အလင်းတန်းများကို ရိုက်ကူးရန် Light Painting ကို အသုံးပြုခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HONOR 20(dual sim card 6gb+128gb),HUAWEI Mate Xs(dual sim card 8gb+512gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI nova 7(dual card 8gb+256gb),HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HONOR 20 PRO(dual sim card 8gb+256gb),HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI Mate 20 Pro(dual sim card 6gb+128gb、single sim card 6gb+128gb),PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb),Honor View 20(dual sim card 6gb+128gb、dual sim card 8gb+256gb),HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI nova 5T(dual sim card 6gb+256gb、dual sim card 6gb+128gb、single sim card 6gb+128gb、single sim card 6gb+256gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb),HUAWEI MatePad Pro(10.8 inches wifi 8gb+256gb、10.8 inches lte 6gb+128gb、10.8 inches wifi only 6gb+128gb、10.8 inches wifi 6gb+128gb、10.8 inches wifi only 8gb+256gb、10.8 inches lte 8gb+256gb),HUAWEI P40(single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI P40 Pro+(dual sim card 8gb+512gb),HUAWEI MatePad Pro 5G(10.8 inches 8gb+512gb、10.8 inches 8gb+256gb),HUAWEI P40 Pro(single sim card 8gb+256gb、dual sim card 8gb+256gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အလင်းတန်းများကို ရိုက်ကူးရန် Light Painting ကို အသုံးပြုခြင်း

Light painting သည် ရှပ်တာကို ပို၍ အချိန်ကြာကြာ ဖွင့်ထားနိုင်စေသောကြောင့် အလင်းတန်းများ ရိုက်ကူးရာတွင် အကူအညီ ဖြစ်စေပါသည်။ အလင်းဝင်ပေါက်နှင့် ရှပ်တာကို ကိုယ်တိုင် ချိန်ညှိ၍ မရပါ။

ရိုက်ကူးမည့် အရာများနှင့် အလင်း အခြေအနေများအပေါ် မူတည်၍ ရနိုင်သည့် ရွေးချယ်မှုများမှ ရွေးချယ်လိုက်ရုံပင်ဖြစ်သည်။ ကင်မရာ တုန်ခါမှုကို လျှော့ချရန် သင့်စက် ငြိမ်နေအောင် သုံးချောင်းထောက်ကို အသုံးပြုရန် အကြံပြုပါသည်။

Traffic trails စနစ်တွင် ကားအလင်းတန်းများကို ရိုက်ကူးခြင်း

Traffic trails စနစ်ဖြင့် သင်သည် ညဘက်တွင် ကားတန်း၏ အလင်းရောင်များကို လှပသော ပုံများအဖြစ် ဖန်တီးနိုင်ပါသည်။

  1. ကင်မရာ > နောက်ထပ် > Light Painting သို့သွားပြီး Traffic trailsကို ရွေးချယ်ပါ။

  2. အကွာအဝေး တစ်ခုမှနေ၍ ကားများမှလာသော အလင်းတန်းများကို သင် မြင်နိုင်မည့် နေရာတစ်ခုကို ရှာပါ။ ပုံကို အလွန် အလင်းများသွားစေနိုင်သဖြင့် ကင်မရာအပေါ် ကားမီးကြီးများ တိုက်ရိုက် မကျရောက်စေရန် ပြုလုပ်ပါ။

  3. စတင်ရိုက်ကူးရန် ကို နှိပ်ပါ။ viewfinder ထဲတွင် ရိုက်ချက်ကို ကြည့်ပါ။

  4. အလင်းဝင်ပေါက် အနေတော် ဖြစ်သောအခါ ရိုက်ကူးမှုကို အဆုံးသတ်ရန် ကို နှိပ်ပါ။

Light Graffiti စနစ်တွင် အလင်း ပန်းချီပုံများကို ရိုက်ကူးခြင်း

Light graffiti စနစ်က ကင်မရာရှေ့တွင် အလင်း အရင်းအမြစ်ကို ရွှေ့ခြင်းဖြင့် ပုံသဏ္ဌာန်များ ဖန်တီးခြင်း သို့မဟုတ် စာလုံးများရေးခြင်းတို့ ပြုလုပ်စေနိုင်ပါသည်။

  1. Light Painting စနစ်တွင် Light graffiti ကို ရွေးချယ်ပါ။

  2. အနှောင့်အယှက်ဖြစ်စေသော အလင်း အရင်းအမြစ်များ မရှိသည့် မှောင်နေသော ပတ်ဝန်းကျင်တွင် သေးငယ်သော ဓာတ်မီး သို့မဟုတ် မီးလင်းတုတ်ချောင်းကဲ့သို့ သင့်လျော်သော အရောင်ဖြင့် အနေတော် တောက်ပသည့် အလင်း အရင်းအမြစ်တစ်ခုကို ကင်မရာရှေ့တွင် ရွှေ့ပါ။ ခန္ဓာကိုယ်ကို အလွန်အမင်း လှုပ်ရှားမှုများသည် ရိုက်ကူးမှု ရလဒ်များကို ထိခိုက်စေသောကြောင့် ထိုသို့လှုပ်ရှားခြင်းမှ ရှောင်ကြဉ်ပါ။

  3. စတင်ရိုက်ကူးရန် ကို နှိပ်ပါ။ viewfinder ထဲတွင် ရိုက်ချက်ကို ကြည့်ပါ။

  4. အလင်းဝင်ပေါက် အနေတော် ဖြစ်သောအခါ ရိုက်ကူးမှုကို အဆုံးသတ်ရန် ကို နှိပ်ပါ။

Silky Water စနစ်တွင် မြစ်များနှင့် ရေတံခွန်များကို ရိုက်ကူးခြင်း

Silky Water စနစ်က ရေတံခွန်နှင့် မြစ်တို့၏ ပုံများကို ပိုးသားကဲ့သို့နူးညံ့စွာ ရိုက်ကူးစေနိုင်သည်။

  1. Light Painting စနစ်တွင် Silky water ကို ရွေးချယ်ပါ။

  2. ဤလုပ်ဆောင်ချက်သည် ရေအများအပြား စီးဆင်းနေသည့် ချောင်း သို့မဟုတ် ရေတံခွန်ပုံများ ရိုက်ကူးရာတွင် အကောင်းဆုံး လုပ်ဆောင်ပါသည်။

  3. စတင်ရိုက်ကူးရန် ကို နှိပ်ပါ။ viewfinder ထဲတွင် ရိုက်ချက်ကို ကြည့်ပါ။

  4. အလင်းဝင်ပေါက် အနေတော် ဖြစ်သောအခါ ရိုက်ကူးမှုကို အဆုံးသတ်ရန် ကို နှိပ်ပါ။

Star Trails စနစ်တွင် ကြယ်များ၏ အလှအပကို ရိုက်ကူးခြင်း

Star Trails စနစ်သည် သင့်ကင်မရာကိုသုံး၍ ညဘက်ကောင်းကင်တွင် ရွေ့လျားနေသော ကြယ်များကို ရိုက်ကူးနိုင်စေသည်။

  1. Light Painting စနစ်တွင် Star trails ကို ရွေးချယ်ပါ။

  2. အကောင်းဆုံး ရလဒ်များ ရရှိရန် လမ်းမီးများ မရှိသည့်အပြင် ကောင်းကင်မြင်ကွင်းကို ပိတ်ကာမထားသော တည်နေရာတစ်ခုရှိ ကြည်လင်နေသော ကောင်းကင်ကို ရွေးချယ်ပါ။

  3. စတင်ရိုက်ကူးရန် ကို နှိပ်ပါ။ viewfinder ထဲတွင် ရိုက်ချက်ကို ကြည့်ပါ။

  4. အလင်းဝင်ပေါက် အနေတော် ဖြစ်သောအခါ ရိုက်ကူးမှုကို အဆုံးသတ်ရန် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်