဲရွှေ့ပါ။ ဖြတ်ထားသောဗီဒီယို နမူနာကြည့်ရှုရန် ကို နှိပ်ပါ။

    • ဖရိန်နှင့် ဗီဒီယို ပုံရိပ်ကြည်လင်ပြတ်သားမှုကို ချိန်ညှိခြင်း- ကို နှိပ်ပါ၊ ထို့နောက် ဖရိန်တစ်ခု ရွေးချယ်ရန် ဖရိန် ကို နှိပ်ပါ၊ ဗီဒီယို ပုံရိပ်ကြည်လင်ပြတ်သားမှုတစ်ခုကို ရွေးချယ်ရန် ရီဆိုလူးရှင်း ကို နှိပ်ပါ။

      ပုံရိပ်ကြည်လင်ပြတ်သားမှု ပိုမြင့်ပါက ဗီဒီယို အရည်အသွေး ပိုမိုမြင့်မားသော်လည်း သိုလှောင်မှု နေရာကိုလည်း ပိုမိုအသုံးပြုပါမည်။

    • နောက်ခံတေးဂီတကို တည်းဖြတ်ခြင်း- ကို နှိပ်ပြီး ကြိုတင်သတ်မှတ်ထားသော နောက်ခံတေးဂီတ သို့မဟုတ် သင့်စက်တွင်း သိမ်းဆည်းထားသော တေးဂီတမှ ရွေးချယ်ပါ။

      မူရင်းဗီဒီယိုအသံများကို ပိတ်ရန် ကို နှိပ်ပါ။

    • စစ်ထုတ်မှု အထူးပြုလုပ်ချက်များကို ထည့်ခြင်း- စစ်ထုတ်မှု တစ်ခုကို ရွေးချယ်ရန် ကို နှိပ်ပါ။ စစ်ထုတ်မှု အထူးပြုလုပ်ချက်ကို ချိန်ညှိရန် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

    • အစပိုင်းနှင့် အဆုံးပိုင်းကို တည်းဖြတ်ခြင်း- အစပိုင်းနှင့် အဆုံးပိုင်းကို ရွေးချယ်ရန် ကို နှိပ်ပါ။ နမူနာ ကြည့်ရှုပြီးသွားသည့်နောက် စာသား အကြောင်းအရာနှင့် အစပုံစံကို တည်းဖြတ်ရန် မျက်နှာပြင်ကို နှိပ်ပါ။

  3. ပြီးသွားသောအခါ ဗီဒီယိုကို တင်ပို့ရန် ကို နှိပ်ပါ။

    ပြင်ဆင်ထားသော ဗီဒီယိုများကို Video Editor အဲလ်ဘမ်တွင် သိမ်းဆည်းမည်ဖြစ်ပြီး မူရင်းဗီဒီယိုသည်လည်း နဂိုအတိုင်း ရှိနေပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်