အီးမေးလ် အကောင့်များ ထည့်ခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ: Huawei nova 7i dual SIM card 8GB+128GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အီးမေးလ် အကောင့်များ ထည့်ခြင်း

သင့်အီးမေးလ်အကောင့်များကို အီးမေးလ် တွင် ထည့်ပြီး အီးမေးလ်အချိန်မရွေး ဝင်ရောက် သုံးစွဲရန်အတွက် သင့်စက်ကို အသုံးပြုနိုင်ပါသည်။

ကိုယ်ရေးကိုယ်တာ အီးမေးလ်အကောင့်တစ်ခု ထည့်ခြင်း

  1. သင့်စက်ပေါ်တွင် အီးမေးလ် ကို ဖွင့်ပြီး ရနိုင်သည့် စာပုံး ဝန်ဆောင်မှုပေးသူများအနက်မှ တစ်ခုကို ရွေးပါ သို့မဟုတ် အခြား ကို နှိပ်ပါ။

  2. အီးမေးလ်လိပ်စာနှင့် စကားဝှက်ကို ထည့်ပါ၊ ဝင်မည် နှိပ်ပြီး ဆာဗာဆက်တင်များကို စီစဉ်သတ်မှတ်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။ စနစ်သည် ဆာဗာသို့ အလိုအလျောက် ချိတ်ဆက်သွားမည်ဖြစ်ပြီး ဆာဗာဆက်တင်များကို စစ်ဆေးသွားပါမည်။

Exchange အကောင့်တစ်ခု ထည့်ရန်

Microsoft Exchange ဖြင့် ကုမ္ပဏီတစ်ခုအတွင်းတွင် ဒစ်ဂျစ်တယ် မက်ဆေ့ခ်ျများ ပို့နိုင်ပါသည်။ သင့်ကုမ္ပဏီ စာတိုက်ပုံးသည် Exchange ဆာဗာကို သုံးစွဲပါက သင့်စက်ပေါ်ရှိ ကုမ္ပဏီ အီးမေးလ် အကောင့်တစ်ခုသို့ ဝင်ရောက်နိုင်ပါသည်။

  1. ဒိုမိန်းအမည်၊ ဆာဗာ လိပ်စာ၊ ပို့(တ်) နံပါတ်နှင့် လုံခြုံရေး အမျိုးအစားကို ရရှိရန်အတွက် ကုမ္ပဏီ အီးမေးလ်ဆာဗာ စီမံအုပ်ချုပ်သူအား ဆက်သွယ်ပါ။

  2. အီးမေးလ် ကို ဖွင့်ပြီး Exchange ကို ရွေးချယ်ပါ။

  3. အီးမေးလ်လိပ်စာ၊ သုံးစွဲသူ အမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပါ။

  4. ကိုယ်တိုင်ဖန်တီး ကို နှိပ်ပါ။ အကောင့် ထည့်သွင်းမှု မျက်နှာပြင်တွင် အီးမေးလ် ဒိုမိန်းအမည်၊ ဆာဗာ လိပ်စာ၊ ပို့(တ်) နံပါတ်နှင့် လုံခြုံရေး အမျိုးအစားကဲ့သို့သော သတ်မှတ်ချက်များကို သတ်မှတ်ပါ။

  5. နောက်တစ်ခုသို့ ကို နှိပ်ပါ၊ ထို့နောက် စီစဉ်သတ်မှတ်မှု ပြီးစီးရန်အတွက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များကို လိုက်နာပါ။ စနစ်သည် ဆာဗာသို့ အလိုအလျောက် ချိတ်ဆက်ပြီး ဆာဗာဆက်တင်ကို စစ်ဆေးပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်