အသံဆက်တင်များကို ချိန်ညှိခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အသံဆက်တင်များကို ချိန်ညှိခြင်း

အစွန်းတစ်ဖက်ရှိ မျက်နှာပြင်တွင်း အသံချိန်ညှိ ဆလိုက်ဒါကို အသုံးပြုခြင်း

ဤစက်တွင် နှိပ်ရသည့် အသံချိန်ညှိ ခလုတ်များကို ထည့်မပေးတော့ဘဲ ၎င်းအစား မျက်နှာပြင် အစွန်းတစ်ဖက်တွင် မျက်နှာပြင်တွင်း အသံချိန်ညှိ ဆလိုက်ဒါကို ထည့်ပေးထားပါသည်။ အသံချိန်ညှိ ဆလိုက်ဒါကို ပြသစေရန် မျက်နှာပြင် ဘယ်ဘက် သို့မဟုတ် ညာဘက်အစွန် အပေါ်ပိုင်းကို နှစ်ချက်နှိပ်ပါ။ အသံကို ထိန်းချုပ်ရန် အသံချိန်ညှိ ဆလိုက်ဒါဘေးရှိ အစွန်းတစ်ဖက် သို့မဟုတ် အသံချိန်ညှိ ဆလိုက်ဒါပေါ်တွင် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။

  1. မျက်နှာပြင်ပေါ် အသံချိန်ညှိ ဆလိုက်ဒါကို ပြသစေမည့် နေရာကို ရွေးချယ်ရန် ဆက်တင် > အသံနှင့် တုန်ခါမှု > အသံ ထိန်းချုပ်ရေး ဟန်ပန် သို့ သွားပါ။

  2. အသံချိန်ညှိ ဆလိုက်ဒါကို ပြသရန် သင် သတ်မှတ်ထားသည့် နေရာအပေါ် မူတည်ပြီး မျက်နှာပြင် ဘယ်ဘက် သို့မဟုတ် ညာဘက်အစွန်၏ အပေါ်ပိုင်းကို နှစ်ချက်နှိပ်ပါ။ ထို့နောက် သင်သည်-
    • အသံပမာဏကို အမြန်ချိန်ညှိရန် အသံချိန်ညှိ ဆလိုက်ဒါပေါ်တွင် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲနိုင်သည်။

    • မီဒီယာကို အသံပိတ်ရန် ကို နှိပ်နိုင်သည်။ သင်သည် အသံချိန်ညှိ ဆလိုက်ဒါဘေးရှိ အစွန်းတစ်ဖက်ပေါ်တွင် သို့မဟုတ် အသံချိန်ညှိ ဆလိုက်ဒါပေါ်တွင် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲခြင်းဖြင့် မီဒီယာ အသံကို ချိန်ညှိနိုင်ပါသည်။

    • နောက်ထပ် အသံဆက်တင်များကို စီစဉ်သတ်မှတ်ရန် ကို နှိပ်ပါ။

သင့်စက် အသံမြည်လာသောအခါ အသံပိတ်ရန် ပါဝါခလုတ်ကို နှိပ်ခြင်း

အဝင်ခေါ်ဆိုမှု သို့မဟုတ် နှိုးစက်အတွက် သင့်စက် အသံမြည်လာသောအခါ ၎င်းကို အသံပိတ်ရန် ပါဝါခလုတ်ကို နှိပ်နိုင်ပါသည်။

ဖုန်းမြည်သံကို အသံပိတ်ရန် လှန်ခြင်း သို့မဟုတ် အသံလျှော့ချရန်အတွက် မြှောက်ခြင်း

အဝင်ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသောအခါ ၎င်းကို အသံပိတ်ရန်အတွက် သင့်စက်ကို လှန်ပါ၊ သို့မဟုတ် ဖုန်းမြည်သံကို လျှော့ချရန်အတွက် စက်ကို မြှောက်ပါ။

ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ > မြည်သံ ပိတ်ရန်/အသံပမာဏ လျှော့ချရန် သို့ သွားပါ၊ ထို့နောက် မြည်သံ ပိတ်ရန်အတွက် တစ်ဖက်သို့ လှန်ရန် နှင့် မြည်သံ လျှော့ရန်အတွက် မြှောက်ကိုင်ရန် ကို ဖွင့်ပါ။

အသံနှင့် တုန်ခါမှုဆက်တင်များကို ပြောင်းခြင်း

မက်ဆေ့ချ်သံ၊ အသိပေးသံနှင့် ဖုန်းမြည်သံကို သင်နှစ်သက်သလို သတ်မှတ်နိုင်ပြီး တုန်ခါမှုပက်တန်ကိုလည်း သင် သတ်မှတ်နိုင်ပါသည်။

  1. ဆက်တင် > အသံနှင့် တုန်ခါမှု သို့ သွားပြီး ဖုန်းမြည်သံမက်ဆေ့ခ်ျသံ သို့မဟုတ် အသိပေးသံ ကို နှိပ်ပါ။

  2. ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-

    • အသံကို သတ်မှတ်နိုင်သည်။

      ကြိုတင်သတ်မှတ်ထားသည့်အသံကို ရွေးချယ်ပါ သို့မဟုတ် စက်ရှိ တေးဂီတ ကို နှိပ်၍ စက်တွင်း သိမ်းဆည်းထားသော သီချင်းတစ်ပုဒ်ကို ရွေးချယ်ပါ။

      SIM နှစ်ကတ်ကို အသုံးပြုနေပါက သင်သည် ၎င်းတို့အတွက် အသံများကို သီးခြားစီ သတ်မှတ်နိုင်ပါသည်။

    • တုန်ခါမှုပက်တန်ကို သတ်မှတ်ပါ။

      တုန်ခါမှု ကို နှိပ်ပြီး သင်နှစ်သက်သည့် တုန်ခါမှုပက်တန်ကို ရွေးချယ်ပါ။

      ချိန်ကိုက်ပြီး (ပုံသေ) ကို ရွေးချယ်သောအခါ သင့်ဖုန်းသည် အသံ၏စည်းချက်နှင့်အညီ တုန်ခါပါမည်။

      အခြားရွေးချယ်မှုများအတွက် သင့်ဖုန်း၏တုန်ခါမှုပက်တန်ကို ပုံသေသတ်မှတ်ထားသည်။

      လုပ်ဆောင်ချက်ကို ရရှိနိုင်မှုသည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

အသံ၊ တုန်ခါမှု သို့မဟုတ် အသံတိတ် စနစ်များအကြား ပြောင်းရန် ရှော့(တ်)ကတ်တစ်ခု အသုံးပြုခြင်း

  1. အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှနေ၍ အောက်သို့ ပွတ်ဆွဲချပြီး ရှော့(တ်)ကတ် အားလုံးကို ကြည့်ရန် နောက်ထပ် အောက်သို့ ပွတ်ဆွဲချပါ။

  2. မတူညီသော စနစ်များကြား ပြောင်းရန် အသံအသံတိတ် သို့မဟုတ် တုန်ခါမှု အိုင်ကွန်ကို နှိပ်ပါ။

အသံစနစ်တွင် အသံအားလုံးကို သင့်ဖုန်းက ပုံမှန်အတိုင်း ဖွင့်ပေးသည်။

အသံတိတ် စနစ်တွင် အဝင်ခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များ၊ အသိပေးချက်များနှင့် ပြင်ပအဖွဲ့အစည်း အက်ပ် အသိပေးချက်အချို့အတွက် မြည်သံများကိုသာ သင့်ဖုန်းက အသံပိတ်ပါသည်။ နှိုးစက်များ၊ အော်ဒီယို ခေါ်ဆိုမှုများ၊ တေးဂီတများ၊ ဗီဒီယိုများနှင့် ဂိမ်းများအပါအဝင် အခြားအသံများကို အသံပိတ်မည်မဟုတ်ပါ။

တုန်ခါမှုစနစ်တွင် သင့်ဖုန်းကို အသံပိတ်ထားပြီး ခေါ်ဆိုမှုများ သို့မဟုတ် မက်ဆေ့ချ်များအတွက် ညင်သာသော သတိပေးချက်များကို ပံ့ပိုးပေးရန် တုန်ခါပါသည်။

အသံတုန်ခါမှု နှင့် အသံတိတ် စနစ်များအကြား ပြောင်းရန် ဆက်တင် > အသံနှင့် တုန်ခါမှု သို့လည်း သင်သွားနိုင်ပါသည်။

ပုံသေ အသံအတိုးအကျယ်ကို သတ်မှတ်ခြင်း

ဆက်တင် > အသံနှင့် တုန်ခါမှု သို့ သွားပြီးနောက် အောက်ပါအရာများအတွက် အသံအတိုးအကျယ်ကို သတ်မှတ်နိုင်ပါသည်-

  • မြည်သံ၊ မက်ဆေ့ခ်ျများ၊ အသိပေးချက်များ
  • နှိုးစက်သံ
  • တေးဂီတ၊ ဗီဒီယို၊ ဂိမ်းများ
  • ခေါ်ဆိုမှုများ

နောက်ထပ် ဆက်တင်များ ကို သတ်မှတ်ခြင်း

အသံနှင့် တုန်ခါမှု မျက်နှာပြင်တွင် နောက်ထပ် ဆက်တင်များ ကို နှိပ်ပြီး နောက်ထပ် အသိပေး အချက်ပြမှု နည်းလမ်းများကို သင်နှစ်သက်သလို သတ်မှတ်ပါ။ ဥပမာအားဖြင့် ကီးပတ် မြည်သံ နှင့် စခရင်ရှော့(တ်) ကို သတ်မှတ်နိုင်သည်။

ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်