ရုပ်ပုံများကို တည်းဖြတ်ရန်
ရုပ်ပုံများကို တည်းဖြတ်ရန် |
ပုံပြခန်းတွင် ရုပ်ပုံများအတွက် တည်းဖြတ်ခြင်း လုပ်ဆောင်ချက်များစွာ ပါရှိသည်။
အခြေခံ ပြင်ဆင်ခြင်း
ပုံပြခန်း ကို ဖွင့်၍ သင်ပြင်ဆင်လိုသော ဓာတ်ပုံကို နှိပ်ပြီးနောက်
ကို နှိပ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်နိုင်သည်-
ဖြတ်ခြင်းနှင့် လှည့်ခြင်း- ဖြတ်မည် ကို နှိပ်ပြီး ဖရိန်တစ်ခုကို ရွေးပါ၊ ပြီးနောက် သင် ဆက်ထားလိုသည့် အပိုင်းကို ရွေးရန် လေးထောင့်ကွက် သို့မဟုတ် ၎င်း၏ထောင့်များကို ဆွဲရွှေ့ပါ။ ဓာတ်ပုံကို ဖရိန်ထဲတွင် ဆွဲရွှေ့နိုင်သည် သို့မဟုတ် ဓာတ်ပုံ၏ ပြသထားသော အပိုင်းကို ချိန်ညှိရန် လက်နှစ်ချောင်း သုံး၍ ဇူးမ်ချဲ့ သို့မဟုတ် ဇူးမ်ချုံ့နိုင်သည်။
ဓာတ်ပုံကို လှည့်ရန် ဖြတ်မည် ကို နှိပ်ပြီး ထောင့်ဘီးလုံးကို လိုချင်သော အနေအထားသို့ ဆွဲရွှေ့ပါ။
ဓာတ်ပုံကို ထောင့်တစ်ခုအထိ လှည့်ရန် သို့မဟုတ် ဓာတ်ပုံကို မှန်ပုံရိပ်အတိုင်း လှန်ရန်
သို့မဟုတ်
ကို နှိပ်ပါ။
စစ်ထုတ်မှု အထူးပြုလုပ်ချက်တစ်ခုကို ပေါင်းထည့်ခြင်း- စစ်ထုတ်မှုကို ရွေးချယ်ရန် အထူးပြုလုပ်ချက် ကို နှိပ်ပါ။
ဓာတ်ပုံ အထူးပြုလုပ်ချက်များကို ချိန်ညှိခြင်း- တောက်ပမှု၊ အလင်းအမှောင်၊ အရောင်အသွေး စုံလင်မှုနှင့် အခြား ဓာတ်ပုံအရည်အသွေးများကို ချိန်ညှိရန် ချိန်ညှိချက် ကို နှိပ်ပါ။
အခြား- အရောင် ဖြည့်စွက် ဖျန်းခြင်း၊ မှုန်ဝါးခြင်း၊ စာရေးထည့်ခြင်း သို့မဟုတ် စာသားအက္ခရာ ပေါင်းထည့်ခြင်းကဲ့သို့သော အခြားနည်းလမ်းများဖြင့် ဓာတ်ပုံကို ပြင်ဆင်ရန် ပိုမိုသော ကို နှိပ်ပါ။
ချိန်ညှိချက် သို့မဟုတ် အထူးပြုလုပ်ချက် လုပ်ဆောင်ချက်ကို သုံးချိန်တွင် မပြင်ဆင်ခင်နှင့် ပြင်ဆင်ပြီး ဓာတ်ပုံကို နှိုင်းယှဉ်ရန် နှိုင်းယှဉ်မည် ကို နှိပ်နိုင်သည်။ အချို့ ပြင်ဆင် စနစ်များတွင် ထိုသို့ နှိုင်းယှဉ်ကြည့်၍ မရပါ။
ပြင်ဆင်ထားသည်များကို သိမ်းဆည်းရန်
သို့မဟုတ်
ကို နှိပ်ပါ။
ဓာတ်ပုံများတွင် စတစ်ကာများ ထည့်ခြင်း
ပုံပြခန်းထဲတွင် ဓာတ်ပုံတစ်ပုံကို နှိပ်ပြီးနောက်
သို့ သွားပါ။စတစ်ကာကို ရွေးချယ်ပြီး ၎င်းကို သင်ကြိုက်သည့်နေရာသို့ ဆွဲပါ။ စတစ်ကာ၏ ထောင့်ရှိ အစက်ကို ဖိ၍ နှိပ်ထားပြီးနောက် ဆွဲကာ စတစ်ကာကို ဆိုဒ်ပြင်ပါ။ စတစ်ကာကို ဖျက်ရန်
ကို နှိပ်ပါ။
စတစ်ကာ အမျိုးအစားတချို့ထဲရှိ စာသားကိုလည်း တည်းဖြတ်နိုင်ပါသည်။ စာသားအသစ် ရိုက်ထည့်ရန် မျဉ်းတိုများဖြင့် ဝိုင်းပတ်ထားလေ့ရှိသော တည်းဖြတ်နိုင်သည့် ဧရိယာကို နှိပ်ပါ။
သင့်တည်းဖြတ်ချက်များကို သိမ်းဆည်းရန်
ကို နှိပ်ပြီး သင့်ဓာတ်ပုံကို သိမ်းဆည်းရန်
ကို နှိပ်ပါ။
ပစ်ဇယ်တစ်ခုချင်းစီကွဲ၍ မှုန်ဝါးနေသော ဓာတ်ပုံများ
ပုံပြခန်းထဲတွင် ဓာတ်ပုံတစ်ပုံကို နှိပ်ပြီးနောက်
သို့ သွားပါ။ဓာတ်ပုံ အစိတ်အပိုင်းများကို ဖုံးအုပ်ရန် အဝါးကွက် ပုံစံနှင့် အရွယ်အစားကို ရွေးချယ်ပါ။
အဝါးကွက် ပုံကို ဖယ်ရှားရန် ခဲဖျက် ကို နှိပ်ပြီး ၎င်းကို ဓာတ်ပုံမှ ဖယ်ရှားပါ။
သင့်တည်းဖြတ်ချက်များကို သိမ်းဆည်းရန်
ကို နှိပ်ပြီး ဓာတ်ပုံကို သိမ်းဆည်းရန်
ကို နှိပ်ပါ။
ဓာတ်ပုံများကို နာမည်ပြန်ပေးခြင်း
ပုံပြခန်းတွင် သင် နာမည်ပြန်ပေးလိုသည့် ဓာတ်ပုံ ပုံကြမ်းကို နှိပ်ပါ။
သို့ သွားပြီး အမည်သစ် ရိုက်ထည့်ပါ။
အိုကေ ကို နှိပ်ပါ။
Collage
သင်သည် ပုံများစွာကို တစ်ပုံတည်းအဖြစ် အမြန်ပေါင်းစပ်၍ ပိုမိုလွယ်ကူစွာ မျှဝေနိုင်ရန်အတွက် ပုံပြခန်းရှိ Collage လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။
သင်သည် Collage လုပ်ဆောင်ချက်ကို အောက်ပါနည်းလမ်းများ (သင့်စက် အမျိုးအစားပေါ် မူတည်၍) ဖြင့် ဝင်ရောက် သုံးစွဲနိုင်ပါသည်-
လေ့လာရန် တက်(ဘ်)တွင် Collage ဖန်တီးရန် ကို နှိပ်ပါ၊ ပုံ အချို့ကို ရွေးချယ်ပြီးနောက် ဖန်တီးရန် ကို နှိပ်ပါ။
ပုံများ သို့မဟုတ် အယ်လ်ဘမ် တက်(ဘ်)တွင် ပုံ အချို့ကို ရွေးချယ်ရန် ဖိ၍ နှိပ်ထားပြီးနောက် သို့ သွားပါ။
နမူနာပုံစံတစ်ခု ရွေးချယ်ပါ။ ထို့နောက် သင်သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
ပုံကို နေရာပြောင်းခြင်း- ပုံကို ဖိ၍ နှိပ်ထားပြီး ၎င်းကို အခြား တည်နေရာသို့ ဆွဲရွှေ့ပါ။
ပုံ၏ ပြသထားသည့်အပိုင်းကို ချိန်ညှိခြင်း- သင် မြင်ချင်သည့် အပိုင်းကိုသာ အကွက်ထဲတွင် ပြသရန်အတွက် ပုံပေါ်တွင် ပွတ်ဆွဲပါ သို့မဟုတ် ၎င်းကို ချုံ့ချဲ့ပါ။
ပုံကို လှည့်ခြင်း- ပုံကို နှိပ်ပြီးနောက် ၎င်းကို လှည့်ရန်
သို့မဟုတ် ၎င်းကို လှန်ရန်
ကို နှိပ်ပါ။
ဘောင်များ ထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း- ပုံများကြားနှင့် အကွက် ဘေးအစွန်းများတစ်လျှောက်တွင် ဘောင်များကို ပုံသေ ပြသပါသည်။ ၎င်းတို့ကို ဖယ်ရှားရန် ဖရိန် ကို နှိပ်ပါ။
Collage ကို သိမ်းဆည်းရန်
ကို နှိပ်ပါ။
သိမ်းဆည်းထားသော Collage ကို ကြည့်ရန်
သို့ သွားပါ။