အလှပုံ၊ ညသုံးနှင့် အလင်းဝင်ပေါက်ကျယ် စနစ်များဖြင့် ရိုက်ကူးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI nova 7 Dual card 8GB+256GB
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အလှပုံ၊ ညသုံးနှင့် အလင်းဝင်ပေါက်ကျယ် စနစ်များဖြင့် ရိုက်ကူးခြင်း

အလှပုံများ ရိုက်ကူးရန် အလှပုံ စနစ်ကို အသုံးပြုခြင်း

ရင်သပ်ရှုမောဖွယ် အလှပုံများ ရိုက်ကူးနိုင်ရန်အတွက် အလှပုံစနစ်သည် သင့်ဓာတ်ပုံများတွင် အလှအပနှင့် အလင်းအထူးပြုလုပ်ချက်များကို သုံးနိုင်စေပါသည်။

  1. ကင်မရာ ကို ဖွင့်ပြီး အလှပုံ စနစ်ကို ရွေးချယ်ပါ။

  2. သင်ရိုက်ကူးမည့်အရာကို viewfinder ထဲတွင် ဝင်အောင်ချိန်ပါ။

    ဆဲလ်ဖီ ရိုက်ကူးရန် ကို နှိပ်ပါ။

  3. ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
    • အလှအပ အထူးပြုလုပ်ချက်ကို ဖွင့်ခြင်း- ကို နှိပ်ပြီး အလှအပ ဆက်တင်ကို ချိန်ညှိပါ။

      အလှအပ အထူးပြုလုပ်ချက်ကို ပိတ်ရန် ဆက်တင်ကို အနိမ့်ဆုံး တန်ဖိုးသို့ ဆွဲရွှေ့ပါ သို့မဟုတ် ကို နှိပ်ပါ။

    • အလင်း အထူးပြုလုပ်ချက် သတ်မှတ်ခြင်း- ကို နှိပ်ပြီး သင် နှစ်သက်သည်ကို ရွေးချယ်ပါ။

    • ဖလက်ရှ် ဖွင့်ခြင်း- ရှေ့ကင်မရာကို အသုံးပြုသည့်အခါ ထိပ်ဆုံးရှိ ဖလက်ရှ်အိုင်ကွန်ကို နှိပ်ပါ။

      (အော်တို) သို့မဟုတ် (အမြဲဖွင့်) ကို ရွေးချယ်ပါ။

      ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

  4. ဓာတ်ပုံရိုက်ရန် ကို နှိပ်ပါ။

ညဘက် ဓာတ်ပုံများ ရိုက်ခြင်း

အလင်းရောင် အားနည်းချိန် သို့မဟုတ် ညဘက်တွင် ရိုက်သည့်တိုင် ညသုံး စနစ်သည် သင့်ဓာတ်ပုံများကို ပို၍ ရှင်းလင်းပြတ်သားပြီး အသေးစိတ်ကျစေကာ ပိုမိုတောက်ပသော အရောင်များကို ရရှိစေပါသည်။

  1. ကင်မရာ ကို ဖွင့်ပြီး စနစ်ကို ရွေးချယ်ပါ။

  2. သင်သည် အနောက်ကင်မရာကို အသုံးပြုနေပါက ISO တုံ့ပြန်နိုင်စွမ်းကို ချိန်ညှိရန် viewfinder ပေါ်ရှိ ကို နှိပ်ပါ သို့မဟုတ် ရှပ်တာမြန်နှုန်းကို ချိန်ညှိရန် ကို နှိပ်ပါ။

    ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

  3. သင့်စက်ကို ငြိမ်ငြိမ်ထားပြီး ရှပ်တာခလုတ်ကို နှိပ်ပါ။

  4. သင့်စက်သည် ဝန်းကျင်အလင်းရောင် တောက်ပမှုအပေါ်အခြေခံ၍ အလင်းဝင်ချိန်ကို ချိန်ညှိပေးပါမည်။ အချိန်ရေတွက်မှု ပြီးဆုံးသည်အထိ သင့်စက်ကို ငြိမ်ငြိမ် ထိန်းထားပါ။

    အချိန်ရေတွက်မှုကို ရပ်တန့်ပြီး ချက်ချင်း ဓာတ်ပုံရိုက်ရန် ရှပ်တာခလုတ်ကိုလည်း နှိပ်နိုင်ပါသည်။

ညဘက် အလှပုံများ ရိုက်ရန် ရှေ့ကင်မရာကို သုံးခြင်း

ညဘက် ဆဲလ်ဖီပုံ ရိုက်ကူးရန် သို့မဟုတ် အလင်းရောင် အလုံအလောက် မရှိသောအခါ ရှေ့ကင်မရာကို ညသုံး စနစ်ဖြင့် အသုံးပြုနိုင်ပါသည်။

အလင်းမှိန်သော ပတ်ဝန်းကျင်တွင် သင့်မျက်နှာကို မီးထိုးပေးထားသည့် ဓာတ်ပုံကို ရရှိရန် ဖလက်ရှ်ကို ဖွင့်နိုင်ပါသည်။

  1. ကင်မရာ ကို ဖွင့်၍ စနစ်ကို ရွေးချယ်ပါ။

  2. ရှေ့ကင်မရာသို့ ပြောင်းရန် ကို နှိပ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-

    • အလင်းအားနည်းချိန်တွင် ဖလက်ရှ်ကို ဖွင့်ရန် ထိပ်ရှိ ဖလက်ရှ် အိုင်ကွန်ကို နှိပ်ပြီး (အော်တို) သို့မဟုတ် (အမြဲဖွင့်) ကို ရွေးပါ။

    • ကို နှိပ်ပြီး အလှအပ အဆင့်ကို ချိန်ညှိပါ။

  3. သင့်စက်ကို ငြိမ်ငြိမ်ကိုင်ထားပြီး ရှပ်တာ ခလုတ်ကို နှိပ်ပါ။

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံများ ရိုက်ကူးခြင်း

အလင်းဝင်ပေါက်ကျယ် စနစ်သည် သင်ရိုက်ကူးမည်အရာကို ပြတ်သားသော ဆုံချက်အတွင်း ရှိနေစေလျက် နောက်ခံ မှုန်ဝါးထားသည့် ဓာတ်ပုံများကို ရိုက်ကူးစေနိုင်သည်။

  1. ကင်မရာ > နောက်ထပ် ကို ဖွင့်၍ အလင်းဝင်ပေါက် စနစ်ကို ရွေးချယ်ပါ။

  2. သင် ဆုံချက်ချိန်လိုသည့် နေရာကို နှိပ်ပါ။ ပုံထွက် အကောင်းဆုံးဖြစ်စေရန် သင့်စက်သည် သင်ရိုက်ကူးမည့်အရာမှ 2 မီတာ (7 ပေခန့်) အတွင်း ရှိနေရန်လိုသည်။

  3. Viewfinder ထဲရှိ ကို နှိပ်ပြီး အလင်းဝင်ပေါက် ဆက်တင်များကို ချိန်ညှိရန် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။ အလင်းဝင်ပေါက် တန်ဖိုး နည်းလေ ပိုမိုမှုန်ဝါးသော နောက်ခံကို ရရှိလေ ဖြစ်ပါသည်။

  4. ဓာတ်ပုံရိုက်ရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။

အလင်းဝင်ပေါက်ကျယ် ဗီဒီယိုများ ရိုက်ကူးခြင်း

အလင်းဝင်ပေါက်ကျယ် စနစ်သည် သင်ရိုက်ကူးမည့်အရာကို အမြဲ ပြတ်သားသော ဆုံချက်အတွင်း ရှိနေစေရန် အချိန်နှင့် တစ်ပြေးညီ နောက်ခံမှုန်ဝါးပေးသည့် ဗီဒီယိုများကို ရိုက်ကူးနိုင်စေသည်။

  1. ကင်မရာ > နောက်ထပ် ကို ဖွင့်၍ အလင်းဝင်ပေါက် စနစ်ကို ရွေးချယ်ပါ။

  2. ဗီဒီယိုစနစ်သို့ ပြောင်းရန် ကို နှိပ်ပါ။

  3. သင် ဆုံချက်ချိန်လိုသည့် နေရာကို နှိပ်ပါ။ Viewfinder ထဲရှိ ကို နှိပ်ပြီး အလင်းဝင်ပေါက် ဆက်တင်များကို ချိန်ညှိရန် ဆလိုက်ဒါကို ဆွဲရွှေ့ပါ။ အလင်းဝင်ပေါက် တန်ဖိုး နည်းလေ ပိုမိုမှုန်ဝါးသော နောက်ခံကို ရရှိလေ ဖြစ်ပါသည်။

  4. စတင်ရိုက်ကူးရန် ရှပ်တာ ခလုတ်ကို နှိပ်ပါ။ ရိုက်ကူးနေစဉ် ဆုံချက်ချိန်ညှိရန် viewfinder ကို နှိပ်ပါ။

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံများတွင် နောက်ခံအဝါးကို တည်းဖြတ်ခြင်း

အလင်းဝင်ပေါက်ကျယ် ဓာတ်ပုံကို ရိုက်ယူပြီးနောက် ဆုံချက်နှင့် နောက်ခံ အဝါးကို ချိန်ညှိနိုင်သည်။

  1. ပုံပြခန်း > အယ်လ်ဘမ် > ကင်မရာ သို့ သွားပါ။

  2. နှင့် တက်ဂ်တွဲထားသည့် ဓာတ်ပုံတစ်ပုံကို နှိပ်ပြီးနောက် ဓာတ်ပုံထိပ်ရှိ ကို နှိပ်ပါ။

  3. ဆုံချက်ကို ချိန်ညှိရန် ဓာတ်ပုံကို နှိပ်ပါ။ အလင်းဝင်ပေါက်ကို ချိန်ညှိရန် အောက်ခြေရှိ ဆလိုက်ဒါကို ဆွဲရွှေ့ပါ။

  4. ဆက်တင်များကို သိမ်းရန် ကို နှိပ်ပါ။

  5. တည်းဖြတ်ထားသည့် ဓာတ်ပုံကို ဓာတ်ပုံအသစ်အဖြစ် သိမ်းရန် ကို နှိပ်ပါ။ ဓာတ်ပုံအသစ်သည် နောက်ခံ အဝါး တည်းဖြတ်ခြင်းကို ခွင့်မပြုပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်