VPN ကွန်ရက်တစ်ခုသို့ ချိတ်ဆက်ခြင်း |
ပကတိအသွင် ကိုယ်ပိုင် ကွန်ရက် (VPN) ဆိုသည်မှာ အများပြည်သူသုံး ကွန်ရက်တစ်ခုပေါ်တွင် ကိုယ်ပိုင် ကွန်ရက်တစ်ခုအဖြစ် ယာယီချိတ်ဆက်မှုဖြစ်ပြီး လုံခြုံမှုပေးနိုင်ရန်အတွက် ဒေတာထုတ်လွှင့်မှုများအား ကုဒ်ပြောင်းဝှက်ထားသည်။
ရုံးပြင်ပတွင် အလုပ်လုပ်ချိန်တွင် သင့်ကုမ္ပဏီ၏ အင်ထရာနက်ကို စိတ်ချလုံခြုံစွာ ဝင်ရောက် သုံးစွဲနိုင်ရန် VPN တစ်ခုကို အသုံးပြုနိုင်ပါသည်။
အောက်ပါ ဆာဗာအမျိုးအစားများကို ပံ့ပိုးပါသည်-
- PPTP- Point-to-Point Tunneling ပရိုတိုကောလ် ကိုဆိုလိုပြီး MPPE ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
- L2TP- Layer 2 (Data Link Layer) Tunneling ပရိုတိုကောလ်ကိုဆိုလိုပြီး IPSec PSK နှင့် IPSec RSA ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
- IPSec Xauth- PSK, RSA, နှင့် Hybrid RSA ကုဒ်ပြောင်းဝှက်ခြင်းအား ပေးအပ်ပါသည်။
PPTP ဆာဗာနှင့် ချိတ်ဆက်ခြင်း
-
သင်၏ VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ VPN ဆာဗာအမည်နှင့် လိပ်စာကဲ့သို့ လိုအပ်သော ဒေတာများကို ရယူပါ။
-
-
VPN ဆာဗာတွင် DNS လိပ်စာ မရှိလျှင် အဆင့်မြင့် ရွေးချယ်မှုများအား ပြသမှု ကို နှိပ်ပြီး DNS ဒိုမိန်း၊ DNS ဆာဗာ လိပ်စာနှင့် ထပ်ဆင့်ပို့မည့် လမ်းကြောင်းကို ရိုက်ထည့်ပါ။
-
သိမ်းမည် ကို နှိပ်ပါ။
-
ယခုတင် သင် သတ်မှတ်လိုက်သည့် VPN ကို နှိပ်၍ သင်၏ VPN သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရိုက်ထည့်ပြီးနောက် ဆက်သွယ်သည် ကို နှိပ်ပါ။
L2TP/IPSec PSK ဆာဗာတစ်ခုနှင့် ချိတ်ဆက်ခြင်း
-
VPN ဆာဗာအမည်၊ ဆာဗာလိပ်စာ၊ L2TP ကီး (ချန်ထားခဲ့နိုင်ပါသည်)၊ IPsec အမှတ်သင်္ကေတ (ချန်ထားခဲ့နိုင်ပါသည်) နှင့် IPsec ကြိုတင်မျှဝေထားသည့် ကီးကို သင်၏ VPN ဆာဗာ စီမံအုပ်ချုပ်သူထံမှ ရယူပါ။