အီးမေးလ် အကောင့်များ ထည့်ခြင်း |
အီးမေးလ်ကို အဆင်ပြေပြေ ဝင်ရောက် သုံးစွဲရန်အတွက် သင့်စက်ကို စတင်အသုံးပြုရန် အီးမေးလ် တွင် သင့်အီးမေးလ်အကောင့်ကို ထည့်ပါ။
ကိုယ်ရေးကိုယ်တာ အီးမေးလ်အကောင့်တစ်ခု ထည့်ခြင်း
-
သင့်စက်တွင် အီးမေးလ် ကို ဖွင့်ပြီးနောက် ရနိုင်သည့် စာပုံး ဝန်ဆောင်မှုပေးသူများ အနက်မှ တစ်ခုကို ရွေးပါ သို့မဟုတ် အခြား ကို နှိပ်ပါ။
-
ဆာဗာကို စီစဉ်သတ်မှတ်မှု ပြီးမြောက်စေရန် သင့် အီးမေးလ် လိပ်စာနှင့် စကားဝှက်ကို ရိုက်ထည့်၍ ဝင်မည် ကို နှိပ်ပြီး မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များကို လိုက်နာပါ။ စနစ်သည် ဆာဗာနှင့် အလိုအလျောက် ချိတ်ဆက်သွားမည်ဖြစ်ပြီး ဆာဗာဆက်တင်ကို စစ်ဆေးသွားပါမည်။
Exchange အကောင့်တစ်ခု ထည့်ခြင်း
Microsoft Exchange ဖြင့် ကုမ္ပဏီတစ်ခုအတွင်းတွင် ဒစ်ဂျစ်တယ် မက်ဆေ့ချ်များ ပို့နိုင်ပါသည်။ သင့်ကုမ္ပဏီ၏ စာပုံးသည် Exchange ဆာဗာကို သုံးစွဲပါက သင့်စက်တွင် ကုမ္ပဏီ အီးမေးလ် အကောင့်သို့ ဝင်ရောက်နိုင်ပါသည်။
-
ဒိုမိန်းအမည်၊ ဆာဗာလိပ်စာ၊ ပို့(တ်) နံပါတ်နှင့် လုံခြုံရေး အမျိုးအစားကို ရရှိရန်အတွက် ကုမ္ပဏီ အီးမေးလ်ဆာဗာ စီမံအုပ်ချုပ်သူကို ဆက်သွယ်ပါ။
-
အီးမေးလ် ကို ဖွင့်ပြီး Exchange ကို ရွေးချယ်ပါ။
-
အီးမေးလ် လိပ်စာ၊ သုံးစွဲသူ အမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပါ။
-
ကိုယ်တိုင်ဖန်တီး ကို နှိပ်ပါ။ အကောင့် ထည့်သွင်းမှု မျက်နှာပြင်တွင် အီးမေးလ် ဒိုမိန်းအမည်၊ ဆာဗာလိပ်စာ၊ ပို့(တ်) နံပါတ်နှင့် လုံခြုံရေး အမျိုးအစားကို ရိုက်ထည့်ပါ။
-
စီစဉ်သတ်မှတ်မှု ပြီးစီးရန်အတွက် နောက်တစ်ခုသို့ ကို နှိပ်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်ချက်များကို လိုက်နာပါ။ စနစ်သည် ဆာဗာနှင့် အလိုအလျောက် ချိတ်ဆက်သွားမည်ဖြစ်ပြီး ဆာဗာဆက်တင်ကို စစ်ဆေးသွားပါမည်။