ပုံများနှင့် စာရွက်စာတမ်းများကို ပရင့်ထုတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HONOR 20(dual sim card 6gb+128gb),HUAWEI Mate Xs(dual sim card 8gb+512gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI nova 7(dual card 8gb+256gb),HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HONOR 20 PRO(dual sim card 8gb+256gb),HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI Mate 20 Pro(dual sim card 6gb+128gb、single sim card 6gb+128gb),PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI nova 8i(dual sim card 8gb+128gb),HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb),Honor View 20(dual sim card 6gb+128gb、dual sim card 8gb+256gb),HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI nova 5T(dual sim card 6gb+256gb、dual sim card 6gb+128gb、single sim card 6gb+128gb、single sim card 6gb+256gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb),HUAWEI MatePad Pro(10.8 inches wifi 8gb+256gb、10.8 inches lte 6gb+128gb、10.8 inches wifi only 6gb+128gb、10.8 inches wifi 6gb+128gb、10.8 inches wifi only 8gb+256gb、10.8 inches lte 8gb+256gb),HUAWEI P40(single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI P40 Pro+(dual sim card 8gb+512gb),HUAWEI MatePad Pro 5G(10.8 inches 8gb+512gb、10.8 inches 8gb+256gb),HUAWEI P40 Pro(single sim card 8gb+256gb、dual sim card 8gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ပုံများနှင့် စာရွက်စာတမ်းများကို ပရင့်ထုတ်ခြင်း

Wi-Fi တစ်ဆင့် သင့်စက်ကို Mopria မှ အာမခံချက်ပေးထားသည့် ပရင်တာတစ်လုံးနှင့် ချိတ်ဆက်ပြီးနောက် ပုံများနှင့် စာရွက်စာတမ်းများကို သင့်စက်မှနေ၍ ပရင့်ထုတ်နိုင်မည် ဖြစ်ပါသည်။

သင့်စက်ကို ပရင်တာတစ်လုံးနှင့် ချိတ်ဆက်ခြင်း

  1. ပရင်တာသည် Mopria မှ အာမခံချက်ပေးထားသည့်စက် ဖြစ်သည်မှာ မှန်ကန်ကြောင်းစစ်ဆေးရန် ၎င်း၏ လက်စွဲစာအုပ်ကို စစ်ဆေးကြည့်ရှုပါ သို့မဟုတ် ၎င်း၏ ထုတ်လုပ်သည့်ကုမ္ပဏီနှင့် ဆွေးနွေးပြောဆိုပါ။

    Mopria မှ အာမခံချက်ပေးထားသည့်စက် မဟုတ်ပါက ၎င်းအတွက် သက်ဆိုင်သည့် အက်ပ် သို့မဟုတ် ပလတ်အင်ကို သင့်စက်တွင် ထည့်သွင်းရန် ၎င်း၏ ထုတ်လုပ်သည့်ကုမ္ပဏီနှင့် ဆွေးနွေးပြောဆိုပါ။

  2. အောက်ပါနည်းလမ်း တစ်ခုခုကို သုံး၍ သင့်စက်နှင့် ပရင်တာကို တူညီသော Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ပါ -

    • Wi-Fi ရောက်တာတစ်လုံးနှင့် ချိတ်ဆက်ခြင်း - ပရင်တာရှိ Wi-Fi ကို ဖွင့်ပြီး ၎င်းကို Wi-Fi ရောက်တာနှင့် ချိတ်ဆက်ပါ။ သင့်စက်တွင် ဆက်တင် > Wi-Fi သို့ သွားပြီး Wi-Fi ကို ဖွင့်ကာ တူညီသော Wi-Fi ရောက်တာကို နှိပ်ပါ၊ ပြီးလျှင် သတ်မှတ်မှုများ ပြီးဆုံးစေရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

    • Wi-Fi Direct နှင့် ချိတ်ဆက်ခြင်း - သင့်ပရင်တာက Wi-Fi Direct ကို ပံ့ပိုးပေးလျှင် ဤလုပ်ဆောင်ချက်ကို ဖွင့်ရန် ပရင်တာ လက်စွဲစာအုပ်ထဲရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။ သင့်စက်တွင် ဆက်တင် > Wi-Fi သို့ သွား၍ Wi-Fi ကို ဖွင့်ကာ နောက်ထပ် ဆက်တင်များ > Wi-Fi Direct သို့ သွားပြီးနောက် စတင်ချိတ်ဆက်ရန် ပရင်တာကို နှိပ်ပါ။

    • သင့်ပရင်တာ၏ ဟော့စပေါ့နှင့် ချိတ်ဆက်ခြင်း - သင့်ပရင်တာက ကြိုးမဲ့ ဟော့စပေါ့အဖြစ် နှစ်မျိုးလုပ်ဆောင်နိုင်ပါက ဟော့စပေါ့ကို ဖွင့်ပြီး စကားဝှက်ကို သတ်မှတ်ရန် ပရင်တာ လက်စွဲစာအုပ်ထဲရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။ သင့်စက်တွင် ဆက်တင် > Wi-Fi သို့ သွား၍ Wi-Fi ကို ဖွင့်ပြီး ပရင်တာ၏ ဟော့စပေါ့ကို နှိပ်ပါ၊ ပြီးနောက် သတ်မှတ်မှုများ ပြီးဆုံးစေရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

  3. ဆက်တင် > နောက်ထပ် ချိတ်ဆက်မှုများ > ပရင့်ထုတ်ခြင်း > ပုံသေ ပုံနှိပ် ဝန်ဆောင်မှု သို့ သွားပြီး ပုံသေ ပုံနှိပ် ဝန်ဆောင်မှု ကို ဖွင့်ပါ။

  4. ရှာဖွေမှု ရလဒ်များမှ ပရင်တာကို ရွေးချယ်ပြီး ပရင်တာကို ထည့်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

ဖိုင်များကို ပရင့်ထုတ်ခြင်း

ပုံပြခန်း နှင့် မှတ်စုစာအုပ် တွင် ဖိုင်များကို ပရင့်ထုတ်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ -

  • ပုံကို ပရင့်ထုတ်ခြင်း - ပုံပြခန်း ကို ဖွင့်ပါ။ သင် ပရင့်ထုတ်လိုသည့် ပုံကို ဖွင့်၍ နောက်ထပ် > ပရင့်ထုတ်ရန် သို့မဟုတ် PDF ဖိုင် ဖန်တီးရန် သို့ သွားကာ ပရင်တာကို ရွေးချယ်ပြီးနောက် ပရင့်ထုတ်ခြင်း ပြီးမြောက်စေရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

  • မှတ်စုတစ်ခုကို ပရင့်ထုတ်ခြင်း - မှတ်စုစာအုပ် ကို ဖွင့်ပါ။ သင် ပရင့်ထုတ်လိုသည့် မှတ်စုကို ဖွင့်၍ နောက်ထပ် > ပရင့်ထုတ်မည် ကို နှိပ်ပြီးနောက် ပရင့်ထုတ်ခြင်း ပြီးမြောက်စေရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်