အလှပုံ၊ ညရိုက်ကူးမှုနှင့် အလင်းဝင်ပေါက်ကျယ် စနစ်များဖြင့် ရိုက်ကူးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Y9a(dual card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အလှပုံ၊ ညရိုက်ကူးမှုနှင့် အလင်းဝင်ပေါက်ကျယ် စနစ်များဖြင့် ရိုက်ကူးခြင်း

ညရိုက်ကူးမှုကို ရိုက်ခြင်း

ညသုံး စနစ်သည် အလင်းရောင် အားနည်းခြင်းနှင့် ညဘက်တွင် ဓာတ်ပုံရိုက်ခြင်းကြောင့် ဖြစ်ပွားသည့် ပြဿနာများကို ဖြေရှင်းပေးပြီး သင့်ဓာတ်ပုံများကို ပို၍ အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစေကာ အရောင်များ ပိုမိုတောက်ပစေပါသည်။

  1. ကင်မရာ ကို ဖွင့်ပြီး စနစ်ကို ရွေးချယ်ပါ။

  2. သင့်စက်ကို ငြိမ်အောင်ထားပြီး ကို နှိပ်ပါ။

  3. သင့်စက်သည် ဝန်းကျင်အလင်းရောင် တောက်ပမှုအပေါ်အခြေခံ၍ အလင်းဝင်ပေါက်အချိန်ကို ချိန်ညှိပေးပါမည်။ သင့်စက်ကို ငြိမ်အောင် ထားပါ။

    ရေတွက်မှု မပြီးခင် ရိုက်ခြင်းကို မရပ်ပါနှင့် သို့မဟုတ်ပါက သင့်ဓာတ်ပုံများ မှုန်ဝါးပြီး ထွက်လာနိုင်ပါသည်။

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံများ ရိုက်ကူးခြင်း

အလင်းဝင်ပေါက်ကျယ် စနစ်ကိုသုံး၍ သင်သည် ရိုက်မည့် အရာဝတ္ထုကို ထင်ရှားနေအောင် ဆုံချက်ချိန်ထားစဉ် နောက်ခံကို မှုန်ဝါးထားသည့် ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါသည်။

  1. ကင်မရာ ကို ဖွင့်ပြီး အလင်းဝင်ပေါက် စနစ်ကို ရွေးချယ်ပါ။

  2. သင် ဆုံချက်ချိန်လိုသည့် နေရာကို နှိပ်ပါ။ အကောင်းဆုံး ရလဒ်များ ရရှိရန် သင့်စက်သည် အရာဝတ္ထုမှ 2 မီတာ (7 ပေခန့်) အတွင်း ရှိရန် လိုသည်။

  3. Viewfinder ထဲရှိ ကို နှိပ်ပြီး အလင်းဝင်ပေါက် ဆက်တင်များကို ချိန်ညှိရန် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။ အလင်းဝင်ပေါက် တန်ဖိုး နည်းလေ ပိုမိုမှုန်ဝါးသော နောက်ခံကို ရရှိလေ ဖြစ်ပါသည်။

  4. ဓာတ်ပုံရိုက်ရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်