ဖုန်းခေါ်ရန် VoLTE ကို သုံးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI nova 5T(dual sim card 6gb+128gb、dual sim card 8gb+128gb、single sim card 8gb+128gb),HUAWEI nova 7i(dual sim card 8gb+128gb),HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb),HUAWEI Mate 20 Pro(single sim card 6gb+128gb、dual sim card 6gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဖုန်းခေါ်ရန် VoLTE ကို သုံးခြင်း

အသံဖြင့်ခေါ်ဆိုသော LTE (VoLTE) သည် IP-အခြေပြု ဒေတာ ထုတ်လွှင့်မှု နည်းပညာဖြစ်ပြီး 4G ကွန်ရက်တစ်ခုဖြင့် ဖုန်းခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်စေပါသည်။

VoLTE ကို ဖွင့်ပြီးပါက အင်တာနက်အား ဝင်ရောက်သုံးစွဲနေချိန်တွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ သင့်စက်သည် SIM နှစ်ကတ် VoLTE နှစ်ခုကို ပံ့ပိုးပါက အခြား SIM ကတ်တစ်ကတ်တွင် ဖုန်းပြောနေချိန်တွင်ပင် SIM ကတ် တစ်ခုပေါ်တွင် အဝင်ခေါ်ဆိုမှုအား လက်ခံနိုင်ပါသည်။

VoLTE သည် ပိုမိုမြန်ဆန်သော ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ချိန်နှင့် အရည်အသွေး ပိုမြင့်မားသော အသံနှင့် ဗီဒီယိုခေါ်ဆိုမှုများကိုလည်း ပေးအပ်ပါသည်။

VoLTE ကိုဖွင့်ခြင်း

  1. သင့် SIM ကတ်အတွက် 4G နှင့် VoLTE လုပ်ဆောင်ချက်များကို သက်ဝင်လုပ်ဆောင်ရန် သင်၏ မိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။ SIM နှစ်ကတ်သုံးဖုန်း၏ ပင်မနှင့် ဒုတိယ SIM ကတ်ထည့်သည့် အံခွက်နှစ်ခုစလုံးသည် 4G နှင့် VoLTE ကို ပံ့ပိုးပေးပါက အဆိုပါ SIM နှစ်ကတ်လုံးအတွက် 4G နှင့် VoLTE ကို ဖွင့်ထားနိုင်ပါသည်။

  2. ဆက်တင် > မိုဘိုင်းကွန်ရက် > မိုဘိုင်းဒေတာ သို့ သွားပါ။ SIM 1 သို့မဟုတ် SIM 2 ၏ ကွန်ရက် ဆက်တင်များ ဧရိယာတွင် VoLTE ခေါ်ဆိုမှုများ ဖွင့်/ပိတ်ခလုတ်ကို ဖွင့်ပါ။

 
  • ဤလုပ်ဆောင်ချက်မှာ သင့် ဆက်သွယ်ရေး ကယ်ရီယာအပေါ် မူတည်၍ ကွဲပြားနိုင်သည်။
  • 4G ကွန်ရက်ကို နမူနာအဖြစ် ဤနေရာတွင် သုံးထားသည်။ သင့်စက်သည် 5G ကို ပံ့ပိုးပေးလျှင် လုပ်ဆောင်မှုများ တူညီပါသည်။
  • 5G ဝန်ဆောင်မှုများကို နိုင်ငံနှင့် ဒေသအချို့တွင်သာ ရနိုင်ပါသည်။

ဗီဒီယိုခေါ်ဆိုခြင်း

နှစ်ဦးနှစ်ဖက်လုံးက VoLTE ဖွင့်ထားသည့် စက်များကို အသုံးပြုနေမှသာ ဗီဒီယိုခေါ်ဆိုနိုင်ပါမည်။
  1. ဖုန်း ကို ဖွင့်ပါ၊ မျက်နှာပြင်အောက်ခြေရှိ ဆက်သွယ်မှုများ တက်(ဘ်)ကို နှိပ်ပြီး ခေါ်ဆိုရန် အဆက်အသွယ်တစ်ခုရွေးပါ။

  2. ကို နှိပ်ပြီး ဗီဒီယိုခေါ်ဆိုပါ။

အသံခေါ်ဆိုစဉ်အတွင်း ကို နှိပ်၍လည်း ဗီဒီယိုခေါ်ဆိုမှုသို့ ပြောင်းနိုင်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်