ကိုယ်ပိုင် ဟော့စပေါ့

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 5T(dual sim card 6gb+256gb、dual sim card 6gb+128gb、single sim card 6gb+128gb、single sim card 6gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကိုယ်ပိုင် ဟော့စပေါ့
  1. ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ သို့ သွားပါ။

  2. စက်အမည် နှင့် စကားဝှက် ကို သတ်မှတ်ပါ။

  3. မိုဘိုင်းဒေတာကို သုံးထားလျှင် သတ်မှတ် အချိန်ကာလတစ်ခုအတွက် သုံးစွဲမည့် မိုဘိုင်းဒေတာပမာဏကို ကန့်သတ်နိုင်ပါသည်။ နောက်ထပ် > ဒေတာကန့်သတ်ချက် သို့ သွားပြီး ကန့်သတ်ချက်ကို သတ်မှတ်ပါ။

    ဤသတ်မှတ် ကန့်သတ်ချက်သို့ ရောက်သည့်အခါ သင့်စက်က ဟော့စပေါ့ကို အလိုအလျောက် ပိတ်လိုက်ပါမည်။

  4. ကိုယ်ပိုင် ဟော့စပေါ့ ကို ဖွင့်လျှင် သင့်စက်က သင်၏ မိုဘိုင်းဒေတာ သို့မဟုတ် သင် လက်ရှိ ချိတ်ဆက်ထားသည့် Wi-Fi ကွန်ရက်ကို အခြား စက်များနှင့် မျှဝေပါမည်။

သင်၏ ကွန်ရက် ချိတ်ဆက်မှုကို ဘလူးတုသ်မှတစ်ဆင့် မျှဝေခြင်း

  1. ဆက်တင် > ဘလူးတုသ် သို့ သွား၍ ဘလူးတုသ်ကို ဖွင့်ကာ စက်ကို ရွေးချယ်ပြီးနောက် ချိတ်ဆက်မှု ပြီးမြောက်စေရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

  2. ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ > နောက်ထပ် သို့ သွားပြီး ဘလူးတုသ် အင်တာနက်မျှဝေမှု ကို ဖွင့်ပါ။
  3. ချိတ်ဆက်ထားသည့် စက်၏ ဘလူးတုသ် ဆက်တင်များ မျက်နှာပြင်တွင် သင့်စက်အမည်၏ ဘေးရှိ ကို နှိပ်ပြီးနောက် အင်တာနက် ချိတ်ဆက်ပြီး သင့် ကွန်ရက် ချိတ်ဆက်မှုကို မျှဝေရန် အင်တာနက် ဝင်ရောက်အသုံးပြုနိုင်မှု ကို ဖွင့်ပါ။

သင်၏ ကွန်ရက်ချိတ်ဆက်မှုကို USB မှတစ်ဆင့် မျှဝေခြင်း

  1. သင်၏စက်ကို ကွန်ပျူတာနှင့် ချိတ်ဆက်ရန် USB ကြိုးတစ်ခု အသုံးပြုပါ။

  2. သင့်စက်တွင် ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ > နောက်ထပ် သို့ သွားပြီး သင်၏ မိုဘိုင်းဒေတာ သို့မဟုတ် Wi-Fi ကွန်ရက်ကို မျှဝေရန် USB မှတစ်ဆင့် အင်တာနက် မျှဝေမှု ကို ဖွင့်ပါ။
အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်