VPN ကွန်ရက်တစ်ခုသို့ ချိတ်ဆက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P50 Pocket(dual sim card  8gb+256gb(bali-l29c)),HUAWEI Mate Xs(dual sim card 8gb+512gb),HUAWEI nova 7(dual card 8gb+256gb),HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HUAWEI P50 Pro(dual sim card 8gb+256gb),HUAWEI Mate 20 Pro(dual sim card 6gb+128gb、single sim card 6gb+128gb),PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI nova 8i(dual sim card 8gb+128gb),Honor View 20(dual sim card 6gb+128gb、dual sim card 8gb+256gb),HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb),HUAWEI MatePad Pro(10.8 inches wifi 8gb+256gb、10.8 inches lte 6gb+128gb、10.8 inches wifi only 6gb+128gb、10.8 inches wifi 6gb+128gb、10.8 inches wifi only 8gb+256gb、10.8 inches lte 8gb+256gb),HUAWEI P40 Pro+(dual sim card 8gb+512gb),HUAWEI MatePad Pro 5G(10.8 inches 8gb+512gb、10.8 inches 8gb+256gb),HUAWEI P40 Pro(single sim card 8gb+256gb、dual sim card 8gb+256gb),HONOR 20(dual sim card 6gb+128gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HONOR 20 PRO(dual sim card 8gb+256gb),HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI P50 Pocket Premium Edition,HUAWEI nova 5T(dual sim card 6gb+256gb、dual sim card 6gb+128gb、single sim card 6gb+128gb、single sim card 6gb+256gb),HUAWEI P40(single sim card 8gb+128gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
VPN ကွန်ရက်တစ်ခုသို့ ချိတ်ဆက်ခြင်း

ပကတိအသွင် ကိုယ်ပိုင် ကွန်ရက် (VPN) ဆိုသည်မှာ အများပြည်သူသုံး ကွန်ရက်တစ်ခုပေါ်တွင် ကိုယ်ပိုင် ကွန်ရက်တစ်ခုအဖြစ် ယာယီချိတ်ဆက်မှုဖြစ်ပြီး လုံခြုံမှုပေးနိုင်ရန်အတွက် ဒေတာထုတ်လွှင့်မှုများအား ကုဒ်ပြောင်းဝှက်ထားသည်။

ရုံးပြင်ပတွင် အလုပ်လုပ်ချိန်တွင် သင့်ကုမ္ပဏီ၏ အင်ထရာနက်ကို စိတ်ချလုံခြုံစွာ ဝင်ရောက် သုံးစွဲနိုင်ရန် VPN တစ်ခုကို အသုံးပြုနိုင်ပါသည်။

အောက်ပါ ဆာဗာအမျိုးအစားများကို ပံ့ပိုးပါသည်-

  • PPTP- Point-to-Point Tunneling ပရိုတိုကောလ် ကိုဆိုလိုပြီး MPPE ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
  • L2TP- Layer 2 (Data Link Layer) Tunneling ပရိုတိုကောလ်ကိုဆိုလိုပြီး IPSec PSK နှင့် IPSec RSA ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
  • IPSec Xauth- PSK, RSA, နှင့် Hybrid RSA ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။

PPTP ဆာဗာနှင့် ချိတ်ဆက်ခြင်း

  1. သင်၏ VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ VPN ဆာဗာအမည်နှင့် လိပ်စာကဲ့သို့ လိုအပ်သော ဒေတာများကို ရယူပါ။

  2. ဆက်တင် > နောက်ထပ် ချိတ်ဆက်မှုများ > VPN > VPN ကွန်ရက်အား ပေါင်းထည့်မည် သို့ သွား၍ VPN အမည်ကို ရိုက်ထည့်ပြီး ဆာဗာအမျိုးအစားကို PPTP ဟု သတ်မှတ်ပါ၊ ပြီးနောက် ဆာဗာလိပ်စာ ရိုက်ထည့်ပါ။

  3. VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့် ရွေးချယ်မှုများအား ပြသမှု ကို နှိပ်ပြီး DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။

  4. သိမ်းမည် ကို နှိပ်ပါ။

  5. ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက်သွယ်သည် ကို နှိပ်ပါ။

L2TP/IPSec PSK ဆာဗာတစ်ခုနှင့် ချိတ်ဆက်ခြင်း

  1. VPN ဆာဗာအမည်၊ ဆာဗာလိပ်စာ၊ L2TP ကီး (ချန်ထားခဲ့နိုင်ပါသည်)၊ IPsec အမှတ်သင်္ကေတ (ချန်ထားခဲ့နိုင်ပါသည်) နှင့် IPsec ကြိုတင်မျှဝေထားသည့် ကီးကို သင်၏ VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ ရယူပါ။

  2. ဆက်တင် > နောက်ထပ် ချိတ်ဆက်မှုများ > VPN > VPN ကွန်ရက်အား ပေါင်းထည့်မည် သို့ သွား၍ VPN အမည်ကို ရိုက်ထည့်ပြီး ဆာဗာအမျိုးအစားကို L2TP/IPSec PSK ဟု သတ်မှတ်ပါ၊ ပြီးနောက် ဆာဗာလိပ်စာ၊ L2TP ကီး၊ IPSec အမှတ်သင်္ကေတနှင့် IPSec ကြိုတင်ဝေမျှထားသော ကီးကို ရိုက်ထည့်ပါ။

  3. VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့် ရွေးချယ်မှုများအား ပြသမှု ကို နှိပ်ပြီး DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။

  4. သိမ်းမည် ကို နှိပ်ပါ။

  5. ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက်သွယ်သည် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်