ပါဝါခလုတ်ကို 10 စက္ကန့်ကြာ ဖိ၍ နှိပ်ထားခြင်းဖြင့် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်ကို ပြန်လည်စတင်၍မရခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ပါဝါခလုတ်ကို 10 စက္ကန့်ကြာ ဖိ၍ နှိပ်ထားခြင်းဖြင့် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်ကို ပြန်လည်စတင်၍မရခြင်း

ပြဿနာ-

ပါဝါခလုတ်ကို 10 စက္ကန့်ကြာ ဖိ၍ နှိပ်ထားခြင်းဖြင့် ဖုန်း/တက်ဘလက်ကို အတင်းပြန်လည်စတင်နိုင်မည်မဟုတ်ပါ။

ဖြေရှင်းချက်-

သင့်ဖုန်း/တက်ဘလက်ကို အတင်းပြန်လည်စတင်ရန် ပါဝါခလုတ်နှင့် အသံတိုးခလုတ်ကို 10 စက္ကန့်ကျော်ကြာ တစ်ပြိုင်နက်တည်း ဖိ၍ နှိပ်ထားရန် လိုအပ်သည်။ ဤသို့လုပ်ရခြင်းမှာ မှားယွင်းထိနှိပ်မှုကြောင့် သင့်စက်ကို အတင်းပြန်လည်စတင်ခြင်း မဖြစ်အောင် ကာကွယ်ရန်ဖြစ်သည်။

စက်ကို အတင်းပြန်လည်စတင်ရန် ပါဝါခလုတ်နှင့် အသံတိုးခလုတ်ကို 10 စက္ကန့်ကျော်ကြာ တစ်ပြိုင်နက်တည်း ဖိ၍ နှိပ်ထားခြင်းသည် EMUI 11.0 နှင့် နောက်ပိုင်းဗားရှင်းများတွင်သာ သက်ရောက်မှုရှိနိုင်သည်။

ပြဿနာဆက်ရှိနေပါက

ပြဿနာဆက်ရှိနေလျှင် သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး အကူအညီရယူရန် သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူဆောင်သွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်