ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း
ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း |
ပုံပြခန်း မှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်းအတွက် နည်းလမ်းများရှိပါသည်-
-
ဓာတ်ပုံ သို့မဟုတ် ဗီဒီယို တစ်ခုကို မျှဝေရန်- ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို နှိပ်ပြီးနောက်
ကို နှိပ်ပါ။
-
ဓာတ်ပုံများစွာ သို့မဟုတ် ဗီဒီယိုများစွာကို မျှဝေရန်- အယ်လ်ဘမ်ထဲတွင် ဓာတ်ပုံများနှင့် ဗီဒီယိုများစွာကို ရွေးချယ်ရန် ဖိ၍ နှိပ်ထားပြီးနောက်
ကို နှိပ်ပါ။
သင့်ဓာတ်ပုံများကို လုံခြုံစွာ မျှဝေခြင်း
ဓာတ်ပုံ မပို့မီ တည်နေရာ၊ အချိန်နှင့် ကင်မရာ သတ်မှတ်ချက်များကဲ့သို့ အရေးကြီးသော အချက်အလက်များကို ဖျက်ပစ်ရန် ရွေးချယ်နိုင်သည်။
-
ပုံပြခန်း ကို ဖွင့်ပါ။
-
ဓာတ်ပုံ တစ်ပုံနှင့် အထက်ကို ရွေးချယ်ပြီး
ကို နှိပ်ပါ။
-
မျက်နှာပြင်၏ အပေါ် ဘယ်ဘက်ထောင့်ရှိ ကိုယ်ပိုင် အချက်အလက် ဖွင့်/ပိတ် ခလုတ်ကို နှိပ်ပါ။ ပြသထားသည့် ကိုယ်ရေးအချက်အလက် လုံခြုံရေး ရွေးချယ်စရာများ ဒိုင်ယာလော့ဂ် ဘောက်စ်ထဲတွင် ဓာတ်ပုံ အချက်အလက်များ ဖယ်ရှားရန် နှင့် တည်နေရာ အချက်အလက်များ ဖယ်ရှားရန် ဖွင့်/ပိတ် ခလုတ်များကို ဖွင့်ပြီးနောက် အိုကေ ကို နှိပ်ပါ။
ဓာတ်ပုံရိုက်ချိန်တွင် တည်နေရာ တဂ် ကို ပိတ်ထားလျှင် ဓာတ်ပုံကို မျှဝေသည့်အခါ တည်နေရာ အချက်အလက်များ ဖယ်ရှားရန် ဖွင့်/ပိတ် ခလုတ်ကို ကိုယ်ရေးအချက်အလက် လုံခြုံရေး ရွေးချယ်စရာများ ဒိုင်ယာလော့ဂ် ဘောက်စ်ထဲတွင် ပြသမည် မဟုတ်ပါ။