ဗီဒီယိုများ ရိုက်ကူးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 7 Dual card 8GB+256GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဗီဒီယိုများ ရိုက်ကူးခြင်း
  1. ကင်မရာ ကို ဖွင့်ပြီး ဗီဒီယို စနစ်ကို ရွေးချယ်ပါ။

  2. အောက်ပါ ဆက်တင်များကို ချိန်ညှိခြင်း-

    • ဇူးမ်ချဲ့ သို့မဟုတ် ဇူးမ်ချုံ့ခြင်း- Viewfinder တွင် လက်နှစ်ချောင်းဖြင့် ချုံ့ သို့မဟုတ် ချဲ့ပါ သို့မဟုတ် ဇူးမ်ဆလိုက်ဒါကို ဆွဲပါ။

    • ဆုံချက်ချိန်ခြင်း- သင် ဆုံချက်ချိန်လိုသည့် နေရာကို နှိပ်ပါ။ အလင်းဝင်ပေါက်နှင့် ဆုံချက်ကို လော့ခ်ချရန် viewfinder ကို ဖိ၍ နှိပ်ထားပါ။

    • ဖလက်ရှ်ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း- ကို နှိပ်ပြီး ဖလက်ရှ်စနစ်ကို ရွေးပါ။

      ဗီဒီယိုများရိုက်ကူးရန် ရှေ့ကင်မရာကို အသုံးပြုသောအခါ အလင်းရောင် မလုံလောက်ပါက ဖလက်ရှ်ကို (အမြဲဖွင့်) ဟု သတ်မှတ်ထားနိုင်သည်။ ထို့နောက် ကင်မရာသည် မျက်နှာကို လင်းစေရန် မျက်နှာပြင် တောက်ပမှုကို တိုးလိုက်ပါမည်။

    • အလှအပ အထူးပြုလုပ်ချက်ကို ချိန်ညှိခြင်း- အလှအပ ဆက်တင်များကို ချိန်ညှိရန် ကို နှိပ်ပြီး ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

    • ဗီဒီယို ရီဆိုလူးရှင်းနှင့် ဖရိန် နှုန်းကို ချိန်ညှိခြင်း- > ဗီဒီယို ရီဆိုလူးရှင်း သို့ သွားပြီး အလိုရှိသော ရီဆိုလူးရှင်းကို ရွေးပါ။ ရီဆိုလူးရှင်း ပိုမြင့်ခြင်းက ဗီဒီယိုအရည်အသွေးကို ပိုကောင်းစေပြီး ဖိုင်အရွယ်အစားကိုလည်း ပိုကြီးစေသည်။

      ဖရိန် နှုန်းကို ရွေးရန် ဖရိန်နှုန်း ကို နှိပ်ပါ။

    • သိုလှောင်မှု နေရာတွင် သိမ်းမည့် ဗီဒီယို အမျိုးအစားကို ရွေးပါ- ကို နှိပ်ပြီး ထိရောက်သက်သာသည့် ဗီဒီယို ဖောမတ် ကို ဖွင့်ပါ။

      ဤလုပ်ဆောင်ချက်ကို ဖွင့်ထားသောအခါ သင့်စက်သည် သိုလှောင်ရန် နေရာ သိပ်မယူသည့် ဗီဒီယို အမျိုးအစားတစ်ခုကို အသုံးပြုပါမည်။ သို့သော် ယင်းသို့လုပ်ဆောင်ခြင်းက အခြားစက်များတွင် ဗီဒီယိုကို ဖွင့်မရ ဖြစ်စေနိုင်သည်။ ဤရွေးချယ်မှုကို ရွေးသောအခါ သတိထားပါ။

  3. စတင်ရိုက်ကူးရန် ကို နှိပ်ပါ။

    ရိုက်ကူးနေစဉ် ချောချောမွေ့မွေ့ ဇူးမ်ချဲ့ရန် သို့မဟုတ် ဇူးမ်ချုံ့ရန် သို့မဟုတ် ကို ဖိ၍ နှိပ်ထားပါ။

    ရိုက်ကူးနေစဉ် ဓာတ်ပုံရိုက်ရန် ကို နှိပ်ပါ။

  4. ရိုက်ကူးမှုကို ခေတ္တရပ်ရန် ကို နှိပ်ပြီး အဆုံးသတ်ရန် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်