HD ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ရန် VoLTE ကို အသုံးပြုခြင်း
| HD ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ရန် VoLTE ကို အသုံးပြုခြင်း |
VoLTE (Voice over LTE) သည် IP အသုံးပြု၍ ဒေတာ ထုတ်လွှင့်သော နည်းပညာတစ်ခု ဖြစ်သည်။ VoLTE ကို ဖွင့်ပြီးသွားလျှင် ၎င်းသည် ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ချိန် ပိုမိုမြန်ဆန်စေသည့်အပြင် အသံနှင့် ဗီဒီယို ခေါ်ဆိုမှု အရည်အသွေးကိုလည်း ပိုမြင့်သွားစေပါသည်။
VoLTE ကိုဖွင့်ခြင်း
-
သင့် SIM ကတ်အတွက် VoLTE ဝန်ဆောင်မှုကို သက်ဝင်လုပ်ဆောင်ရန် သင့် ဆက်သွယ်ရေး ကယ်ရီယာကိုဆက်သွယ်ပါ။ SIM နှစ်ကတ်သုံးစက်၏ ပင်မနှင့် ဒုတိယ SIM ကတ်ထည့်သည့် အံခွက်နှစ်ခုစလုံးသည် VoLTE ကို ပံ့ပိုးပေးပါက အဆိုပါ SIM နှစ်ကတ်လုံးအတွက် ၎င်းကို ဖွင့်ထားနိုင်ပါသည်။
-
SIM ကတ်နှစ်ကတ်ကို ထည့်သွင်းထားလျှင် သို့သွားပါ။ SIM 1 သို့မဟုတ် SIM 2 အတွက် ကွန်ရက် ဆက်တင်များ ဧရိယာတွင် VoLTE ခေါ်ဆိုမှုများ ကို ဖွင့်ပါ။
- ဤလုပ်ဆောင်ချက်သည် သင့် ဆက်သွယ်ရေး ကယ်ရီယာအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
- 5G ဝန်ဆောင်မှုများကို နိုင်ငံနှင့် ဒေသအချို့တွင်သာ ရနိုင်ပါသည်။
ဗီဒီယိုခေါ်ဆိုခြင်း
-
ဖုန်း ကိုဖွင့်ပါ၊ မျက်နှာပြင်အောက်ရှိ ဆက်သွယ်မှုများ တက်(ဘ်)ကိုနှိပ်ပြီးနောက် သင်ခေါ်ဆိုချင်သည့် အဆက်အသွယ်ကို ရွေးချယ်ပါ။
-
ကို နှိပ်ပြီး ဗီဒီယိုခေါ်ဆိုပါ။
အော်ဒီယိုခေါ်ဆိုမှု ပြုလုပ်နေချိန်တွင် ဗီဒီယိုခေါ်ဆိုမှုသို့ ပြောင်းရန် ကို နှိပ်နိုင်ပါသည်။