အနှောင့်အယှက် တားမြစ်ရေး စနစ်ကို သတ်မှတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad(10.4-inch 2022 lte 4+128、10.4 wifi 4gb+128gb、10.4-inch 2022 lte 4+64、10.4-inch 2022 wi-fi 4+128)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အနှောင့်အယှက် တားမြစ်ရေး စနစ်ကို သတ်မှတ်ခြင်း

သင် အာရုံစိုက်ရန် လိုအပ်သောအခါ အနှောင့်အယှက် တားမြစ်ရေး က အနှောင့်အယှက်များကို ကူညီကာကွယ်ပေးသည်။ ဤစနစ်ကို ဖွင့်ထားသောအခါ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကို အသံပိတ်ထားမည် ဖြစ်ပြီး ခေါင်းစီးစာတန်းဖြင့် အသိပေးချက်များကို ပြသမည် မဟုတ်ပါ။

အနှောင့်အယှက် တားမြစ်ရေးကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

အနှောင့်အယှက် တားမြစ်ရေးကို အောက်ပါ နည်းလမ်းများကို သုံးပြီး ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်သည်-

  • ကွန်ထရိုးလ် ပန်နယ် ကို ပြသရန် မျက်နှာပြင်၏ အပေါ် ညာဘက်အစွန်းမှ အောက်သို့ ပွတ်ဆွဲပါ၊ ရှော့(တ်)ကတ် ဖွင့်/ပိတ် ခလုတ်များ မျက်နှာပြင် (သင့်စက် အမျိုးအစားပေါ် မူတည်၍) ကို ဖြန့်ကားရန် ကို နှိပ်ပါ။ အနှောင့်အယှက် တားမြစ်ရေး ကို ဖွင့် သို့မဟုတ် ပိတ်ပါ။ ဆက်တင် မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲရန် အနှောင့်အယှက် တားမြစ်ရေး ကို ဖိ၍ နှိပ်ထားနိုင်သည်။
  • ဆက်တင် > အသံနှင့် တုန်ခါမှု > အနှောင့်အယှက် တားမြစ်ရေး သို့ သွားပြီး အနှောင့်အယှက် တားမြစ်ရေး ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

အနှောင့်အယှက် တားမြစ်ရေးကို ဖွင့်ထားသည့်အခါ အခြေအနေပြဘားတွင် လသဏ္ဍာန် အိုင်ကွန်လေး () ပေါ်လာပါလိမ့်မည်။ အသိပေးချက်များကို စစ်ဆေးရန်အတွက် အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲပါ သို့မဟုတ် လော့ခ်မျက်နှာပြင်သို့ သွားပါ။ အသိပေးချက်ပေါ်တွင် ဘယ် သို့ ပွတ်ဆွဲပြီး အသိပေးချက်ကို ရွှေ့ဆိုင်းရန် ကို နှိပ်ပါ။

အဝင်ခေါ်ဆိုမှုများ၊ အသိပေးချက်များနှင့် မက်ဆေ့ချ်များ လက်ခံရရှိချိန်တွင် သင့်စက်ကို အသံပိတ်ထားမည်ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်ကို အလိုအလျောက် ပြသမည် မဟုတ်ပါ သို့မဟုတ် ခေါင်းစီးစာတန်းဖြင့် အသိပေးချက်များကို ပြသမည် မဟုတ်ပါ။

ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

အနှောင့်အယှက် တားမြစ်ရေးအတွက် အချိန်ဇယား သတ်မှတ်ခြင်း

  1. ဆက်တင် > အသံနှင့် တုန်ခါမှု > အနှောင့်အယှက် တားမြစ်ရေး သို့ သွားပြီး အနှောင့်အယှက် တားမြစ်ရေး ကို ပိတ်ပါ။

  2. စီစဉ်ထားချိန် စာရင်းတွင် အနှောင့်အယှက် တားမြစ်ရေးကို သင် ဖွင့်ထားလိုသည့်အချိန်၏ဘေးရှိ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။ ထို့နောက် သင့်စက်သည် သတ်မှတ်အချိန်တွင် အနှောင့်အယှက် တားမြစ်ရေး စနစ်သို့ ဝင်ရောက်ပါမည်။

  3. အချိန်အပိုင်းအခြားပြောင်းခြင်းနှင့် ထပ်ဖွင့်ရန် ကြိမ်နှုန်း ချိန်ညှိခြင်းကဲ့သို့ သတ်မှတ်ချက်များကို စိတ်ကြိုက်သတ်မှတ်ရန် အချိန်အပိုင်းကို နှိပ်နိုင်သည်။

  4. အချိန်ကာလအသစ် ပေါင်းထည့်ရန် ပေါင်းထည့်ရန် ကို နှိပ်ပါ။

အနှောင့်အယှက် တားမြစ်ရေး စနစ်တွင် ခြွင်းချက်များ သတ်မှတ်ခြင်း

အနှောင့်အယှက် တားမြစ်ရေး စနစ်တွင် ရှိစဉ် အရေးကြီးသည့် အကြောင်းအရာများကို လွတ်မသွားစေရန် ရင်းမြစ်အချို့မှ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များအတွက် အသံမြည်ရန် သင့်ဖုန်းကို ဖွင့်ထားနိုင်ပါသည်။

ဆက်တင် > အသံနှင့် တုန်ခါမှု > အနှောင့်အယှက် တားမြစ်ရေး သို့ သွားပြီး အနှောင့်အယှက် တားမြစ်ရေး သို့မဟုတ် စီစဉ်ထားချိန် ကို ဖွင့်ပါ။ ထို့နောက် သင်သည်-

  • ခေါ်ဆိုမှုများ သို့မဟုတ် မက်ဆေ့ခ်ျများ ကို နှိပ်ပြီးနောက် ရွေးချယ်စရာ တစ်ခုကို ရွေးချယ်ပါ။ ခြွင်းချက်တစ်ခု သင် သတ်မှတ်ထားလျှင် သင့်စက်သည် ရွေးချယ်ထားသည့် ရင်းမြစ်ထံမှ ဖုန်းခေါ်မှုများ သို့မဟုတ် မက်ဆေချ်များအတွက် အသံမြည်ပါမည်။
  • ထပ်ခါထပ်ခါ ခေါ်ဆိုမှုများ ကို ဖွင့်လိုက်သည်နှင့် 15 စက္ကန့်အတွင်း တူညီသော နံပါတ်ထံမှ ဒုတိယအကြိမ် ဖုန်းခေါ်ဆိုမှုကို အသံပိတ်ထားပေးမည် မဟုတ်ပါ။
ဖုန်းခေါ် ဝန်ဆောင်မှုများကို Wi-Fi သီးသန့် တက်ဘလက်များတွင် အသုံးမပြုနိုင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်