စခရင်ရှော့(တ်) တစ်ပုံကို ရိုက်ခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ: PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စခရင်ရှော့(တ်) တစ်ပုံကို ရိုက်ခြင်း

Grabshot ရိုက်ကူးခြင်း

  1. ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > Smart Sensing > Grabshot သို့ သွား၍ Grabshot ကို ဖွင့်ထားကြောင်း သေချာပါစေ။

  2. သင့်လက်ကို မျက်နှာပြင်မှ လက်တစ်ကမ်းအကွာအဝေး တစ်ဝက်တွင် ထားပြီး သင့်လက်ဝါးပြင်ကို မျက်နှာပြင်ဘက် မျက်နှာမူထားပါ၊ ပြီးလျှင် မျက်နှာပြင်၏ ထိပ်တွင် ပေါ်လာသည်ကို စောင့်ပါ။ ပြီးနောက် စခရင်ရှော့(တ်)ရိုက်ရန် သင့်လက်သီးကို ဆုပ်လိုက်ပါ။



ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

စခရင်ရှော့(တ်) ရိုက်ရန် သင့်လက်ဆစ်ကို အသုံးပြုခြင်း

  1. ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > စခရင်ရှော့(တ်) ရိုက်ကူးရန် သို့ သွားပြီး လက်ဆစ် စခရင်ရှော့(တ်)များ ကို ဖွင့်ထားကြောင်း သေချာပါစေ။

  2. စခရင်ရှော့(တ်) ရိုက်ရန် မျက်နှာပြင်ကို လက်ဆစ်တစ်ခုဖြင့် အမြန်ဆက်တိုက် နှစ်ချက် ခေါက်ပါ။

စခရင်ရှော့(တ်) ရိုက်ရန် ရှော့(တ်)ကတ်တစ်ခုကို အသုံးပြုခြင်း

အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှနေ၍ အောက်သို့ ပွတ်ဆွဲချပြီး ရှော့(တ်)ကတ်များ အားလုံးကို ကြည့်ရန် နောက်ထပ် အောက်သို့ ပွတ်ဆွဲချပါ။ စခရင်ရှော့(တ်) ရိုက်ရန် ကို နှိပ်ပါ။

စခရင်ရှော့(တ်)ကို မျှဝေခြင်းနှင့် တည်းဖြတ်ခြင်း သို့မဟုတ် Scrollshot သို့ ပြောင်းခြင်း



စခရင်ရှော့(တ်) ရိုက်ပြီးနောက် မျက်နှာပြင်၏ အောက်ပိုင်း ဘယ်ဘက်ထောင့်တွင် ပုံကြမ်းတစ်ပုံကို ပြသပါမည်။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
  • Scrolling စခရင်ရှော့(တ်)ပုံကို ရိုက်ရန် ပုံကြမ်းပေါ်တွင် အောက်သို့ ပွတ်ဆွဲနိုင်ပါသည်။

  • စခရင်ရှော့(တ်)ကို သင့်သူငယ်ချင်းများနှင့် မျှဝေမည့် နည်းလမ်းတစ်ခုကို ရွေးချယ်ရန် ပုံကြမ်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။

  • ဖျက်ရန် သို့မဟုတ် တည်းဖြတ်ရန် ပုံကြမ်းကို နှိပ်နိုင်ပါသည်။ Scrolling စခရင်ရှော့(တ်)ပုံကို ရိုက်ရန် Scrollshot ကိုလည်း နှိပ်နိုင်ပါသည်။

စခရင်ရှော့(တ်)များကို ပုံပြခန်း ထဲတွင် ပုံသေ သိမ်းထားပေးပါသည်။

Scrolling စခရင်ရှော့(တ်) ရိုက်ရန် သင့်လက်ဆစ်ကို အသုံးပြုခြင်း



  1. မျက်နှာပြင်ကို လက်ဆစ်ဖြင့် ခေါက်ပြီး "S" ပုံဆွဲရန် ဖိထားပါ။ စာမျက်နှာတစ်ခုလုံးကို ရိုက်ကူးရန် မျက်နှာပြင်သည် အောက်ခြေသို့ အလိုအလျောက် ရွှေ့သွားပါမည်။

  2. စခရင်ရှော့(တ်)ကို ရပ်ရန် မျက်နှာပြင်ရှိ မည်သည့်နေရာကိုမဆို နှိပ်နိုင်ပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်