စမတ်ဖြစ်သော ဓာတ်ပုံ အမျိုးအစားသတ်မှတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စမတ်ဖြစ်သော ဓာတ်ပုံ အမျိုးအစားသတ်မှတ်ခြင်း

ပုံပြခန်းသည် သင်ရှာဖွေနေသည့် အရာကို အမြန် ရှာတွေ့နိုင်စေရန် သင့်ဓာတ်ပုံများကို အလှပုံများ၊ တည်နေရာများ၊ ရှုခင်းနှင့် အစားအစာ ကဲ့သို့ အမျိုးအစားအလိုက် အလိုအလျောက် စီပေးသည်။

ပုံပြခန်း ကို ဖွင့်ပြီးနောက် အမျိုးအစားအလိုက် စုစည်းထားသော သင့်ဓာတ်ပုံများကို ကြည့်ရန် လေ့လာရန် တက်(ဘ်)ကို နှိပ်ပါ။

အဲလ်ဘမ်တစ်ခုမှ ဓာတ်ပုံတစ်ပုံကို ဖယ်ရှားရန် ထိုဓာတ်ပုံကို ရွေးချယ်ကာ ဖိ၍ နှိပ်ထားပြီးနောက် (သို့မဟုတ် အလှပုံများအတွက် ) ကို နှိပ်ပါ။

အမျိုးအစား အဲလ်ဘမ်များမှ ဓာတ်ပုံအားလုံးကို ဖယ်ရှား၍ မရနိုင်ပါ။

လူများအဲလ်ဘမ်များကို ကြည့်၍ သတ်မှတ်ခြင်း

လုံလောက်သည့် ပုံအ‌ရေအတွက်ကို ရိုက်ပြီးသည်နှင့် ပုံပြခန်းသည် လူပုဂ္ဂိုလ် သို့မဟုတ် အုပ်စုများ၏ မျက်နှာများကို ခွဲခြားသတ်မှတ်ပြီး လူများအဲလ်ဘမ်များကို ပြုလုပ်ပေးပါမည်။ သင့်စက်ကို အားသွင်း‌နေပြီး မျက်နှာပြင်ကို ပိတ်ထားသည့်အခါ ထိုသို့ လုပ်ဆောင်ပေးပါမည်။

သင့်လူများအဲလ်ဘမ်များကို အမည်ပေးနိုင်ပြီး ထိုလူတစ်ဦးချင်းစီနှင့် သင့်ဆက်နွယ်မှုကို ထည့်သွင်းသတ်မှတ်နိုင်သည်။

ဓာတ်ပုံအဲလ်ဘမ်များကို အုပ်စုဖွဲ့ခြင်းသည် လူများအဲလ်ဘမ်တွင် အမည်ပေးပြီးဖြစ်သော မျက်နှာ 2 ခုမှ 10 ခုပါဝင်သည့် ပုံအချို့လိုအပ်ပါသည်။

  1. ပုံပြခန်း > လေ့လာရန် သို့ သွားကာ ထုတ်ပေးထားသည့် လူများအဲလ်ဘမ်များကို ကြည့်ပါ။

  2. အဲလ်ဘမ်တစ်ခုကို နှိပ်ပြီး > တည်းဖြတ်ရန် > အမည် ပေါင်းထည့်ရန် သို့ သွားကာ အမည်နှင့် ဆက်နွယ်မှု (ကလေး သို့မဟုတ် အမေ ကဲ့သို့) ကို သတ်မှတ်ပါ။

ပြီးသွားလျှင် ရှာဖွေမှုဘားတွင် အမည် သို့မဟုတ် ဆက်နွယ်မှုကို ရိုက်ထည့်ကာ လူများအဲလ်ဘမ်ကို ရှာဖွေနိုင်ပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်