မျက်နှာပြင် ဘောင်တွင် စက်တွင်း ထိန်းချုပ်မှုများ

သက်ဆိုင်သော ကုန်ပစ္စည်းများ: PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
မျက်နှာပြင် ဘောင်တွင် စက်တွင်း ထိန်းချုပ်မှုများ

စက်တွင် ပြင်ပခလုတ်များအစား စက်တွင်း ထိန်းချုပ်မှုစနစ်များကို အထူးခုံးထားသည့် မျက်နှာပြင် ဘောင်တွင် ထည့်ပေးထားသည်။ ဤဒီဇိုင်းကြောင့် သင်သည် ဆဲလ်ဖီပုံများကိုလည်း အမြန်ရိုက်ကူးနိုင်သည် သို့မဟုတ် လက်လေး​ချောင်းဖြင့် ထိန်းချုပ်မှုများကို သုံး၍ ဂိမ်းများကစားနိုင်သည်။

ဆဲလ်ဖီပုံများ ရိုက်ရန် ရွေ့လျား ရှပ်တာ ခလုတ်ကို သုံးခြင်း

ကင်မရာကို အသုံးပြုသည့်အခါ ရွေ့လျား ရှပ်တာ ခလုတ်ကို ပြသပါသည်။ ဓာတ်ပုံများ အမြန်ရိုက်ရန် သင့်အကြိုက် မည်သည့်နေရာသို့မဆို ဆွဲရွှေ့ပါ။

ဤလုပ်ဆောင်ချက်ကို ကင်မရာ စနစ်အချို့တွင် ရရှိနိုင်မည် မဟုတ်ပါ။



  1. ကင်မရာ ကို ဖွင့်ပါ။

  2. ဓာတ်ပုံအလှပုံ သို့မဟုတ် အခြား သက်ဆိုင်ရာ စနစ်ကို ရွေးချယ်သည့်အခါ ရွေ့လျား ရှပ်တာ ခလုတ်ကို viewfinder ပေါ်တွင် ပြသပါမည်။

    ရွေ့လျား ရှပ်တာ ခလုတ်ကို သင်ကြိုက်သည့် နေရာသို့ ဆွဲရွှေ့ပါ။ ထို့နောက် ဓာတ်ပုံရိုက်ရန် ၎င်းကို နှိပ်ပါ။

လက်လေးချောင်းဖြင့် ဂိမ်းထိန်းချုပ်မှု

မျက်နှာပြင်သည် အလျားလိုက် စနစ်တွင် ရှိသောအခါ ဂိမ်းမျက်နှာပြင်၏ထိပ်တွင် နောက်ထပ် စက်တွင်းထိန်းချုပ်မှု နှစ်ခုကို သင် ထည့်နိုင်ပြီး ၎င်းတို့ကို လက်လေးချောင်းဖြင့် ထိန်းချုပ်မှုအဖြစ် သုံးနိုင်သည်။

လက်လေးချောင်းဖြင့် ထိန်းချုပ်မှုသည် အချို့ဂိမ်းများတွင် ကောင်းစွာ အလုပ်မလုပ်နိုင်ပါ။ ဂိမ်းတွင် ၎င်းတို့ကို သင်နှစ်သက်သလို အသုံးပြုပါ။

  1. ဂိမ်းအက်ပ်ကို ဖွင့်၍ အလျားလိုက် စနစ်သို့ ပြောင်းပြီးနောက် ဆက်တင်များကိုကြည့်ရန် အပေါ် ဘယ်ဘက် ထောင့်မှ အတွင်းဘက်သို့ ပွတ်ဆွဲပါ။

    ဆက်တင် > အက်ပ်များ > AppAssistant > Game Space သို့ သွားပြီး ဂိမ်းကို Game Space ထဲ ထည့်ပါ။

  2. L/R ခလုတ်များ ကို ဖွင့်ပြီးနောက် စက်တွင်း ခလုတ်များ၏ နေရာကို သတ်မှတ်ပါ။

ဘယ်ဘက်နှင့် ညာဘက် စက်တွင်း ခလုတ်များကို သတ်မှတ်ပြီးနောက် သင်သည် ထိနှိပ် ထိန်းချုပ်မှုများ လုပ်ဆောင်ရန် လက်လေးချောင်းကို အသုံးပြုနိုင်ပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်