Guide on using Huawei Share (MM-Version)

သက်ဆိုင်သော ကုန်ပစ္စည်းများ: PC
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic

 

Huawei Share အသုံးပြုနည်း (Knowledge ID:en-us08509247) Guide on using Huawei Share

ကွန်ပြူတာတွင် သင့်ဖုန်း၏ Virtual ဗားရှင်းကိုစီမံရန် ဖုန်းကိုသာနှိပ်ပါ။ သင်၏ကွန်ပြူတာကိုအသုံးပြုပြီး သင်၏ဖုန်းကိုလွယ်ကူစွာထိန်းချုပ်နိုင်သည်။ ကိရိယာနှစ်ခုအတွင်း ဖိုင်များကိုအလွယ်တကူလွှဲပြောင်းရန်  ဆွဲပါ သို့မဟုတ် နှိပ်ပါ။ သင်သည် clipboard content နှင့် document များကိုလည်း မျှဝေနိုင်သည်။

Huawei Share နှင့် ကိုက်ညီသော ဖုန်းမော်ဒယ်လ်များ

 

Huawei Share လုပ်ဆောင်ချက်များ၏ အမှန်တကယ်စွမ်းဆောင်ရည်သည် ဖုန်း၏မော်ဒယ်လ်နှင့် ကွန်ပြူတာပေါ်တွင်မူတည်သည်။ ပိုမိုသိရှိလိုပါက Huawei Share Supported Devices & System Requirements ကိုလေ့လာပါ။

            

ကိုက်ညီမှုရှိသည့်ဖုန်းမော်ဒယ်လ်များ- NFC ထောက်ပံ့သည့် Huawei နှင့် Honor ဖုန်းမော်ဒယ်လ်အချို့ဖြစ်သည်။

အမှန်တကယ် NFC ဧရိယာသည် ဖုန်းမော်ဒယ်လ်များဖြင့်ကွဲပြားပြီး ၄င်းသည်ပုံမှန်အားဖြင့် rear camera တစ်ဝိုက်တွင်ရှိသည်။

.သင်၏ကွန်ပြူတာ-

ကွန်ပြူတာတွင် Huawei Share sensor ရှိပြီး PC Manager ၏နောက်ဆုံးဗားရှင်းဖြင့်ထည့်သွင်းထားသည်။

 •    Huawei Share sensor ကို Huawei Share icon  သို့မဟုတ် touchpad အောက်တွင်ထည့်သွင်းထားသည်။ အမှန်တကယ်တည်နေရာသည် မော်ဒယ်အလိုက်ကွဲပြားသည်။

 

·        PC Manager ကို update ပြုလုပ်ရန် PC Manager ကိုဖွင့်ပြီး Check for updates သို့သွားပါ။

Huawei Share အသုံးပြုနည်း

လုပ်ဆောင်ချက်အသေးစိတ်နှင့် ဗွီဒီယိုများအတွက် တရားဝင် Huawei Share ဝက်ဘ်ဆိုက်တွင်လေ့လာပါ-

https://consumer.huawei.com/en/support/huaweisharewelcome/

I.                သင်၏ဖုန်းနှင့်ကွန်ပြူတာကိုချိတ်ဆက်ခြင်း

Huawei Share ကိုအသုံးမပြုခင် သင်၏ဖုန်းနှင့်ကွန်ပြူတာအကြား ချိတ်ဆက်မှုပြုလုပ်ပါ။

1.     သင်၏ကွန်ပြူတာတွင် Wi-Fi နှင့် Bluetooth ကိုဖွင့်ပြီး PC Manager သည် နောက်ခံတွင် လည်ပတ်နေကြောင်း သေချာပါစေ။

2.     သင်၏ဖုန်းတွင် notification panel ကိုဖွင့်ရန် status bar မှအောက်သို့ဆွဲချပြီး NFC, Wi-FI နှင့် Bluetooth တို့ကိုဖွင့်ပါ။

3.     NFC detection area ကို Huawei Share sensor (သို့မဟုတ် touchpad ၏အလယ်) နှင့် ဖုန်းမြည်သည် သို့မဟုတ် တုန်ခါသည်ထိ ကပ်ထားပါ။

4.     ဆက်သွယ်မှုကိုအဆုံးသတ်ရန် သင်၏ဖုန်းနှင့်ကွန်ပြူုတာပေါ်ရှိ လမ်းညွှန်ချက်များကိုလိုက်နာပါ။

 

·        တနည်းအားဖြင့် PC Manager ကိုဖွင့်ပြီး အခြားနည်းလမ်းများကိုအသုံးပြုပြီး ကိရိယာနှစ်ခုလုံးကိုချိတ်ဆက်ရန် ရွေးချယ်ပါ။

·        သင်၏ဖုန်းကိုကွန်ပြူုတာနှင့် ပထမဆုံးအကြိမ်ချိတ်ဆက်သောအခါ PC Manager ကိုဖွင့်ပြီး အသုံးပြုသူသဘောတူညီချက်ကို ဖတ်ပြီးသဘောတူပါ။

မျက်နှာပြင် နှစ်ခု ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း

ချိတ်ဆက်မှုပြုလုပ်ပြီးနောက် ဖုန်းမျက်နှာပြင်သည် ကွန်ပြူတာတွင်ပေါ်လာလိမ့်မည်။ ကွန်ပြူတာကိုအသုံးပြုပြီး သင့်ဖုန်းရှိ အက်ပ်များနှင့်ဖိုင်ကို ထိန်းချုပ်နိုင်သည်။

 

(၁)သင့် ဖုန်းကို ကွန်ပြူတာမှ ထိန်းခြင်း

Multi-screen Collaboration window တွင် 

  • Mouse left-click ကိုနှိပ်ခြင်း- ဖုန်းအက်ပ်များကိုထိန်းချုပ်ခြင်း
  • Scrolling- ဖုန်းတွင်မျက်နှာပြင်ပြောင်းခြင်း

Typing- ကီးဘုတ်ကိုအသုံးပြုပြီး Notepad ကဲ့သို့ မည်သည့်စာသားတည်းဖြတ်သည့် အက်ပ်ကိုမဆိုလွယ်ကူစွာ စာရိုက်နိုင်သည်။

(2) Seamless ဖြင့်ခေါ်ဆိုခြင်း

ကွန်ပြူတာကိုအသုံးပြုပြီး ဖုန်းကောလ်များကိုသင်ကိုင်နိုင်သည်။

သင့်ဖုန်းသို့ပြောင်းရန်လိုအပ်ပါက notification panel ပြသရန် ဖုန်းမျက်နှာပြင်တွင် အပေါ်သို့ဆွဲပါ၊ Connected devices ကိုနှိပ်ပြီး ပြန်ပြောင်းရန် မျက်နှာပြင်ပေါ်ရှိလုပ်ဆောင်ချက်များကိုလိုက်နာပါ။

(3) ကွန်ပျူတာ ကို အသုံးပြုပြီး ဖုန်းမှ ဖိုင်များ ကို ဖွင့်ခြင်း

သင်၏ကွန်ပြုူတာကိုအသုံးပြုပြီး သင့်ဖုန်းရှိ ဖိုင်များကို ပြင်ဆင်နိိုင်ပြီး တိုက်ရိုက်ဖွင့်နိုင်သည်။

ဥပမာ သင်၏ကွန်ပြူတာဖြင့် သင့်ဖုန်းရှိ ဖိုင်ထဲတွင်သိမ်းဆည်းထားသည့် စာရွက်စာတမ်းများ၊ ပုံများနှင့် ဗွီဒီယိုများကိုဖွင့်နိုင်သည်။

ဤလုပ်ဆောင်ချက်သည် အချို့ အက်ပ်များအတွက်သာထောက်ပံံ့သည်။ ပိုမိုသိရှိလိုပါက Huawei Share Supported Devices & System Requirements. Official website တွင်ကြည့်ပါ။

(4) ဖိုင်များ ကို ဆွဲထည့်ခြင်း

  • သင့်ဖုန်းမှကွန်ပြူတာသို့

1.       Multi-screen Collaboration window တွင် Gallery သို့မဟုတ် ဖိုင်များကိုဖွင့်ပါ။

2.       ဖိုင်များစွာကိုရွေးချယ်ရန် option မပေးခင် ဖိုင်ကိုနှိပ်ပြီးဖိထားပါ။ ထို့နောက် သင့်ကွန်ပြူတာရှိဖိုင်တွဲများသို့ ဖိုင်များကိုနှိပ်ပြီးဆွဲယူပါ သို့မဟုတ် ၄င်းတို့ကို စာရွက်စာတမ်းများ သို့မဟုတ် အီးမေးလ်များတွင် တည်းဖြတ်ပါ။

သင်၏ကွန်ပြူတာနှင့်ဖုန်းအကြားရှိ စာသားများကို လွယ်ကူစွာကူးယူနိုင်သည်။

·      ကွန်ပျူတာ မှ ဖုန်း သို

1.       Multi-screen Collaboration window တွင် Gallery သို့မဟုတ် ဖိုင်များကိုဖွင့်ပါ။

2.       သင်၏ကွန်ပြူတာတွင် သင်ရွှေ့ပြောင်းလိုသော ဗွီဒီယိုများနှင့်ပုံများကိုရွေးချယ်ပြီး ၄င်းတို့ကို Gallery သို့မဟုတ် ဖိုင်များသို့ဆွဲထည့်ပါ သို့မဟုတ် ၄င်းတို့ကို note များ သို့မဟုတ် email များတွင်သုံးပါ။

သင်၏ကွန်ပြူတာနှင့်ဖုန်းအကြားရှိ စာသားများကို လွယ်ကူစွာကူးယူနိုင်သည်။

ဖုန်း နှင့် ကွန်ပျူတာ ကို အသုံးပြုပြီး Tasks ၂ ခု ကို လုပ်ခြင်း

Multi-screen Collaboration window တွင် app ကိုဖွင့်ပြီး ဝင်းဒိုးအသစ်တွင် app ကိုဖွင့်ရန် app window တွင် ညာဘက်အပေါ်ထောင့်ကိုနှိပ်ပါ။

Window တစ်ခုချင်းစီကိုလွယ်ကူစွာ အသုံးပြုနိုင်သည်။ ဥပမာ- သင်တန်းတစ်ခုကိုကြည့်ရန် window ကိုအသုံးပြုနိုင်ပြီး  note များကိုအသုံးပြုရန် window ကိုအသုံးပြုနိုင်သည်။

 

l  မှတ်စု- Computer Desktop  တွင် phone app windows သုံးခု အများဆုံးထိလည်ပတ်နိုင်သည်။ တစ်ချိန်ထဲဖွင့်နိုင်သည့် windows အရေအတွက်များသည် ဖုန်းမော်ဒယ်လ်ပေါ်တွင်မူတည်သည်။

II.               ဤလုပ်ဆောင်ချက်သည် Apps များအားလုံးကိုမထောက်ပံ့ပါ

 

III.             ဖိုင်များ ဝေမျှခြင်း

သင့်ဖုန်းကို ကွန်ပြူတာနှင့်ချိတ်ဆက်ပြီး ဖိုင်များကိုကူးပြောင်းခြင်းနှင့် screen recording တို့ကိုနှိပ်ရုံဖြင့်စတင်လုပ်ဆောင်နိုင်သည်။

(1) ဖိုင်လွှဲပြောင်းခြင်း

 

သင့်စက်များတွင် Multi-screen Collaboration ထောက်ပံ့ပါက သင့်ဖုန်းကိုကွန်ပြူတာနှင့်နှိပ်လိုက်ပါက ဖွင့်နိုင်သည်။ သင်၏ဖုန်းမျက်နှာပြင်သည် ကွန်ပြူတာတွင် ဝင်းဒိုးအနေဖြင့်ဖော်ပြသောအခါ ၄င်းကိုဖွင့်ထားပါ။ ဝင်းဒိုးကိုပိတ်လိုက်ခြင်းသည် လွှဲပြောင်းမှုလုပ်ဆောင်ချက်ကိုရပ်တန့်လိမ့်မည်။

·         ဖုန်း မှ ကွန်ပျူတာ သို့

1.                       သင့်ဖုန်းကိုအသုံးပြုခြင်း -

§  ဖုန်း Gallery မှ ပုံတစ်ပုံ သို့မဟုတ် တစ်ပုံထပ်ပိုသော သို့မဟုတ် ဗွီဒီယိုများကိုရွေးချယ်ပြီး ကွန်ပြူတာသို့ရွှေ့ပြောင်းပါ။

§  သင့်ဖုန်းတွင် WPS နှင့်ဖွင့်ထားသော စာရွက်စာတမ်းများကိုသာ Huawei Share ကိုအသုံးပြုပြီး သင်၏ကွန်ပြူတာသို့ရွှေ့ပြောင်းနိုင်သည်။

2.     2. သင့်ဖုန်းနောက်ရှိ NFC ဧရိယာကို သင့်ကွန်ပြူတာရှိ Huawei Share  sensor ဖြင့် မြည်သံ သို့မဟုတ် တုန်ခါမှုဖြစ်ပေးသည်အထိ ထိပါ။ ဓာတ်ပုံများ သို့မဟုတ် ဗွီဒီယိုများကို သင့်ဖုန်းမှ ကွန်ပြူတာသို့ပြောင်းရွှေ့နိုင်သည်။

 

§  သင့်ဖုန်းရှိ ပုံ(စာသားဖြင့်) ကွန်ပြူတာသို့ရွှေ့ပြောင်းပြီးနောက် သင်၏ကွန်ပြူတာသည် preview window တစ်ခုပြလိမ့်မည်။ ပုံပေါ်ရှိစာသားကိုသတ်မှတ်ရန် နှိပ်ပါ။

§  သင့်ဖုန်းနှင့်ကွန်ပြူတာတွင် ပုံ သို့မဟုတ် စာရွက်စာတမ်းတစ်ခုကိုတစ်ချိန်ထဲတွင်ဖွင့်ပါက မူလလွှဲပြောင်းသည့်လမ်းကြောင်းသည် သင့်ဖုန်းမှ ကွန်ပြူတာသို့ဖြစ်သည်။

·        ကွန်ပျူတာ မှ ဖုန်းသို့

1.     သင်၏ကွန်ပြူတာကိုအသုံးပြုခြင်း

§  ပုံကို Right-click နှိပ်ပြီး ၄င်းကို Huawei Image viewer ဖြင့် ဖွင့်ပါ။

§  Document ကို Microsoft Office ဖြင့်ဖွင့်ပြီး စတင်ရွှေ့ပြောင်းပါ။

2.     ဖုန်း၏ home screen သို့ပြန်သွားပါ။

3.     သင့်ဖုန်းနောက်ရှိ NFC ဧရိယာကို သင့်ကွန်ပြူတာရှိ Huawei Share  sensor ဖြင့် မြည်သံ သို့မဟုတ် တုန်ခါမှုဖြစ်ပေးသည်အထိ ထိပါ။ ဓာတ်ပုံများ သို့မဟုတ် စာရွက်စာတမ်းများကို သင့်ဖုန်းမှ ကွန်ပြူတာသို့လျှင်မြန်စွာရွှေ့ပြောင်းနိုင်သည်။

(2) Screen ဖမ်းယူခြင်း

 

Huawei Share Screen သည် Intel processors ပါသော ကွန်ပြူတာများတွင်ရရှိနိုင်သည်။

1.       သင့်ဖုန်းကိုလှုပ်ပြီး ၅မိနစ်အတွင်း သင့်ဖုန်းနောက်ရှိ NFC ဧရိယာကို သင့်ကွန်ပြူတာရှိ Huawei Share  sensor ဖြင့် မြည်သံ သို့မဟုတ် တုန်ခါမှုဖြစ်ပေးသည်အထိ ထိပါ။ သင်၏ကွန်ပြူတာမျက်နှာပြင်ကိုတစ်ကြိမ်စီမံပြီး သင့်ဖုန်းသာ်လက်ရှိမျက်နှာပြင်ကိုစတင်မှတ်တမ်းတင်လိမ့်မည်။

2.       Stop recording ကိုနှိပ်ပါ။ မှတ်တမ်းတစ်ခုစီအတွက် သင့်ဖုန်းသည် ၆၀ စက္ကန့်အထိ မှတ်တမ်းတင်နိုင်သည်။ မှတ်တမ်းတင်ထားသောအကြောင်းအရာကို သင့်ဖုန်း၏ Gallery တွင်သိမ်းဆည်းလိမ့်မည်။

IV. အချက်အလက်များ Syncing လုပ်ခြင်း

သင့်ဖုန်းနှင့်ကွန်ပြူတာအကြားတွင် clipboard content ကိုမျှဝေနိုင်သည်၊ သင့်ဖုန်းမှကွန်ပြူတာသို့ လတ်တလောစာရွက်စာတမ်းများကိုလည်းပဲ sync လုပ်နိုင်သည်။

(1) ကလစ်ဘုတ် ကို ဝေမျှခြင်း

1.   သင့်ဖုန်းတွင် Settings မျက်နှာပြင်ကိုဖွင့်ပြီး သင်၏ Huawei ID ဖြင့် လော့အင်ပြုလုပ်ပါ။

2.   သင်ကွန်ပြူတာတွင် PC Manager ကိုဖွင့်ပြီး သင်၏ဖုန်းကဲ့သို့ တူညီသော Huawei ID ဖြင့်လော့အင်ပြုလုပ်ပါ။

 

သင်သည် PC Manager ၏အစောဆုံးဗားရှင်းကိုအသုံးပြုနေပါက PC Manager ကိုဖွင့်ပါ၊ My Phone > Enable သို့သွားပြီး သင့်ဖုန်း၏ဒေတာကိုဖတ်ရန် သင်၏ကွန်ပြူတာကိုခွင့်ပြုရန် မျက်နှာပြင်ပေါ်ရှိလမ်းညွှန်ချက်များကိုလိုက်နာပါ။ ၄င်းကိုဖွင့်ထားပြီးဖြစ်ကြောင်းပြပါက သင်၏ကွန်ပြူတာတွင် Multi-Device Collaboration ဖွင့်ပြီး clipboard content မျှဝေရန်အတွက် လိုအပ်သောခွင့်ပြုချက်များကိုပေးရန် မျက်နှာပြင်ပေါ်ရှိလမ်းညွှန်ချက်များကိုလိုက်နာပါ။

1.       သင့်ဖုန်းမှစာသားကိုကူးယူပြီး ၄င်းကိုကွန်ပြူတာတွင်ကူးထည့်ပါ သို့မဟုတ် အပြန်အလှန်ကူးထည့်ပါ။

2.       ကွန်ပြူတာမျက်နှာပြင်၏ ညာဘက်အောက်ထောင့်ရှိ PC Manager အိုင်ကွန်ကိုနှိပ်ပြီး လတ်တလော ကူးယူထားသည့်စာသားများကိုစစ်ဆေးရန် Clipboard ကိုရွေးချယ်ပါ။

(2) မကြာမှီ က အသုံးပြုသော ဖိုင်များ

1. သင်၏ဖုန်းတွင် Settings မျက်နှာပြင်ကိုဖွင့်ပြီး သင့်၏ Huawei ID ဖြင့် လော့အင်ပြုလုပ်ပါ။

2. သင်ကွန်ပြူတာတွင် PC Manager ကိုဖွင့်ပြီး သင်၏ဖုန်းကဲ့သို့ တူညီသော Huawei ID ဖြင့်လော့အင်ပြုလုပ်ပါ။

 

သင်သည် PC Manager ၏အစောဆုံးဗားရှင်းကိုအသုံးပြုနေပါက PC Manager ကိုဖွင့်ပါ၊ My Phone > Enable သို့သွားပြီး သင့်ဖုန်း၏ဒေတာကိုဖတ်ရန် သင်၏ကွန်ပြူတာကိုခွင့်ပြုရန် မျက်နှာပြင်ပေါ်ရှိလမ်းညွှန်ချက်များကိုလိုက်နာပါ။ ၄င်းကိုဖွင့်ထားပြီးဖြစ်ကြောင်းပြပါက သင်၏ကွန်ပြူတာတွင် Multi-Device Collaboration ဖွင့်ပြီး ကွန်ပြူတာသို့ ဖိုင်ကို sync လုပ်ရန်အတွက် လိုအပ်သောခွင့်ပြုုချက်များကိုပေးရန် မျက်နှာပြင်ပေါ်ရှိလမ်းညွှန်ချက်များကိုလိုက်နာပါ။

 

 

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်