VPN ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI nova 5T(dual sim card 6gb+128gb、dual sim card 8gb+128gb、single sim card 8gb+128gb),HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb),HUAWEI Mate 20 Pro(single sim card 6gb+128gb、dual sim card 6gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
VPN ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ခြင်း

ပကတိအသွင် ကိုယ်ပိုင် ကွန်ရက် (VPN) ဆိုသည်မှာ အများပြည်သူသုံး ကွန်ရက်တစ်ခုပေါ်တွင် ကိုယ်ပိုင် ကွန်ရက်တစ်ခုအဖြစ် ယာယီချိတ်ဆက်မှုဖြစ်ပြီး လုံခြုံမှုပေးနိုင်ရန်အတွက် ဒေတာထုတ်လွှင့်မှုများအား ကုဒ်ပြောင်းဝှက်ထားသည်။

ရုံးပြင်ပတွင် အလုပ်လုပ်ချိန်တွင် သင့်ကုမ္ပဏီ၏ အင်ထရာနက်ကို စိတ်ချလုံခြုံစွာ ဝင်ရောက် သုံးစွဲနိုင်ရန် VPN တစ်ခုကို အသုံးပြုနိုင်ပါသည်။

အောက်ပါ ဆာဗာအမျိုးအစားများကို ပံ့ပိုးပါသည်-

  • PPTP- Point-to-Point Tunneling ပရိုတိုကောလ် ကိုဆိုလိုပြီး MPPE ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
  • L2TP- Layer 2 (Data Link Layer) Tunneling ပရိုတိုကောလ်ကိုဆိုလိုပြီး IPSec PSK နှင့် IPSec RSA ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
  • IPSec Xauth- PSK, RSA, နှင့် Hybrid RSA ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။

PPTP ဆာဗာနှင့် ချိတ်ဆက်ခြင်း

  1. သင့် VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ VPN ဆာဗာအမည်နှင့် လိပ်စာကို ရယူပါ။

  2. ခ်ိန္ညႇိရန္ > နောက်ထပ် ချိတ်ဆက်မှုများ > VPN > VPN ကြန္ယက္အား ပေါင်းထည့်မည် သို့ သွားပြီး VPN အမည်ကို ရိုက်ထည့်ကာ ဆာဗာ အမျိုးအစားကို PPTP သို့ သတ်မှတ်ပြီးနောက် ဆာဗာ လိပ်စာကို ရိုက်ထည့်ပါ။

  3. VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့်သော ရွေးချယ်မှုများကို ပြသပါ ကို နှိပ်ပြီးနောက် DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။

  4. သိမ်းဆည်းသည် ကို နှိပ်ပါ။

  5. ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက္သြယ္သည္ ကို နှိပ်ပါ။

L2TP/IPSec PSK ဆာဗာနှင့် ချိတ်ဆက်ခြင်း

  1. VPN ဆာဗာ အမည်၊ ဆာဗာ လိပ်စာ၊ L2TP ကီး (ဆန္ဒရှိလျှင်)၊ IPSec အမှတ်သင်္ကေတ (ဆန္ဒရှိလျှင်) နှင့် IPSec ကြိုတင်ဝေမျှထားသော ကီးကို သင်၏ VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ ရယူပါ။

  2. ခ်ိန္ညႇိရန္ > နောက်ထပ် ချိတ်ဆက်မှုများ > VPN > VPN ကြန္ယက္အား ပေါင်းထည့်မည် သို့ သှား၍ VPN ဆာဗာ အမည်ကို ရိုက်ထည့်ပါ၊ ဆာဗာ အမျိုးအစားကို L2TP/IPSec PSK သို့ သတ်မှတ်ပြီးနောက် ဆာဗာ လိပ်စာ၊ L2TP ကီး၊ IPsec အမှတ်သင်္ကေတနှင့် IPsec ကြိုတင်ဝေမျှထားသောကီးကို ရိုက်ထည့်ပါ။

  3. VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့်သော ရွေးချယ်မှုများကို ပြသပါ ကို နှိပ်ပြီး DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။

  4. သိမ်းဆည်းသည် ကို နှိပ်ပါ။

  5. ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက္သြယ္သည္ ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်